/
news/က်န္းမာေရး-ဆိုင္ရာဗဟုသုတမ်ား/ဆီးခ်ိဳေရာဂါ႐ွိသူေတြမွာ-ႏွလံုးေသြးေၾကာပိတ္ေရာဂါ-ပိုျဖစ္သလား

ဆီးခ်ိဳေရာဂါ႐ွိသူေတြမွာ ႏွလံုးေသြးေၾကာပိတ္ေရာဂါ ပိုျဖစ္သလား

Category
က်န္းမာေရး ဆိုင္ရာဗဟုသုတမ်ား

          ဆီးခ်ိဳရယ္လို႔ ျဖစ္လာၿပီဆိုရင္ လိုအပ္တဲ့ေဆးဝါးအျပင္ အစားအစာကုထံုး ကိုယ္လက္လႈပ္႐ွား ေလ့က်င့္ခန္း အပါအဝင္ ဘက္ေပါင္းစံုကေန ႀကိဳးစားၿပီး ေရာဂါကို ထိန္းခ်ဳပ္ကုသၾကရပါတယ္။  ဆီးခ်ိဳရဲ႕ ေနာက္ဆက္တြဲ အျဖစ္အမ်ားဆံုးေရာဂါတစ္ခုကို ေျပာပါဆိုရင္ေတာ့ ႏွလံုးေသြးေၾကာက်ဥ္းေရာဂါ ျဖစ္ပါတယ္။

          ဆီးခ်ိဳေရာဂါ႐ွိသူေတြမွာ အာ႐ံုေၾကာစနစ္ အားနည္းတာအျပင္ ေသြးတြင္းဆီးခ်ိဳ တက္ေနတာေၾကာင့္ ေရရွည္မွာ ႏွလံုးေသြးေၾကာေတြြမွာ အဆီေတြစုပံုၿပီး မူမမွန္ေျပာင္းလဲမႈေတြ ႐ွိလာၿပီး ႏွလံုးေသြးေၾကာ စက်ဥ္းလာပါတယ္။

          အဝလြန္ေလ ဆီးခ်ိဳျဖစ္ဖို႔ အခြင့္အေရး မ်ားေလပါပဲ။ ဒါ့အျပင္ ဝတဲ့သူေတြမွာ တက္ေနတတ္တဲ့ မေကာင္းတဲ့အဆီဓာတ္ဟာ ႏွလံုးေသြးေၾကာေတြရဲ႕ အလႊာေတြမွာ သြားေရာက္စုပံုေနၿပီး ႏွလံုးေသြးေၾကာ ႐ုတ္တရက္ က်ဥ္းတာ၊ ပိတ္တာေတြ ျဖစ္လာပါတယ္။

 

>>    Silent infarct (႐ုတ္တရက္ တိတ္တဆိတ္ ႏွလံုးေသြးေၾကာပိတ္ျခင္း) ဆိုတာက ဆီးခ်ိဳေရာဂါသည္ေတြအတြက္ အႏၱရာယ္အႀကီးဆံုး ျပႆနာပါပဲ။ ဘာေၾကာင့္ အႏၲရာယ္အႀကီးဆံုးလို႔ သတ္မွတ္ရတာလဲ?

          ဆီးခ်ိဳေရာဂါသည္ေတြမွာ အလိုအေလ်ာက္ ထိန္းခ်ဳပ္အာ႐ံုေၾကာစနစ္ေတြ ပ်က္ျပားေနတာေၾကာင့္ တျခားလူေတြလို သတိေပး အခ်က္ျပ ရင္ဘတ္ေအာင့္လာတာေတြျဖစ္ဖို႔ နည္းပါတယ္။

●        အစာမေၾကတာ

●        ေနရခက္တာ

●        ပ်ိဳ႕ခ်င္ အန္ခ်င္တာ

●        ႏံုးေနတာ

●        ရင္ဘတ္ထဲ ေနမထိ ထိုင္မသာ ျဖစ္ေနတာေတြေလာက္ပဲ ခံစားရဖို႔ ရွိပါတယ္။

          ရင္ဘတ္ေအာင့္တာလိုမ်ိဳး အျပင္းအထန္ နာလာဖို႔ သိပ္မ႐ွိဘဲ အေရးမႀကီးလို႔ ေပါ့ေပါ့ဆဆ ထားလိုက္ႏိုင္တဲ့ လကၡဏာေတြသာ ခံစားရႏိုင္တာ ေတြ႕ရမွာပါ။ ေဆးကုသဖို႔ သတိမျပဳတတ္တာေၾကာင့္ ေအးေအးေဆးေဆး ေနလိုက္ၾကပါတယ္။  ဒါေၾကာင့္ ႐ုတ္တရက္ ေသဆံုးတဲ့အထိ ျဖစ္ႏိုင္တာ ျဖစ္ပါတယ္။

 

>>    ဒီလိုမျဖစ္ေအာင္ ဘယ္လိုကာကြယ္ထားသင့္သလဲ?

●        ဆရာဝန္နဲ႔ ပံုမွန္ျပသၿပီး ဆီးခ်ိဳ စစ္ရမယ္။

●        ေသြးတြင္း အဆီဓာတ္ စစ္ေဆးရမယ္။

●        ႏွလံုးအီးစီဂ်ီ ပံုမွန္႐ိုက္ရမယ္။

●        သတ္မွတ္ေဆးဝါး မွန္မွန္ေသာက္ရမယ္။

Diabetone 1

>>    ဒါေတြအျပင္ ေနာက္ထပ္အေရးပါတာက ဘာေတြလဲ?

          စားေသာက္ေနထိုင္ ျပဳျပင္ဖို႔ ျဖစ္ပါတယ္။ ဆီးခ်ဳိသမားေတာ္ေတြနဲ႔ အစားအစာကို ဘာစားသင့္တယ္ဆိုတာ တိုင္ပင္ၿပီး အစီအစဥ္တက် စနစ္က်က် ကယ္လိုရီ တြက္ခ်က္စားေသာက္ျခင္းျဖင့္ ဆီးခ်ိဳကို အလြယ္တကူ ထိန္းႏိုင္တဲ့အျပင္ ေသြးတြင္းအဆီဓာတ္ကို က်ဆင္းေစပါတယ္။

          ဆီးခ်ိဳျဖစ္ခ်င္ခ်င္ ျဖစ္ေနသူေတြ (Prediabetes) ကို တစ္ပတ္ကေန တစ္လထိ ကိုယ္လက္လႈပ္႐ွား ေလ့က်င့္ခန္း မွန္မွန္လုပ္ခိုင္းၿပီး ျပန္လည္စစ္ေဆးၾကတဲ့အခါ ဆီးခ်ိဳအျဖစ္ကို ကူးေျပာင္းမသြားေတာ့ဘဲ ေရာဂါတန္႔သြားတာကို ေတြ႕ရပါတယ္။ ေသြးတြင္းအဆီဓာတ္ေတြကိုလည္း ထိန္းညႇိကုသသလို ျဖစ္သြားၿပီး ႏွလံုးေသြးေၾကာက်ဥ္းေရာဂါျဖစ္ႏႈန္း သိသိသာသာ ေလ်ာ့က်သြားပါတယ္၊

          ဒီေတာ့ ႏွလံုးေသြးေၾကာက်ဥ္းတာ ပိတ္တာကို ကုသဖို႔ထက္ ကာကြယ္တာက ပိုထိေရာက္တာကို ျမင္ၾကမွာပါ။ ထိထိေရာက္ေရာက္ ကာကြယ္ထားဖို႔ဆိုတာ ႐ိုး႐ွင္းတဲ့ အခ်က္သံုးခ်က္ကို လိုက္နာလိုက္႐ံုပါပဲ။

1.       က်န္းမာေရးနဲ႔ ညီၫြတ္တဲ့စားေသာက္မႈ

2.       ေန႔စဥ္ကိုယ္လက္လႈပ္႐ွားမႈ

3.       ဆီးခ်ိဳထိန္းခ်ဳပ္ကုသမႈ

          ဒီသံုးခ်က္ကသာ ကာကြယ္မႈအျပည့္ေပးႏိုင္ၿပီး အသက္႐ွည္႐ွည္ က်န္းမာသာယာတဲ့ဘဝကို ရ႐ွိမွာျဖစ္ေၾကာင္း ႏွလံုးေသြးေၾကာေရာဂါေတြကေန ကင္းေ၀ေစေရး  ဗဟုသုတ မွ်ေဝလိုက္ပါတယ္။

www.drmyanmar.com

Diabetone 2

(Unicode)

    ဆီးချိုရယ်လို့ ဖြစ်လာပြီဆိုရင် လိုအပ်တဲ့ဆေးဝါးအပြင် အစားအစာကုထုံး ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်း အပါအဝင် ဘက်ပေါင်းစုံကနေ ကြိုးစားပြီး ရောဂါကို ထိန်းချုပ်ကုသကြရပါတယ်။  ဆီးချိုရဲ့ နောက်ဆက်တွဲ အဖြစ်အများဆုံးရောဂါတစ်ခုကို ပြောပါဆိုရင်တော့ နှလုံးသွေးကြောကျဉ်းရောဂါ ဖြစ်ပါတယ်။
    ဆီးချိုရောဂါရှိသူတွေမှာ အာရုံကြောစနစ် အားနည်းတာအပြင် သွေးတွင်းဆီးချို တက်နေတာကြောင့် ရေရှည်မှာ နှလုံးသွေးကြောတွွေမှာ အဆီတွေစုပုံပြီး မူမမှန်ပြောင်းလဲမှုတွေ ရှိလာပြီး နှလုံးသွေးကြော စကျဉ်းလာပါတယ်။
    အဝလွန်လေ ဆီးချိုဖြစ်ဖို့ အခွင့်အရေး များလေပါပဲ။ ဒါ့အပြင် ဝတဲ့သူတွေမှာ တက်နေတတ်တဲ့ မကောင်းတဲ့အဆီဓာတ်ဟာ နှလုံးသွေးကြောတွေရဲ့ အလွှာတွေမှာ သွားရောက်စုပုံနေပြီး နှလုံးသွေးကြော ရုတ်တရက် ကျဉ်းတာ၊ ပိတ်တာတွေ ဖြစ်လာပါတယ်။

>>    Silent infarct (ရုတ်တရက် တိတ်တဆိတ် နှလုံးသွေးကြောပိတ်ခြင်း) ဆိုတာက ဆီးချိုရောဂါသည်တွေအတွက် အန္တရာယ်အကြီးဆုံး ပြဿနာပါပဲ။ ဘာကြောင့် အန္တရာယ်အကြီးဆုံးလို့ သတ်မှတ်ရတာလဲ?
    ဆီးချိုရောဂါသည်တွေမှာ အလိုအလျောက် ထိန်းချုပ်အာရုံကြောစနစ်တွေ ပျက်ပြားနေတာကြောင့် တခြားလူတွေလို သတိပေး အချက်ပြ ရင်ဘတ်အောင့်လာတာတွေဖြစ်ဖို့ နည်းပါတယ်။
●    အစာမကြေတာ
●    နေရခက်တာ
●    ပျို့ချင် အန်ချင်တာ
●    နုံးနေတာ
●    ရင်ဘတ်ထဲ နေမထိ ထိုင်မသာ ဖြစ်နေတာတွေလောက်ပဲ ခံစားရဖို့ ရှိပါတယ်။
    ရင်ဘတ်အောင့်တာလိုမျိုး အပြင်းအထန် နာလာဖို့ သိပ်မရှိဘဲ အရေးမကြီးလို့ ပေါ့ပေါ့ဆဆ ထားလိုက်နိုင်တဲ့ လက္ခဏာတွေသာ ခံစားရနိုင်တာ တွေ့ရမှာပါ။ ဆေးကုသဖို့ သတိမပြုတတ်တာကြောင့် အေးအေးဆေးဆေး နေလိုက်ကြပါတယ်။  ဒါကြောင့် ရုတ်တရက် သေဆုံးတဲ့အထိ ဖြစ်နိုင်တာ ဖြစ်ပါတယ်။

>>    ဒီလိုမဖြစ်အောင် ဘယ်လိုကာကွယ်ထားသင့်သလဲ?
●    ဆရာဝန်နဲ့ ပုံမှန်ပြသပြီး ဆီးချို စစ်ရမယ်။
●    သွေးတွင်း အဆီဓာတ် စစ်ဆေးရမယ်။
●    နှလုံးအီးစီဂျီ ပုံမှန်ရိုက်ရမယ်။
●    သတ်မှတ်ဆေးဝါး မှန်မှန်သောက်ရမယ်။

>>    ဒါတွေအပြင် နောက်ထပ်အရေးပါတာက ဘာတွေလဲ?
    စားသောက်နေထိုင် ပြုပြင်ဖို့ ဖြစ်ပါတယ်။ ဆီးချိုသမားတော်တွေနဲ့ အစားအစာကို ဘာစားသင့်တယ်ဆိုတာ တိုင်ပင်ပြီး အစီအစဉ်တကျ စနစ်ကျကျ ကယ်လိုရီ တွက်ချက်စားသောက်ခြင်းဖြင့် ဆီးချိုကို အလွယ်တကူ ထိန်းနိုင်တဲ့အပြင် သွေးတွင်းအဆီဓာတ်ကို ကျဆင်းစေပါတယ်။
    ဆီးချိုဖြစ်ချင်ချင် ဖြစ်နေသူတွေ (Prediabetes) ကို တစ်ပတ်ကနေ တစ်လထိ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်း မှန်မှန်လုပ်ခိုင်းပြီး ပြန်လည်စစ်ဆေးကြတဲ့အခါ ဆီးချိုအဖြစ်ကို ကူးပြောင်းမသွားတော့ဘဲ ရောဂါတန့်သွားတာကို တွေ့ရပါတယ်။ သွေးတွင်းအဆီဓာတ်တွေကိုလည်း ထိန်းညှိကုသသလို ဖြစ်သွားပြီး နှလုံးသွေးကြောကျဉ်းရောဂါဖြစ်နှုန်း သိသိသာသာ လျော့ကျသွားပါတယ်၊
    ဒီတော့ နှလုံးသွေးကြောကျဉ်းတာ ပိတ်တာကို ကုသဖို့ထက် ကာကွယ်တာက ပိုထိရောက်တာကို မြင်ကြမှာပါ။ ထိထိရောက်ရောက် ကာကွယ်ထားဖို့ဆိုတာ ရိုးရှင်းတဲ့ အချက်သုံးချက်ကို လိုက်နာလိုက်ရုံပါပဲ။
1.    ကျန်းမာရေးနဲ့ ညီညွတ်တဲ့စားသောက်မှု
2.    နေ့စဉ်ကိုယ်လက်လှုပ်ရှားမှု
3.    ဆီးချိုထိန်းချုပ်ကုသမှု
    ဒီသုံးချက်ကသာ ကာကွယ်မှုအပြည့်ပေးနိုင်ပြီး အသက်ရှည်ရှည် ကျန်းမာသာယာတဲ့ဘဝကို ရရှိမှာဖြစ်ကြောင်း နှလုံးသွေးကြောရောဂါတွေကနေ ကင်းဝေစေရေး  ဗဟုသုတ မျှဝေလိုက်ပါတယ်။

www.drmyanmar.com