/
news/က်န္းမာေရး-ဆိုင္ရာဗဟုသုတမ်ား/ဆယ္ေက်ာ္သက္အရြယ္မွာ-ျပင္းျပင္းထန္ထန္-ေခါင္းကိုက္ရင္-သတိထားၾကဖို႔

ဆယ္ေက်ာ္သက္အရြယ္မွာ ျပင္းျပင္းထန္ထန္ ေခါင္းကိုက္ရင္ သတိထားၾကဖို႔ ...

Category
က်န္းမာေရး ဆိုင္ရာဗဟုသုတမ်ား

          အသက္ငယ္လို႔ ေလမျဖတ္ဘူး၊ ဦးေႏွာက္ေသြးေၾကာ မေပါက္ႏိုင္ဘူးလို႔ ဘယ္သူေျပာလဲ၊ ဆယ္ေက်ာ္သက္အရြယ္ မိန္းကေလးတစ္ဦးဟာ ေခါင္းအႀကီးအက်ယ္ကိုက္တဲ့ ေဝဒနာကို မၾကာခဏ ခံစားေနရပါတယ္။ သူမဟာ ေခါင္းကိုက္ေရာဂါ မခံမရပ္ႏိုင္ေအာင္ ဆိုးလာတဲ့တစ္ေန႔ ေဆး႐ံုကို ျပသ ကုသခဲ့ပါတယ္။

          သူမကို ေဆး႐ံု ခ်က္ခ်င္းတင္လိုက္ၿပီး ဆက္လက္ျပသကုသခဲ့တဲ့အခါ ဦးေႏွာက္ထဲမွာ ေသြးေၾကာတစ္ခု ေဖာင္းေနၿပီး ေသြးယိုေနတာကို စစ္ေဆးေတြ႕႐ွိခဲ့ရတာပါ။

          အလြန္စိတ္ပူေနတဲ့ မိဘေတြဟာ သတိမရတစ္ခ်က္ ရတစ္ခ်က္နဲ႔ မိန္းကေလး ဒီေတာင္ကို ေက်ာ္ပါ့မလားလို႔ေတာင္ ေတြးထင္ခဲ့ၾကပါတယ္။

          သိပ္ေတာ္တဲ့ ဦးေႏွာက္နဲ႔ အာ႐ံုေၾကာ ခြဲစိတ္ဆရာဝန္အဖြဲ႕ဟာ သူမရဲ႕ဦးေႏွာက္ထဲက ေသြးယိုစီးမႈကို ေအာင္ျမင္စြာ ထိန္းခ်ဳပ္ ကုသႏိုင္ခဲ့လိုက္ပါတယ္။

Biogesic Adult 1 (Promotion Only)

          ေနာက္ၿပီး ေသြးေၾကာေဖာင္းေနတဲ့ဘက္က ေသြးေတြကို ႁပြန္တစ္ေခ်ာင္းနဲ႔ လမ္းလႊဲလိုက္ၿပီး အတြင္းက ဖိအားကို ေလွ်ာ့ခ်ကာ ေသြးေၾကာတြင္းေရာဂါနဲ႔ ေရာင္ရမ္းမႈကို က်ဆင္းေစခဲ့ပါတယ္။

          ျဖစ္သမွ်ထဲမွာေတာ့ သူမက ကံအေကာင္းဆံုးပါပဲ။ အသက္႐ွင္ႏိုင္စြမ္း သိပ္နည္းတယ္လို႔ ေျပာၾကေပမယ့္ ခုေတာ့ သူမ အသက္႐ွင္သန္ခဲ့ပါၿပီ။

          ဆယ္ေက်ာ္သက္အရြယ္ ေခါင္း မၾကာခဏ ကိုက္တဲ့အခါ ေခါင္းကိုက္ေရာဂါ ႐ုတ္တရက္ မခံမရပ္ႏိုင္ေအာင္ ဆိုးတဲ့အခါ မိဘမ်ိဳး႐ိုးထဲမွာ ေခါင္းကိုက္ေရာဂါနဲ႔ ေလျဖတ္ေရာဂါေတြ ႐ွိဖူးတဲ့အခါ မေပါ့ဆၾကဖို႔ သတိေပးလိုက္ပါတယ္ေနာ္။

ဂ်ီပီငွက္ (ေဆး/မန္း) (www.drmyanmar.com)

Bio Adult 2

(Unicode)

    အသက်ငယ်လို့ လေမဖြတ်ဘူး၊ ဦးနှောက်သွေးကြော မပေါက်နိုင်ဘူးလို့ ဘယ်သူပြောလဲ၊ ဆယ်ကျော်သက်အရွယ် မိန်းကလေးတစ်ဦးဟာ ခေါင်းအကြီးအကျယ်ကိုက်တဲ့ ဝေဒနာကို မကြာခဏ ခံစားနေရပါတယ်။ သူမဟာ ခေါင်းကိုက်ရောဂါ မခံမရပ်နိုင်အောင် ဆိုးလာတဲ့တစ်နေ့ ဆေးရုံကို ပြသ ကုသခဲ့ပါတယ်။
    သူမကို ဆေးရုံ ချက်ချင်းတင်လိုက်ပြီး ဆက်လက်ပြသကုသခဲ့တဲ့အခါ ဦးနှောက်ထဲမှာ သွေးကြောတစ်ခု ဖောင်းနေပြီး သွေးယိုနေတာကို စစ်ဆေးတွေ့ရှိခဲ့ရတာပါ။
    အလွန်စိတ်ပူနေတဲ့ မိဘတွေဟာ သတိမရတစ်ချက် ရတစ်ချက်နဲ့ မိန်းကလေး ဒီတောင်ကို ကျော်ပါ့မလားလို့တောင် တွေးထင်ခဲ့ကြပါတယ်။
    သိပ်တော်တဲ့ ဦးနှောက်နဲ့ အာရုံကြော ခွဲစိတ်ဆရာဝန်အဖွဲ့ဟာ သူမရဲ့ဦးနှောက်ထဲက သွေးယိုစီးမှုကို အောင်မြင်စွာ ထိန်းချုပ် ကုသနိုင်ခဲ့လိုက်ပါတယ်။
    နောက်ပြီး သွေးကြောဖောင်းနေတဲ့ဘက်က သွေးတွေကို ပြွန်တစ်ချောင်းနဲ့ လမ်းလွှဲလိုက်ပြီး အတွင်းက ဖိအားကို လျှော့ချကာ သွေးကြောတွင်းရောဂါနဲ့ ရောင်ရမ်းမှုကို ကျဆင်းစေခဲ့ပါတယ်။
    ဖြစ်သမျှထဲမှာတော့ သူမက ကံအကောင်းဆုံးပါပဲ။ အသက်ရှင်နိုင်စွမ်း သိပ်နည်းတယ်လို့ ပြောကြပေမယ့် ခုတော့ သူမ အသက်ရှင်သန်ခဲ့ပါပြီ။
    ဆယ်ကျော်သက်အရွယ် ခေါင်း မကြာခဏ ကိုက်တဲ့အခါ ခေါင်းကိုက်ရောဂါ ရုတ်တရက် မခံမရပ်နိုင်အောင် ဆိုးတဲ့အခါ မိဘမျိုးရိုးထဲမှာ ခေါင်းကိုက်ရောဂါနဲ့ လေဖြတ်ရောဂါတွေ ရှိဖူးတဲ့အခါ မပေါ့ဆကြဖို့ သတိပေးလိုက်ပါတယ်နော်။

ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)