/
news/က်န္းမာေရး-ဆိုင္ရာဗဟုသုတမ်ား/ဆီးခ်ိဳသမားမ်ားနဲ႔အစာလြန္ျခင္း

ဆီးခ်ိဳသမားမ်ားနဲ႔အစာလြန္ျခင္း

Category
က်န္းမာေရး ဆိုင္ရာဗဟုသုတမ်ား

မနက္​မွာ နာရီနွိုးစက္မျမည္​လို႔ အ​ေျပးအလႊာ မနက္​စာမစားဘဲ ​မ​ေျပးဖူးတဲ့လူမရွ​ိ​ေလာက္​ဘူးလို႔ ထင္​တယ္​​ေနာ္​။ အလုပ္​​ေရာက္​​ေတာ့လည္​း အလုပ္​ရႈပ္​လြနး္​လို႔ ​ေန႔လည္​စာစား နားခ်ိန္​​ေတာင္​ မရွိလိုက္​ဘူး။ ည​ေနခင္းမွာလည္​း က​ေလး​ေတြကို က်ဴ ရွင္​​ေျပးပို႔ရတာနဲ႔ ညစာစားခ်ိန္​​ေတာင္​ မရွိလိုက္​ျပန္​ဘူး။ တစ္​ခါတစ္​​ေလ ဒီလိုျဖစ္​တတ္​ပါတယ္​။ ဆီးခ်ိဳရွိသူ​ေတြမွာ​ေတာ့ ဒီလိုထမင္​းနပ္​​ေက်ာ္​သြားတာဟာ အရမ္​းကိုအႏၱရာယ္​မ်ားတယ္​။

 

ဒီလိုထမင္​းနပ္​​ေက်ာ္​တာဟာ ဆီးခ်ိဳထိန္​းဖို႔ကို ဘာလို႔​ေႏွာင္​့​ေႏွး​ေစသလဲဆုိရင္​

 

1.ေသြးအခ်ိဳဓာတ္​တက္ျခင္​း၊ က်ျခင္​

​ေသြးအခ်ိဳဓာတ္​တက္​လိုက္​က်လိုက္​ျဖစ​္​​ေနတာဟာ အင္​မတန္​အခက္​​ေတြ႕ရတဲ့ျပႆနာတစ္​ခုပါ။ ထမင္​းနပ္​​ေက်ာ္​တဲ့အခါ ဒီလိုအခ်ိဳဓာတ္​အတက္​အက် ပိုဆိုးတတ္​ပါတယ္​။ ျဖစ္​နိုင္​ရင္​ ထမင္​း၃နပ္​ကို အခ်ိန္​မွန္​မွန္​ စား​ေစခ်င္​တယ္​။ ဒါမွသာ အခ်ိဳဓာတ္​အတက္​အက်မွန္​ၿပီး အင္​ဆူလင္​နဲ႔​ဆီးခ်ိဳ​ေဆး​ေတြ ပံုမွန္​အလုပ္​လုပ္​နိုင္​ၿပီး စိတ္​တိုစိတ္​ဆတ္​လြယ္​ျခင္​း၊ ပင္​ပန္​းႏြမ္​း နယ္​ျခင္​း၊ ​ေခါင္​းကိုက္​ျခင္​း စတဲ့လကၡဏာရပ္​​ေတြကို ခံစားရမွာပါ။

 

2.​ေဆး​​ေတြက​ေမာက္​ကမျဖစ္​ျခင္​

ထမင္​းနပ္​​ေက်ာ္​သြားတဲ့အခါ အစားနဲ႔​ေဆးၾကား ခႏၶာကိုယ္​ရဲ႕ ဟန္​ခ်က္​ညီမႈပ်က္​သြားၿပီး ​ေသြးအခ်ိဳဓာတ္​က်တာ၊ တက္​တာ​ေတြ ျဖစ္​နိုင္​ပါတယ္​။ ဆရာဝန္​က တစ္​​ေယာက္​ခ်င္​းစီရဲ႕ လိုအပ္​ခ်က္​နဲ႔ အစားအ​ေသာက္​စား​ေသာက္​ပံု​ေတြ​ေပၚ မူတည္​ၿပီး ​ေဆး​ေတြ၊ အင္​ဆူလင္​​ေတြ ​ေပးထားတာမ်ားတယ္​။ ဒါ​ေၾကာင္​့ သူ​ေပးထားတဲ့အတိုင္​း တတ္​နိုင္​သ​ေလာက္​ ​ေသာက္​​ေပးပါ။ ဒါမွ ဆီးခ်ိဳကို​ေကာင္​း​ေကာင္​းထိန္​းနိုင္​မွာပါ။

Diabetone 1

3.အစားလည္​းမလြန္​ပါ​ေစနဲ႔။

ထမင္​းတစ္​နပ္​​ေလာက္​ ​ေက်ာ္​သြားတဲ့အခါ ​ေနာက္​တစ္​နပ္စားခ်ိန္​မွာ ဗိုက္​အရမ္​းဆာၿပီး ပိုစားမိတတ္​ၾကတယ္​။ ဒီလိုမျဖစ္​​ေအာင္​ ကာကြယ္​ဖို႔အတြက္​ အစားအ​ေသာက္​စားခ်ိန္​ကို ​ေသခ်ာစီစဥ္​ထားဖို႔လိုတယ္​။ တကယ္​လို႔ ညစာျပင္​ဆင္​ထားၿပီးသားဆိုရင္​ ညစာမစားခင္​ အဆာ​ေျပသြားရည္​စာစားမိတာ နည္​းသြားတတ္​တယ္​။ အထူးသျဖင္​့ ကစီဓာတ္​အရမ္​းမ်ားတဲ့ အာလူး​ေၾကာ္​လိုမ်ိဳး​ေပါ့။ ဒီလိုနဲ႔ မၾကာမၾကာ အစားလြန္​​ေနရင္​ မလိုလားအပ္​ဘဲ ကိုယ္​အ​ေလးခ်ိန္​​ေတြ တက္​လာလိမ့္​မယ္​။

 

4.မနက္​ခင္​းအစာမစားမီအခ်ိဳဓာတ္​တက္​​ေနျခင္း

ဒီလိုမနက္​ခင္​းအစာမစားမီအခ်ိဳဓာတ္​တက္​​ေနတတ္​တဲ့ Dawn phenomenon ကို အ​ေတာ္​မ်ားမ်ား ၾကားဖူးၾကမွာပါ။ တစ္​ခ်ိဳ႕​ေတြက ဒီလိုအခ်ိဳဓာတ္​တက္​​ေနလုိ႔ မနက္စာမစားဘဲ ​ေနတတ္​ၾကတယ္​။ တကယ္​တမ္​း​ေတာ့ မနက္​စာ၊ ​ေန႔လည္​စာ၊ ညစာ​ေတြကို အခ်ိန္​မွန္​မွန္​စား​ေပးတာက ​ေသြးအခ်ိဳဓာတ္​ကို ပိုၿငိမ္​​ေစနိုင္​တယ္​​။

 

5.နံုး​ေနျခင္​

​ပံုမွန္မစားတဲ့အခါ စြမ္​းအင္​ရဖု႔ိအတြက္​ လံု​ေလာက္​တဲ့ကုန္​ၾကမ္​းမရရွိနိုင္​ဘူး။ ဒါ​ေၾကာင္​့ လူကနံုးခ်ိၿပီး အိပ္​ငိုက္​​ေနတတ္​တယ္​​။ အာရံုစူးစိုက္​လို႔မရတာ၊ ​ေလ့က်င္​့ခန္​းလုပ္​ရင္ အ​ေမာမခံနိုင္​ေတာ့တာမ်ိဳး ျဖစ္​နိုင္​တယ္​။ ​ေလ့က်င္​့ခန္​းလႈပ္​ရွားမႈျပဳလုပ္​တဲ့အခါ ​ေသြးအခ်ိဳဓာတ္​​ေပၚ ဘယ္​လိုအက်ိဳးသက္​​ေရာက္​မႈရွိလဲဆိုတာ ဘယ္​​ေလာက္​ၾကာၾကာ လုပ္​သလဲဆိုတာနဲ႔ တစ္​ျခားအခ်က္​​ေတြအ​ေပၚ မူတည္​ပါတယ္​။ ​ေလ့က်င္​့ခန္​းလုပ္​တာဟာ အင္​ဆူလင္​လုပ္​​ေဆာင္​မႈကို ပို​ေကာင္​း​ေစတာ​ေၾကာင္​့ ၂၄နာရီ​ေလာက္​အထိကို ​ေသြးအခ်ိဳဓာတ္​က်​ေစတယ္​။ ဒါ​ေၾကာင္​့ ​တစ္​​ေနကုန္​​ေကာင္​း​ေကာင္​းစားၿပီး ​ေလ့က်င္​့ခန္​းလုပ္​ခ်ိန္​မွာလည္​း ​ေသြးအခ်ိဳဓာတ္​ကို စစ္​​ေဆးၾကည့္​သင္​့ပါတယ္​။

 

သတိထားဖို႔က

♦ ထမင္​းနပ္​မ​ေက်ာ္​ပါ​ေစနဲ႔။

♦ ထမင္​းစားခ်ိန္​ကို ​ေသခ်ာ​ေ႐ြးခ်ယ္​စား​ေသာက္​ပါ။ အထူးသျဖင္​့ မအားလပ္​တဲ့​ေန႔​ေတြမွာ​ေပါ့။

♦ တစ္​​ေန႔ကို ထမင္​း၃နပ္​ကို တတ္​နိုင္​သ​ေလာက္​ အခ်ိန္​မွန္​မွန္​ စား​ေပးပါ။

♦ ကိုယ္​့က်န္​းမာ​ေရးနဲ႔ ဆီးခ်ိဳထိန္​းသိမး္​နိုင္​မႈ​ေတြအ​ေပၚ မူတည္​ၿပီး ​ေမးခ်င္​ျမန္​းခ်င္​တာ​ေတြကို ဆရာဝန္​နဲ႔ တိုင္​ပင္​ပါ။

Dr. Mya Phoo Ngon (www.drmyanmar.com)

Diabetone 2

(Unicode)

မနက်မှာ နာရီနှိုးစက်မမြည်လို့ အပြေးအလွှာ မနက်စာမစားဘဲ မပြေးဖူးတဲ့လူမရှိလောက်ဘူးလို့ ထင်တယ်နော်။ အလုပ်ရောက်တော့လည်း အလုပ်ရှုပ်လွန်းလို့ နေ့လည်စာစား နားချိန်တောင် မရှိလိုက်ဘူး။ ညနေခင်းမှာလည်း ကလေးတွေကို ကျူ ရှင်ပြေးပို့ရတာနဲ့ ညစာစားချိန်တောင် မရှိလိုက်ပြန်ဘူး။ တစ်ခါတစ်လေ ဒီလိုဖြစ်တတ်ပါတယ်။ ဆီးချိုရှိသူတွေမှာတော့ ဒီလိုထမင်းနပ်ကျော်သွားတာဟာ အရမ်းကိုအန္တရာယ်များတယ်။

ဒီလိုထမင်းနပ်ကျော်တာဟာ ဆီးချိုထိန်းဖို့ကို ဘာလို့နှောင့်နှေးစေသလဲဆိုရင်

1.သွေးအချိုဓာတ်တက်ခြင်း၊ ကျခြင်း

သွေးအချိုဓာတ်တက်လိုက်ကျလိုက်ဖြစ်နေတာဟာ အင်မတန်အခက်တွေ့ရတဲ့ပြဿနာတစ်ခုပါ။ ထမင်းနပ်ကျော်တဲ့အခါ ဒီလိုအချိုဓာတ်အတက်အကျ ပိုဆိုးတတ်ပါတယ်။ ဖြစ်နိုင်ရင် ထမင်း၃နပ်ကို အချိန်မှန်မှန် စားစေချင်တယ်။ ဒါမှသာ အချိုဓာတ်အတက်အကျမှန်ပြီး အင်ဆူလင်နဲ့ဆီးချိုဆေးတွေ ပုံမှန်အလုပ်လုပ်နိုင်ပြီး စိတ်တိုစိတ်ဆတ်လွယ်ခြင်း၊ ပင်ပန်းနွမ်း နယ်ခြင်း၊ ခေါင်းကိုက်ခြင်း စတဲ့လက္ခဏာရပ်တွေကို ခံစားရမှာပါ။

2.ဆေးတွေကမောက်ကမဖြစ်ခြင်း

ထမင်းနပ်ကျော်သွားတဲ့အခါ အစားနဲ့ဆေးကြား ခန္ဓာကိုယ်ရဲ့ ဟန်ချက်ညီမှုပျက်သွားပြီး သွေးအချိုဓာတ်ကျတာ၊ တက်တာတွေ ဖြစ်နိုင်ပါတယ်။ ဆရာဝန်က တစ်ယောက်ချင်းစီရဲ့ လိုအပ်ချက်နဲ့ အစားအသောက်စားသောက်ပုံတွေပေါ် မူတည်ပြီး ဆေးတွေ၊ အင်ဆူလင်တွေ ပေးထားတာများတယ်။ ဒါကြောင့် သူပေးထားတဲ့အတိုင်း တတ်နိုင်သလောက် သောက်ပေးပါ။ ဒါမှ ဆီးချိုကိုကောင်းကောင်းထိန်းနိုင်မှာပါ။

3.အစားလည်းမလွန်ပါစေနဲ့။

ထမင်းတစ်နပ်လောက် ကျော်သွားတဲ့အခါ နောက်တစ်နပ်စားချိန်မှာ ဗိုက်အရမ်းဆာပြီး ပိုစားမိတတ်ကြတယ်။ ဒီလိုမဖြစ်အောင် ကာကွယ်ဖို့အတွက် အစားအသောက်စားချိန်ကို သေချာစီစဉ်ထားဖို့လိုတယ်။ တကယ်လို့ ညစာပြင်ဆင်ထားပြီးသားဆိုရင် ညစာမစားခင် အဆာပြေသွားရည်စာစားမိတာ နည်းသွားတတ်တယ်။ အထူးသဖြင့် ကစီဓာတ်အရမ်းများတဲ့ အာလူးကြော်လိုမျိုးပေါ့။ ဒီလိုနဲ့ မကြာမကြာ အစားလွန်နေရင် မလိုလားအပ်ဘဲ ကိုယ်အလေးချိန်တွေ တက်လာလိမ့်မယ်။

4.မနက်ခင်းအစာမစားမီအချိုဓာတ်တက်နေခြင်း

ဒီလိုမနက်ခင်းအစာမစားမီအချိုဓာတ်တက်နေတတ်တဲ့ Dawn phenomenon ကို အတော်များများ ကြားဖူးကြမှာပါ။ တစ်ချို့တွေက ဒီလိုအချိုဓာတ်တက်နေလို့ မနက်စာမစားဘဲ နေတတ်ကြတယ်။ တကယ်တမ်းတော့ မနက်စာ၊ နေ့လည်စာ၊ ညစာတွေကို အချိန်မှန်မှန်စားပေးတာက သွေးအချိုဓာတ်ကို ပိုငြိမ်စေနိုင်တယ်။

 5.နုံးနေခြင်း

ပုံမှန်မစားတဲ့အခါ စွမ်းအင်ရဖု့ိအတွက် လုံလောက်တဲ့ကုန်ကြမ်းမရရှိနိုင်ဘူး။ ဒါကြောင့် လူကနုံးချိပြီး အိပ်ငိုက်နေတတ်တယ်။ အာရုံစူးစိုက်လို့မရတာ၊ လေ့ကျင့်ခန်းလုပ်ရင် အမောမခံနိုင်တော့တာမျိုး ဖြစ်နိုင်တယ်။ လေ့ကျင့်ခန်းလှုပ်ရှားမှုပြုလုပ်တဲ့အခါ သွေးအချိုဓာတ်ပေါ် ဘယ်လိုအကျိုးသက်ရောက်မှုရှိလဲဆိုတာ ဘယ်လောက်ကြာကြာ လုပ်သလဲဆိုတာနဲ့ တစ်ခြားအချက်တွေအပေါ် မူတည်ပါတယ်။ လေ့ကျင့်ခန်းလုပ်တာဟာ အင်ဆူလင်လုပ်ဆောင်မှုကို ပိုကောင်းစေတာကြောင့် ၂၄နာရီလောက်အထိကို သွေးအချိုဓာတ်ကျစေတယ်။ ဒါကြောင့် တစ်နေကုန်ကောင်းကောင်းစားပြီး လေ့ကျင့်ခန်းလုပ်ချိန်မှာလည်း သွေးအချိုဓာတ်ကို စစ်ဆေးကြည့်သင့်ပါတယ်။

သတိထားဖို့က

♦ ထမင်းနပ်မကျော်ပါစေနဲ့။

♦ ထမင်းစားချိန်ကို သေချာရွေးချယ်စားသောက်ပါ။ အထူးသဖြင့် မအားလပ်တဲ့နေ့တွေမှာပေါ့။

♦ တစ်နေ့ကို ထမင်း၃နပ်ကို တတ်နိုင်သလောက် အချိန်မှန်မှန် စားပေးပါ။

♦ ကိုယ့်ကျန်းမာရေးနဲ့ ဆီးချိုထိန်းသိမ်းနိုင်မှုတွေအပေါ် မူတည်ပြီး မေးချင်မြန်းချင်တာတွေကို ဆရာဝန်နဲ့ တိုင်ပင်ပါ။

Dr. Mya Phoo Ngon (www.drmyanmar.com)