/
news/က်န္းမာေရး-ဆိုင္ရာဗဟုသုတမ်ား/စိတ္ဖိစီးမႈေၾကာင့္ေခါင္းကိုက္တာကုိ-ဘယ္လိုေရွာင္ရွားၾကမလဲ

စိတ္ဖိစီးမႈေၾကာင့္ေခါင္းကိုက္တာကုိ ဘယ္လိုေရွာင္ရွားၾကမလဲ?

Category
က်န္းမာေရး ဆိုင္ရာဗဟုသုတမ်ား

စိတ္​ပူပန္​လြန္​ျခင္​းရဲ႕ လကၡဏာရပ္​​ေတြကိုု လူေတာ္ေတ္ာမ်ားမ်ား ခံစားဖူးၾကပါတယ္​။ ဗိုက္​က​ေလး​ေအာင္​့​ေတာင္​့​​ေအာင္​့​ေတာင္​့ျဖစ္​တာ၊ ႂကြက္​သား​ေတြနည္​းနည္​းပါးပါးတက္​တာ၊ ​ေခြၽး​ေစးျပန္​တာ​ေလာက္​ကို ခံနိုင္​​ေလ့ရွိ​ေပမယ္​့ သိပ္​​ေတာ့အဆင္ေျပတဲ့အ​ေတြ႕အႀကံဳမ်ိဳး​ေတာ့ မဟုတ္​ဘူး​ေနာ္​။

တစ္​ခ်ိဳ႕လကၡဏာ​ေတြက​ေတာ့ ခံစားရခက္​တတ္​တယ္​။ ဒီထဲမွာ ပူပန္​မႈ​ေၾကာင္​့​ေခါင္​းကိုက္​တာက ထိပ္​ဆံုးက​​ေပါ့။ အင္​မတန္​အျဖစ္​မ်ားၿပီး အင္​မတန္​ခံရခက္​တတ္​တယ္​ေလ။

 

>> ဘယ္​လိုသိနိုင္မလဲဆိုရင္​…

လူအမ်ားစုမွာ တစ္​စစ္​စစ္​ကိုက္​​ေနတာမ်ိဳးနဲ႔ လာတတ္​တယ္​။ ထိုးထိုးကိုက္​​ေနတာမ်ိဳးမဟုတ္​ဘဲ အံုခဲက်ပ္​​ေနတာမ်ိဳးပါ။ ျဖည္​းျဖည္​းခ်င္​းစီစတတ္​ၿပီး အခ်ိန္​ၾကာလာတာနဲ႔အမ်ွ ပိုပိုဆိုးလာတတ္​တယ္​။ ​ေခါင္​းႏွစ္​ျခမ္​းလံုး၊ နဖူး၊ ​ေနာက္​​ေစ့နဲ႔ နားထင္​​ေတြမွာ​ကိုက္​တတ္​တယ္​။

Biogesic Adult 1 (Promotion Only)

>> ဘာ​ေတြ​ေၾကာင္​့ျဖစ္​တတ္​သလဲ?

လည္​ပင္​းနဲ႔​ေခါင္​းမွာရွိတဲ့ ႂကြက္​သားညႇစ္​အား​ေတြ မ်ားလာတာ​ေၾကာင္​့ ျဖစ္​နိုင္​တယ္​။ ဒီလို ညႇစ္​အားမ်ားတာဟာ လႈပ္​ရွားမႈ​ေတြ၊ ဖိစီးမႈမ်ား​ေစတဲ့အ​ေျခအ​ေန​ေတြနဲ႔ အစားအ​ေသာက္​​ေတြ​ေၾကာင္​့ ျဖစ္​နိုင္​ပါတယ္​။ တစ္​ခ်ိဳ႕​ေတြမွာ ကားအၾကာႀကီး​ေမာင္​းရတာ၊ ကြန္​ျပဴတာမ်က္​ႏွာျပင္​ကို အၾကာႀကီးထိုင္​ၾကည္​့​ေနရတာ​ေတြက ​ေခါင္​းကိုက္​​ေစနိုင္​တဲ့ အ​ေၾကာင္​းရင္​း​ေတြျဖစ္​​ေနနိုင္​သလို တစ္​ခ်ိဳ႕​ေတြက်​ေတာ့ အရမး​္​ေအးတာ​ေၾကာင္​့ ျဖစ္​နိုင္​ပါတယ္​။

 

တစ္​ျခားဖိစီးမႈမ်ား​ေစတဲ့​ေခါင္​းကိုက္​ျခင္​း​ေတြက​ေတာ့

• အရက္​

• ေနထိုင္မေကာင္းျခင္း

• စိတ္​ခံစားမႈျပင္​းထန္​ျခင္​း

• ကဖိန္​းဓာတ္​မ်ားေနျခင္း

• အ​ေအးမိ၊ တုပ္​​ေကြးျဖစ္ျခင္း

• ​ေဆးလိပ္​ေသာက္ျခင္း

• ထိပ္​ကပ္​နာပိုးဝင္​ျခင္​း

• မ်က္​လံုးအားစိုက္​ရျခင္​း​ေတြ​ေၾကာင္​့ ျဖစ္​တတ္​တယ္​။

 

ဖိစီးမႈ​ေၾကာင္​့​ေခါင္​းကိုက္​တာကို သက္​သာ​ေစဖို႔…

​၁။ ေခါင္​းကိုက္​ျခင္​းအတြက္​သံုး​ေလ့ရွိတဲ့ နည္​းလမ္​း​ေတြကပဲ စိတ္ဖိစီးမႈ​ေၾကာင္​့​ေခါင္​းကိုက္​တာကို အျမန္​ဆံုး သက္​သ​ာ​ေစနိုင္​တယ္​။ ​

၂။ ေရဓာတ္​ခမ္​း​ေျခာက္​ရင္​လည္​း ​ေခါင္​းကိုက္​တတ္​တဲ့အတြက္​ ​ေရ​ေသာက္​ျခင္​းကလည္​း ​ေခါင္​းကိုက္​တာကို သက္​သာ​ေစနိုင္​တယ္​။

၃။ စိတ္​ဖိစိးမႈမ်ားျခင္​း၊ ဖုန္​းမ်က္​ႏွာျပင္​​ေတြကို အၾကာႀကီးစိုက္​ၾကည္​့ျခင္​း၊ အလင္​း​ေမွာင္​ျခင္​း​ေတြကလည္​း ဖိစိးမႈ​ေၾကာင္​့​ေခါင္​းကိုက္​​ေစတတ္​တယ္​။ ဒါ​ေၾကာင္​့ အလင္​းမွိန္​​လိုက္​ၿပီး မ်က္​လံုးကိုခဏအနား​ေပးတာက ဖိစီးမႈ​ေၾကာင္​့​ေခါင္​းကိုက္​တာကို သက္​သာ​ေစနိုင္​မွာပါ။

Bio Adult 2

စိတ္​ဖိစီးမႈ​ေၾကာင္​့ျဖစ္​တဲ့ တစ္​ျခားလကၡဏာ​ေတြထက္​စာရင္​ ဖိစီးမႈ​ေၾကာင္​့​ေခါင္​းကိုက္​တာကို ခ်က္​ခ်င္​းသက္​သ​ာ​ေစဖို႔က သိပ္​​ေတာ့မလြယ္​ကူဘူး။ အနားယူအပန္​းေျဖၿပီး စိတ္​ဖိစီးမႈ​ေတြကို ​ေလ်ာ့ခ်ရင္​​ေတာင္​မွ ​ခ်က္ခ်င္းေပ်ာက္​ခ်င္​မွ​ေပ်ာက္​တာ။ ဒီနည္​းလမ္​း​ေလး​ေတြကို ႀကိဳးစားၾကည့္​ပါ။

 

• မိနစ္​အနည္​းငယ္​မ်ွ မ်က္​လံုးမွိတ္​ၿပီး နားထင္​​ေလးကို ပြတ္​​ေပးပါ။ ဖိအားကို အနည္​းနဲ႔အမ်ား သက္​သာ​ေစတယ္​။

• ​ေ​ရ​ေႏြး​ေႏြး​ေလးခ်ိဳး​ေပးတာကလည္​း ​ေကာင္​းတယ္​။ ​ေရ​ေႏြး​ေလးက ႂကြက္​သား​ေတြကို ​ေျပ​ေလ်ာ့​ေစလို႔ ​ေခါင္​းကိုက္​တာကို သက္​သာ​ေစလိမ္​့မယ္​။

• အနင္​းအႏွိပ္​ခံပါ။ ႏွိပ္​လိုက္​တဲ့အခါ ႂကြက္​သား​ေတြ​ေျပ​ေလ်ာ့သြားလို႔ ​ေပါ့ပါးသြားလိမ္​့မယ္​။

 

တစ္​ျခားနည္​းလမ္​း​ေတြအ​ေနနဲ႔

• ေယာဂေလ့က်င့္ၾကည့္ပါ။

• စိတ္​ဖိစီးမႈနဲ႔ နာတာက်င္​တာကိုသက္​သာ​ေစမယ္​့ အပန္​း​ေျဖနည္​းလမ္​းကိုသံုးပါ။

• ဘာ​ေၾကာင္​့စိတ္​ဖိစီး​ေနရတယ္​ဆိုတာကို ရွာ​ေဖြဖို႔ ​အရင္းႏွီးဆံုုးသူ (သိုု႔) ဆရာ၀န္နဲ႔ ေဆြး​ေႏြးတိုင္​ပင္​ပါ။

 

ဒီနည္​လမ္းေတြဟာ လံုးဝ​ေပ်ာက္​​သြားမယ္​လို႔ အာမ မခံႏိုုင္ေပမယ္​့ အနည္​းနဲ႔အမ်ား​ေတာ့ သက္​သာ​ေစႏုိင္​တယ္​။

 

>> ဒီလို​ေခါင္​းမကိုက္​​ေအာင္​ကာကြယ္​ဖို႔ …

 

​ေခါင္​းကိုက္​​ေစတဲ့အခ်က္​​ေတြကို သိထားျခင္​းက ​ေနာက္​ပိုင္​းစိတ္​ဖိစီးတာ၊ ​ေခါင္​းကိုက္​တာ​ေတြမျဖစ္​​ေအာင္​ ကာကြယ္​​ေပးနိုင္​မွာပါ။

 

ဒီလိုသိနိုင္​ဖို႔ ​ေန႔တိုင္​း​ေခါင္​းကိုက္​ဒိုင္​ယာရီ​ေရးထားပါ။ စိတ္​ဖိစီးမႈကိုျဖစ္​​ေစနိုင္​တဲ့အ​ေျခအ​ေန​ေတြျဖစ္​တဲ့ အစားအ​ေသာက္​က​စလို႔ ကိုယ္​လုပ္​တဲ့အလုပ္​မွန္​သမ်ွတိ့ုကို ခ်​ေရးမွတ္​ပါ။ လပိုင္​း​ေလာက္​မွာတင္​ ဘာ​ေၾကာင္​့ ကိုက္တတ္​​တယ္​ဆိုတာကို ရွာ​ေတြ႕လာမွာပါ။ ဥပမာအားျဖင္​့ တကယ္​လို႔ တစ္​ခုခုစားလို႔ ​ေခါင္​းကိုက္​တာကို ​ေတြ႕လာရရင္​ ဒီအစားအစာကို ​ေရွာင္​လို႔ရတာ​ေပါ့။

 

စိတ္​ဖိစီးမႈကို​ေရွာင္​ရွားဖို႔လည္​းလိုတယ္​။ နီကိုတင္​း၊ ကဖိန္​း၊ အရက္​​ေတြကလည္​း စိတ္​ပူပန္​မႈကို ပိုဆုိး​ေစနိုင္​လာလိမ္​့မယ္​။ ဒါ​ေၾကာင္​့ ​ေကာ္​ဖီ​ေတြ၊ အရက္​​ေတြ၊ ​ေဆးလိပ္​​ေတြကို ​ေရွာင္​ဖို႔လိုတယ္​။ ေလ့က်င္​့ခန္​းမွန္​မွန္​လုပ္​တာကလည္​း ​ေခါင္​းကိုက္​တာကို သက္​သာ​ေစနိုင္​မွာပါ။

Dr. Mya Phoo Ngon (www.drmyanmar.com)

(Unicode)

စိတ်ပူပန်လွန်ခြင်းရဲ့ လက္ခဏာရပ်တွေကို လူတော်တေ်ာများများ ခံစားဖူးကြပါတယ်။ ဗိုက်ကလေးအောင့်တောင့်အောင့်တောင့်ဖြစ်တာ၊ ကြွက်သားတွေနည်းနည်းပါးပါးတက်တာ၊ ချွေးစေးပြန်တာလောက်ကို ခံနိုင်လေ့ရှိပေမယ့် သိပ်တော့အဆင်ပြေတဲ့အတွေ့အကြုံမျိုးတော့ မဟုတ်ဘူးနော်။

တစ်ချို့လက္ခဏာတွေကတော့ ခံစားရခက်တတ်တယ်။ ဒီထဲမှာ ပူပန်မှုကြောင့်ခေါင်းကိုက်တာက ထိပ်ဆုံးကပေါ့။ အင်မတန်အဖြစ်များပြီး အင်မတန်ခံရခက်တတ်တယ်လေ။

 

>> ဘယ်လိုသိနိုင်မလဲဆိုရင်…

လူအများစုမှာ တစ်စစ်စစ်ကိုက်နေတာမျိုးနဲ့ လာတတ်တယ်။ ထိုးထိုးကိုက်နေတာမျိုးမဟုတ်ဘဲ အုံခဲကျပ်နေတာမျိုးပါ။ ဖြည်းဖြည်းချင်းစီစတတ်ပြီး အချိန်ကြာလာတာနဲ့အမျှ ပိုပိုဆိုးလာတတ်တယ်။ ခေါင်းနှစ်ခြမ်းလုံး၊ နဖူး၊ နောက်စေ့နဲ့ နားထင်တွေမှာကိုက်တတ်တယ်။

 

>> ဘာတွေကြောင့်ဖြစ်တတ်သလဲ?

လည်ပင်းနဲ့ခေါင်းမှာရှိတဲ့ ကြွက်သားညှစ်အားတွေ များလာတာကြောင့် ဖြစ်နိုင်တယ်။ ဒီလို ညှစ်အားများတာဟာ လှုပ်ရှားမှုတွေ၊ ဖိစီးမှုများစေတဲ့အခြေအနေတွေနဲ့ အစားအသောက်တွေကြောင့် ဖြစ်နိုင်ပါတယ်။ တစ်ချို့တွေမှာ ကားအကြာကြီးမောင်းရတာ၊ ကွန်ပြူတာမျက်နှာပြင်ကို အကြာကြီးထိုင်ကြည့်နေရတာတွေက ခေါင်းကိုက်စေနိုင်တဲ့ အကြောင်းရင်းတွေဖြစ်နေနိုင်သလို တစ်ချို့တွေကျတော့ အရမ်းအေးတာကြောင့် ဖြစ်နိုင်ပါတယ်။

 

တစ်ခြားဖိစီးမှုများစေတဲ့ခေါင်းကိုက်ခြင်းတွေကတော့

• အရက်

• နေထိုင်မကောင်းခြင်း

• စိတ်ခံစားမှုပြင်းထန်ခြင်း

• ကဖိန်းဓာတ်များနေခြင်း

• အအေးမိ၊ တုပ်ကွေးဖြစ်ခြင်း

• ဆေးလိပ်သောက်ခြင်း

• ထိပ်ကပ်နာပိုးဝင်ခြင်း

• မျက်လုံးအားစိုက်ရခြင်းတွေကြောင့် ဖြစ်တတ်တယ်။

 

ဖိစီးမှုကြောင့်ခေါင်းကိုက်တာကို သက်သာစေဖို့…

၁။ ခေါင်းကိုက်ခြင်းအတွက်သုံးလေ့ရှိတဲ့ နည်းလမ်းတွေကပဲ စိတ်ဖိစီးမှုကြောင့်ခေါင်းကိုက်တာကို အမြန်ဆုံး သက်သာစေနိုင်တယ်။

၂။ ရေဓာတ်ခမ်းခြောက်ရင်လည်း ခေါင်းကိုက်တတ်တဲ့အတွက် ရေသောက်ခြင်းကလည်း ခေါင်းကိုက်တာကို သက်သာစေနိုင်တယ်။

၃။ စိတ်ဖိစိးမှုများခြင်း၊ ဖုန်းမျက်နှာပြင်တွေကို အကြာကြီးစိုက်ကြည့်ခြင်း၊ အလင်းမှောင်ခြင်းတွေကလည်း ဖိစိးမှုကြောင့်ခေါင်းကိုက်စေတတ်တယ်။ ဒါကြောင့် အလင်းမှိန်လိုက်ပြီး မျက်လုံးကိုခဏအနားပေးတာက ဖိစီးမှုကြောင့်ခေါင်းကိုက်တာကို သက်သာစေနိုင်မှာပါ။

 

စိတ်ဖိစီးမှုကြောင့်ဖြစ်တဲ့ တစ်ခြားလက္ခဏာတွေထက်စာရင် ဖိစီးမှုကြောင့်ခေါင်းကိုက်တာကို ချက်ချင်းသက်သာစေဖို့က သိပ်တော့မလွယ်ကူဘူး။ အနားယူအပန်းဖြေပြီး စိတ်ဖိစီးမှုတွေကို လျော့ချရင်တောင်မှ ချက်ချင်းပျောက်ချင်မှပျောက်တာ။ ဒီနည်းလမ်းလေးတွေကို ကြိုးစားကြည့်ပါ။

 

• မိနစ်အနည်းငယ်မျှ မျက်လုံးမှိတ်ပြီး နားထင်လေးကို ပွတ်ပေးပါ။ ဖိအားကို အနည်းနဲ့အများ သက်သာစေတယ်။

• ရေနွေးနွေးလေးချိုးပေးတာကလည်း ကောင်းတယ်။ ရေနွေးလေးက ကြွက်သားတွေကို ပြေလျော့စေလို့ ခေါင်းကိုက်တာကို သက်သာစေလိမ့်မယ်။

• အနင်းအနှိပ်ခံပါ။ နှိပ်လိုက်တဲ့အခါ ကြွက်သားတွေပြေလျော့သွားလို့ ပေါ့ပါးသွားလိမ့်မယ်။

 

တစ်ခြားနည်းလမ်းတွေအနေနဲ့

• ယောဂလေ့ကျင့်ကြည့်ပါ။

• စိတ်ဖိစီးမှုနဲ့ နာတာကျင်တာကိုသက်သာစေမယ့် အပန်းဖြေနည်းလမ်းကိုသုံးပါ။

• ဘာကြောင့်စိတ်ဖိစီးနေရတယ်ဆိုတာကို ရှာဖွေဖို့ အရင်းနှီးဆုံးသူ (သို့) ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်ပါ။

 

ဒီနည်လမ်းတွေဟာ လုံးဝပျောက်သွားမယ်လို့ အာမ မခံနိုင်ပေမယ့် အနည်းနဲ့အများတော့ သက်သာစေနိုင်တယ်။

 

>> ဒီလိုခေါင်းမကိုက်အောင်ကာကွယ်ဖို့ …

 

ခေါင်းကိုက်စေတဲ့အချက်တွေကို သိထားခြင်းက နောက်ပိုင်းစိတ်ဖိစီးတာ၊ ခေါင်းကိုက်တာတွေမဖြစ်အောင် ကာကွယ်ပေးနိုင်မှာပါ။

 

ဒီလိုသိနိုင်ဖို့ နေ့တိုင်းခေါင်းကိုက်ဒိုင်ယာရီရေးထားပါ။ စိတ်ဖိစီးမှုကိုဖြစ်စေနိုင်တဲ့အခြေအနေတွေဖြစ်တဲ့ အစားအသောက်ကစလို့ ကိုယ်လုပ်တဲ့အလုပ်မှန်သမျှတိ့ုကို ချရေးမှတ်ပါ။ လပိုင်းလောက်မှာတင် ဘာကြောင့် ကိုက်တတ်တယ်ဆိုတာကို ရှာတွေ့လာမှာပါ။ ဥပမာအားဖြင့် တကယ်လို့ တစ်ခုခုစားလို့ ခေါင်းကိုက်တာကို တွေ့လာရရင် ဒီအစားအစာကို ရှောင်လို့ရတာပေါ့။

 

စိတ်ဖိစီးမှုကိုရှောင်ရှားဖို့လည်းလိုတယ်။ နီကိုတင်း၊ ကဖိန်း၊ အရက်တွေကလည်း စိတ်ပူပန်မှုကို ပိုဆိုးစေနိုင်လာလိမ့်မယ်။ ဒါကြောင့် ကော်ဖီတွေ၊ အရက်တွေ၊ ဆေးလိပ်တွေကို ရှောင်ဖို့လိုတယ်။ လေ့ကျင့်ခန်းမှန်မှန်လုပ်တာကလည်း ခေါင်းကိုက်တာကို သက်သာစေနိုင်မှာပါ။

Dr. Mya Phoo Ngon (www.drmyanmar.com)