/
news/က်န္းမာေရး-ဆိုင္ရာဗဟုသုတမ်ား/ဗီတာမင္-d-ခ်ိဳ႕တဲ့ေနမွန္း-ဘယ္လိုသိႏိုင္မလဲ

ဗီတာမင္ D ခ်ိဳ႕တဲ့ေနမွန္း ဘယ္လိုသိႏိုင္မလဲ

Category
က်န္းမာေရး ဆိုင္ရာဗဟုသုတမ်ား

          ဗီတာမင္ D ခ်ိဳ႕တဲ့မႈဟာ ႂကြက္သား အားနည္းျခင္း ႏုံးေခြျခင္း စိတ္က်ေရာဂါေတြနဲ႔ ဆက္စပ္လ်က္႐ွိပါတယ္။ ဗီတာမင္ D ခ်ိဳ႕တဲ့ေနတဲ့ ဦးေႏွာက္ဟာ အလုပ္လုပ္ႏိုင္စြမ္းကို သိသာစြာ က်ဆင္းေစပါတယ္။

 

>>    ဗီတာမင္ D လိုအပ္ေနတဲ့ လကၡဏာေတြ     

●        စိတ္ဂဏွာမၿငိမ္ျခင္းျဖစ္ရင္ သတိျပဳပါ။ ဗီတာမင္ D လိုအပ္ေနတာ ျဖစ္ႏိုင္ပါတယ္။

●        အသက္ရလာတာနဲ႔အမွ် ေနေရာင္ျခည္ ထိေတြ႕တာ၊ ေက်ာက္ကပ္ကေန ဗီတာမင္ ထုတ္လုပ္တာေတြ က်ဆင္းလာလို႔ အၿမဲအျပင္ထြက္ ေနေရာင္ခံ (မနက္ပိုင္း ေနေရာင္ျခည္) လို႔ လႈပ္လႈပ္႐ွား႐ွား ေနသင့္ပါတယ္။

●        အဝလြန္ရင္ ဗီတာမင္ D ပိုလိုအပ္တတ္ပါတယ္။

●        အဆီစုပ္ယူႏိုင္စြမ္းေႏွးတဲ့ အူလမ္းေၾကာင္းေရာဂါ တခ်ိဳ႕ေၾကာင့္ အဆီေပ်ာ္ဝင္ ဗီတာမင္ျဖစ္တဲ့ ဗီတာမင္ D ဓာတ္ကို နည္းပါးေစပါတယ္။

●        မၾကာခဏ အ႐ိုးနာတာ ကိုက္တာ၊ ခဲတာျဖစ္ေနရင္ ဗီတာမင္ D ခ်ိဳ႕တဲ့ေနႏိုင္ပါတယ္။

●        ေခါင္းေခြၽးထြက္တာက ဗီတာမင္ D  ခ်ိဳ႕တဲ့လို႔ ျဖစ္ေနတတ္ပါတယ္။

Vitamin D3 1

>>    ဘယ္လိုလူေတြ ဗီတာမင္ D ခ်ိဳ႕တဲ့ေနတတ္သလဲ?

●        သက္သက္လြတ္စားသူမ်ားမွာ အသား၊ ငါးကရတဲ့ ဗီတာမင္ D ခ်ိဳ႕တဲ့ေနႏိုင္ပါတယ္။

●        အိမ္ထဲမွာ အေနမ်ားသူ၊ ေနေရာင္ျခည္ မခံသူေတြမွာ ဗီတာမင္ D ခ်ိဳ႕တဲ့ႏိုင္ပါတယ္။ ေနေရာင္ခံျခင္းျဖင့္ အေရျပားမွာ ဗီတာမင္ D  ဖြဲ႕စည္းမႈ ျဖစ္တည္လာပါတယ္။

●        အသားညိဳမည္းသူေတြမွာ အေရျပားမွာ ဗီတာမင္ D  ဖြဲ႕စည္းမႈ အားနည္းေနပါတယ္။

          ဒီ ဗီတာမင္ D လို႔ေခၚတဲ့ သက္ေစာင့္ဓာတ္ေလးက ကိုယ္ခံအားစနစ္၊ ေဟာ္မုန္းထုတ္လုပ္မႈနဲ႔ ႂကြက္သားအင္အားေတြမွာ တစ္တပ္တစ္အား ပါ၀င္ေနၿပီး အေရးပါတဲ့ တာ၀န္ေတြကို ထမ္းေဆာင္ေပးေနပါတယ္။

 

>>    ဗီတာမင္ D ခ်ိဳ႕တဲ့ေနတယ္လို႔ထင္ရင္ ဘာလုပ္ရမလဲ?

          တကယ္လို႔ ဗီတာမင္ D ခ်ိဳ႕တဲ့တဲ့ လကၡဏာေတြ႐ွိေနခဲ့ရင္ ဆရာ၀န္ဆီ သြားေရာက္တိုင္ပင္ပါ။ ဆရာ၀န္က ေသြးတြင္းဗီတာမင္ D ဓာတ္ကို စစ္ေဆးခိုင္းၿပီး ဗီတာမင္ D ပါ၀င္တဲ့ ျဖည့္စြက္အားေဆးေတြကို ကိုယ့္ရဲ႕ လိုအပ္ခ်က္နဲ႔အညီ ေသာက္သံုးခိုင္းမွာ ျဖစ္ပါတယ္။

ဂ်ီပီငွက္ (ေဆး/မန္း) (www.drmyanmar.com)

Vitamin D3 2

(Unicode)

    ဗီတာမင် D ချို့တဲ့မှုဟာ ကြွက်သား အားနည်းခြင်း နုံးခွေခြင်း စိတ်ကျရောဂါတွေနဲ့ ဆက်စပ်လျက်ရှိပါတယ်။ ဗီတာမင် D ချို့တဲ့နေတဲ့ ဦးနှောက်ဟာ အလုပ်လုပ်နိုင်စွမ်းကို သိသာစွာ ကျဆင်းစေပါတယ်။

>>    ဗီတာမင် D လိုအပ်နေတဲ့ လက္ခဏာတွေ    
●    စိတ်ဂဏှာမငြိမ်ခြင်းဖြစ်ရင် သတိပြုပါ။ ဗီတာမင် D လိုအပ်နေတာ ဖြစ်နိုင်ပါတယ်။
●    အသက်ရလာတာနဲ့အမျှ နေရောင်ခြည် ထိတွေ့တာ၊ ကျောက်ကပ်ကနေ ဗီတာမင် ထုတ်လုပ်တာတွေ ကျဆင်းလာလို့ အမြဲအပြင်ထွက် နေရောင်ခံ (မနက်ပိုင်း နေရောင်ခြည်) လို့ လှုပ်လှုပ်ရှားရှား နေသင့်ပါတယ်။
●    အဝလွန်ရင် ဗီတာမင် D ပိုလိုအပ်တတ်ပါတယ်။
●    အဆီစုပ်ယူနိုင်စွမ်းနှေးတဲ့ အူလမ်းကြောင်းရောဂါ တချို့ကြောင့် အဆီပျော်ဝင် ဗီတာမင်ဖြစ်တဲ့ ဗီတာမင် D ဓာတ်ကို နည်းပါးစေပါတယ်။
●    မကြာခဏ အရိုးနာတာ ကိုက်တာ၊ ခဲတာဖြစ်နေရင် ဗီတာမင် D ချို့တဲ့နေနိုင်ပါတယ်။
●    ခေါင်းချွေးထွက်တာက ဗီတာမင် D  ချို့တဲ့လို့ ဖြစ်နေတတ်ပါတယ်။

>>    ဘယ်လိုလူတွေ ဗီတာမင် D ချို့တဲ့နေတတ်သလဲ?
●    သက်သက်လွတ်စားသူများမှာ အသား၊ ငါးကရတဲ့ ဗီတာမင် D ချို့တဲ့နေနိုင်ပါတယ်။
●    အိမ်ထဲမှာ အနေများသူ၊ နေရောင်ခြည် မခံသူတွေမှာ ဗီတာမင် D ချို့တဲ့နိုင်ပါတယ်။ နေရောင်ခံခြင်းဖြင့် အရေပြားမှာ ဗီတာမင် D  ဖွဲ့စည်းမှု ဖြစ်တည်လာပါတယ်။
●    အသားညိုမည်းသူတွေမှာ အရေပြားမှာ ဗီတာမင် D  ဖွဲ့စည်းမှု အားနည်းနေပါတယ်။
    ဒီ ဗီတာမင် D လို့ခေါ်တဲ့ သက်စောင့်ဓာတ်လေးက ကိုယ်ခံအားစနစ်၊ ဟော်မုန်းထုတ်လုပ်မှုနဲ့ ကြွက်သားအင်အားတွေမှာ တစ်တပ်တစ်အား ပါ၀င်နေပြီး အရေးပါတဲ့ တာဝန်တွေကို ထမ်းဆောင်ပေးနေပါတယ်။

>>    ဗီတာမင် D ချို့တဲ့နေတယ်လို့ထင်ရင် ဘာလုပ်ရမလဲ?
    တကယ်လို့ ဗီတာမင် D ချို့တဲ့တဲ့ လက္ခဏာတွေရှိနေခဲ့ရင် ဆရာဝန်ဆီ သွားရောက်တိုင်ပင်ပါ။ ဆရာဝန်က သွေးတွင်းဗီတာမင် D ဓာတ်ကို စစ်ဆေးခိုင်းပြီး ဗီတာမင် D ပါ၀င်တဲ့ ဖြည့်စွက်အားဆေးတွေကို ကိုယ့်ရဲ့ လိုအပ်ချက်နဲ့အညီ သောက်သုံးခိုင်းမှာ ဖြစ်ပါတယ်။

ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)