/
news/က်န္းမာေရး-ဆိုင္ရာဗဟုသုတမ်ား/ရာသီဥတုအေျပာင္းအလဲနဲ႔-ေခါင္းကိုက္ျခင္း

ရာသီဥတုအေျပာင္းအလဲနဲ႔ ေခါင္းကိုက္ျခင္း

Category
က်န္းမာေရး ဆိုင္ရာဗဟုသုတမ်ား

ေခါင္​းအလြန္​အကြၽံကိုက္​တာက ဘယ္​​ေလာက္​ထိခံရခက္​သလဲဆိုတာ ႀကံဳဖူးသူ​ေတြပဲသိတာပါ။ ဘယ္​အခ်ိန္​​ေခါင္​းထကိုက္​မလဲမသိဘဲ တစ္​ထိတ္​ထိတ္​ျဖစ္​​ေနတာကလည္​း ဆိုးတယ္​​ေနာ္​။

တကယ္​လို႔ ရာသီဥတုအ​ေျပာင္​းအလဲမွာ ​ေခါင္​းကိုက္​တတ္​တာသတိထားမိတယ္​ဆိုရင္​ ​ေလထုဖိအား​ေၾကာင္​့ကိုက္​​ေနတာျဖစ္​နိုင္​တယ္​။

ဦး​ေခါင္​းခြံတြင္​းဂလိုင္​​ေပါက္​​ေတြထဲမွာ ​ေလ​ေတြနဲ႔ျပည့္​​ေနတာမို႔ ​ေလထုဖိအားသက္​​ေရာက္​မႈအ​ေျပာင္​းအလဲမွာ ​ေခါင္း​ကိုက္တ​တ္​တယ္​။

 

>> သူ႔ရဲ႕လကၡဏာ​ေတြက​ေတာ့

 

​ေလထုဖိအားက်သြားတဲ့အခ်ိန္​မွာ ​ကိုက္​တတ္​ၿပီး ရိုးရိုး​ေခါင္​းကိုက္​သလိုပါပဲ။ ဒါ့အျပင္​

• ပ်ိဳ႕ခ်င္​အန္​ခ်င္​တာ

• အလင္​း​ေရာင္​ကိုမခံနိုင္​တာ

• မ်က္​ႏွာနဲ႔လည္​ပင္​း​ေတြထံုက်င္​​ေနတာ

• နားထင္​တစ္​ဖက္​ ဒါမွမဟုတ္​ ၂ဖက္​လံုးနာ​ေနတာ ​ေတြနဲ႔တြဲတတ္​တယ္​။

 

အထူးသျဖင္​့ မိုး႐ြာခ်ိန္​၊ ​ေလထုစိုထိုင္​းဆမ်ားခ်ိန္​မွာ ပိုျဖစ္​နိုင္​တယ္​။

Bio Adult 1

>> ျဖစ္​ရတဲ့အ​ေၾကာင္​းရင္​း​ေတြက​ေတာ့

 

ျပင္​ပ​ေလထုဖိအားက်ဆင္​းလာတဲ့အခါ အျပင္​ဘက္​ဖိအားနဲ႔ အတြင္​းဖိအားကြာျခားခ်က္​မ်ားလာလို႔ နာလာတတ္​တာပါ။ ​​ေလယ်ာဥ္​​ေပၚမွာလည္​း ျဖစ္​တတ္​တယ္​​ေနာ္​။ ​ေလယာဥ္​တက္​သြားခ်ိန္​မွာ နားထဲက​ေန ​ေဖာက္​ခနဲျဖစ္​သြားတာ၊ နာတာမ်ိဳး ျဖစ္​တတ္​တယ္​။

ဒီလို​ေခါင္​းကိုက္​ဖို႔အတြက္​ ​ေလထုဖိအားအမ်ားႀကီး​ေျပာင္​းလဲစရာလည္​း မလိုပါဘူး။ ​ေလ့လာမႈတစ္​ခုအရဆိုရင္​ ဖိအား​ေလးနည္​းနည္​း​ေျပာင္​းရံုနဲ႔တင္​ ​ေခါင္​းတစ္​ျခမ္​းကိုက္​​ေဝဒနာ​ေပၚလာတတ္​တာကို ​ေတြ႕ရတယ္​​ေနာ္​။

 

>> ဆရာဝန္​နဲ႔ဘယ္​အခ်ိန္​မွာျပသင့္​သလဲဆိုရင္​

 

တ​ကယ္​လို႔​ ေခါင္​းကိုက္​တာက ကိုယ္​့ရဲ႕လူ​ေနမႈဘဝကိုပါ ထိခိုက္​လာတယ္​ဆိုရင္​​ေတာ့ ဆရာဝန္​နဲ႔ ျပသင္​့ၿပီ​ေနာ္​။

ရာသီဥတုအ​ေျပာင္​းအလဲနဲ႔ ​ေခါင္​းကိုက္​တာကို ဆက္​စပ္​မႈရွိမရွိ မွတ္​ထားဖို႔လည္​းလိုပါမယ္​။

 

• ဘယ္​အခ်ိန္​မွာကိုက္​တတ္​သလဲ?

• ဘယ္​​ေလာက္​ၾကာသလဲ?

• ဘာ​ေၾကာင္​့ပိုဆိုးလဲ? ပိုသက္​သာလဲ?

Bio Adult 2

ဆရာဝန္​နဲ႔မျပခင္​ကတည္​းက ဒီလိုစာရင္​းဇယားလုပ္​ထားသင္​့တယ္​​ေနာ္​။ ဆရာဝန္​နဲ႔ျပတဲ့အခါ အရင္​က​ေရာဂါရာဇဝင္​၊ မိသားစုထဲ နာတာရွည္​​ေခါင္​းကိုက္​​ေရာဂါခံစား​ေနရတာရွိမရွိ​ေတြကို​ ​ေမးျမန္​းပါလိမ္​့မယ္​။ ​ေခါင္​းကိုက္​​ေစတဲ့အ​ေၾကာင္​းရင္​း ဆိုးဆိုး႐ြား႐ြား​ေတြ ရွိရင္လည္း ေျပာျပရပါမယ္။ ဆရာ၀န္က လိုအပ္သလို ေအာက္ပါ စစ္ေဆးမႈေတြကို ျပဳလုပ္ေပးမွာျဖစ္ပါတယ္။

 

• ဦး​ေႏွာက္​အာရံု​ေၾကာစစ္​​ေဆးျခင္​း

• ​ေသြးစစ္​​ေဆးျခင္​း

• MRIဓာတ္​မွန္​

• CTဓာတ္​မွန္​

• ခါးဆစ္​ရိုးအရည္​စသျဖင္​့ စစ္​​ေဆးဖို႔ လိုအပ္တာေတြကို စမ္းသပ္ေပးပါလိမ့္မယ္။

 

 

>> ေခါင္​းကိုက္​တာကိုကာကြယ္​ဖို႔အတြက္​

 

အဓိကက ​ကိုယ္​့ရဲ႕​ေခါင္​းကိုက္​တတ္​တဲ့ပံုစံကို ကိုယ္​သိထားရမယ္​။ ဒါမွႀကိဳတင္​ကာကြယ္​နိုင္​မွ​ေပါ့။

တကယ္​လို႔​ေခါင္​းကိုက္​ရင္​​ေသာက္​ဖို႔​ေဆး​ေတြ​ေပးထားတယ္​ဆိုရင္​ ​နား​ေတြအူလာတာ၊ မ်က္​လံုးထဲအ​ေရာင္​​ေတြျမင္​လာတာ၊ ပ်ဳိ႕ခ်င္​အန္​ခ်င္​လာတာစသျဖင္​့ ​ေခါင္​းကုိက္​​ေတာ့မယ္​့လကၡဏာ​ေတြျပတာနဲ႔ ​ေဆး​ေသာက္​လိုက္​ပါ။

 

ဒါ့အျပင္​

• တစ္​ညကို၇နာရီက​ေန ၈နာရီ​ေလာက္​အိပ္​တာ

• တစ္​​ေန႔ကိုအနည္​းဆံုး​ေရ၈ခြက္​​ေသာက္​တာ

• ​ေလ့က်င္​့ခန္​းမွန္​မွန္​လုပ္​တာ

• က်န္​းမာ​ေရးနဲ႔ညီၫြတ္​​ေအာင္​စားၿပီး အဆာမခံတာ

• စိတ္​ဖိစီးမႈမ်ား​ေနရင္​ စိတ္​​ေျပ​ေလ်ာ့တဲ့​ေလ့က်င္​့ခန္​း​ေတြလုပ္​တာ စသျဖင္​့ ​ေန႔စဥ္​​ေနထိုင္​မႈကိုလည္​း​ေျပာင္​းလဲ​ေပးၾကည့္​ပါ။

 

>> ​​ေနာက္​ဆံုးအ​ေနနဲ႔​ေျပာရရင္​

 

ရာသီဥတုကို ကိုယ္​မပိုင္​​​ေပမယ္​့ ကိုယ္​့​ေခါင္​းကိုက္​ပံုကို ကိုယ္​သိၿပီး ​ေသခ်ာ​ေစာင္​့ၾကည္​့မယ္​ဆိုရင္​ ​ေခါင္​းကုိက္​တာကို ​ေကာင္​း​ေကာင္​းထိန္​းနိုင္​မွာပါ။

 

Dr. Mya Phoo Ngon (www.drmyanmar.com)

(Unicode)

ခေါင်းအလွန်အကျွံကိုက်တာက ဘယ်လောက်ထိခံရခက်သလဲဆိုတာ ကြုံဖူးသူတွေပဲသိတာပါ။ ဘယ်အချိန်ခေါင်းထကိုက်မလဲမသိဘဲ တစ်ထိတ်ထိတ်ဖြစ်နေတာကလည်း ဆိုးတယ်နော်။

တကယ်လို့ ရာသီဥတုအပြောင်းအလဲမှာ ခေါင်းကိုက်တတ်တာသတိထားမိတယ်ဆိုရင် လေထုဖိအားကြောင့်ကိုက်နေတာဖြစ်နိုင်တယ်။

ဦးခေါင်းခွံတွင်းဂလိုင်ပေါက်တွေထဲမှာ လေတွေနဲ့ပြည့်နေတာမို့ လေထုဖိအားသက်ရောက်မှုအပြောင်းအလဲမှာ ခေါင်းကိုက်တတ်တယ်။

 

>> သူ့ရဲ့လက္ခဏာတွေကတော့

 

လေထုဖိအားကျသွားတဲ့အချိန်မှာ ကိုက်တတ်ပြီး ရိုးရိုးခေါင်းကိုက်သလိုပါပဲ။ ဒါ့အပြင်

• ပျို့ချင်အန်ချင်တာ

• အလင်းရောင်ကိုမခံနိုင်တာ

• မျက်နှာနဲ့လည်ပင်းတွေထုံကျင်နေတာ

• နားထင်တစ်ဖက် ဒါမှမဟုတ် ၂ဖက်လုံးနာနေတာ တွေနဲ့တွဲတတ်တယ်။

 

အထူးသဖြင့် မိုးရွာချိန်၊ လေထုစိုထိုင်းဆများချိန်မှာ ပိုဖြစ်နိုင်တယ်။

 

>> ဖြစ်ရတဲ့အကြောင်းရင်းတွေကတော့

 

ပြင်ပလေထုဖိအားကျဆင်းလာတဲ့အခါ အပြင်ဘက်ဖိအားနဲ့ အတွင်းဖိအားကွာခြားချက်များလာလို့ နာလာတတ်တာပါ။ လေယျာဉ်ပေါ်မှာလည်း ဖြစ်တတ်တယ်နော်။ လေယာဉ်တက်သွားချိန်မှာ နားထဲကနေ ဖောက်ခနဲဖြစ်သွားတာ၊ နာတာမျိုး ဖြစ်တတ်တယ်။

ဒီလိုခေါင်းကိုက်ဖို့အတွက် လေထုဖိအားအများကြီးပြောင်းလဲစရာလည်း မလိုပါဘူး။ လေ့လာမှုတစ်ခုအရဆိုရင် ဖိအားလေးနည်းနည်းပြောင်းရုံနဲ့တင် ခေါင်းတစ်ခြမ်းကိုက်ဝေဒနာပေါ်လာတတ်တာကို တွေ့ရတယ်နော်။

 

>> ဆရာဝန်နဲ့ဘယ်အချိန်မှာပြသင့်သလဲဆိုရင်

 

တကယ်လို့ ခေါင်းကိုက်တာက ကိုယ့်ရဲ့လူနေမှုဘဝကိုပါ ထိခိုက်လာတယ်ဆိုရင်တော့ ဆရာဝန်နဲ့ ပြသင့်ပြီနော်။

ရာသီဥတုအပြောင်းအလဲနဲ့ ခေါင်းကိုက်တာကို ဆက်စပ်မှုရှိမရှိ မှတ်ထားဖို့လည်းလိုပါမယ်။

 

• ဘယ်အချိန်မှာကိုက်တတ်သလဲ?

• ဘယ်လောက်ကြာသလဲ?

• ဘာကြောင့်ပိုဆိုးလဲ? ပိုသက်သာလဲ?

 

ဆရာဝန်နဲ့မပြခင်ကတည်းက ဒီလိုစာရင်းဇယားလုပ်ထားသင့်တယ်နော်။ ဆရာဝန်နဲ့ပြတဲ့အခါ အရင်ကရောဂါရာဇဝင်၊ မိသားစုထဲ နာတာရှည်ခေါင်းကိုက်ရောဂါခံစားနေရတာရှိမရှိတွေကို မေးမြန်းပါလိမ့်မယ်။ ခေါင်းကိုက်စေတဲ့အကြောင်းရင်း ဆိုးဆိုးရွားရွားတွေ ရှိရင်လည်း ပြောပြရပါမယ်။ ဆရာဝန်က လိုအပ်သလို အောက်ပါ စစ်ဆေးမှုတွေကို ပြုလုပ်ပေးမှာဖြစ်ပါတယ်။

 

• ဦးနှောက်အာရုံကြောစစ်ဆေးခြင်း

• သွေးစစ်ဆေးခြင်း

• MRIဓာတ်မှန်

• CTဓာတ်မှန်

• ခါးဆစ်ရိုးအရည်စသဖြင့် စစ်ဆေးဖို့ လိုအပ်တာတွေကို စမ်းသပ်ပေးပါလိမ့်မယ်။

 

 

>> ခေါင်းကိုက်တာကိုကာကွယ်ဖို့အတွက်

 

အဓိကက ကိုယ့်ရဲ့ခေါင်းကိုက်တတ်တဲ့ပုံစံကို ကိုယ်သိထားရမယ်။ ဒါမှကြိုတင်ကာကွယ်နိုင်မှပေါ့။

တကယ်လို့ခေါင်းကိုက်ရင်သောက်ဖို့ဆေးတွေပေးထားတယ်ဆိုရင် နားတွေအူလာတာ၊ မျက်လုံးထဲအရောင်တွေမြင်လာတာ၊ ပျို့ချင်အန်ချင်လာတာစသဖြင့် ခေါင်းကိုက်တော့မယ့်လက္ခဏာတွေပြတာနဲ့ ဆေးသောက်လိုက်ပါ။

 

ဒါ့အပြင်

• တစ်ညကို၇နာရီကနေ ၈နာရီလောက်အိပ်တာ

• တစ်နေ့ကိုအနည်းဆုံးရေ၈ခွက်သောက်တာ

• လေ့ကျင့်ခန်းမှန်မှန်လုပ်တာ

• ကျန်းမာရေးနဲ့ညီညွတ်အောင်စားပြီး အဆာမခံတာ

• စိတ်ဖိစီးမှုများနေရင် စိတ်ပြေလျော့တဲ့လေ့ကျင့်ခန်းတွေလုပ်တာ စသဖြင့် နေ့စဉ်နေထိုင်မှုကိုလည်းပြောင်းလဲပေးကြည့်ပါ။

 

>> နောက်ဆုံးအနေနဲ့ပြောရရင်

 

ရာသီဥတုကို ကိုယ်မပိုင်ပေမယ့် ကိုယ့်ခေါင်းကိုက်ပုံကို ကိုယ်သိပြီး သေချာစောင့်ကြည့်မယ်ဆိုရင် ခေါင်းကိုက်တာကို ကောင်းကောင်းထိန်းနိုင်မှာပါ။

 

Dr. Mya Phoo Ngon (www.drmyanmar.com)