/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/အကိုက်အခဲပျောက်ဆေး-aspirin-ကို-နေ့စဉ်သောက်သင့်သလား

အကိုက်အခဲပျောက်ဆေး Aspirin ကို နေ့စဉ်သောက်သင့်သလား

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

        အကိုက်အခဲပျောက်ဆေးကို လူတိုင်းနေ့စဉ်သောက်လို့ရတယ်ဆိုတဲ့ ထောက်ခံချက် မရှိပါဘူး။ ညောင်းညာကိုက်ခဲနေတဲ့အချိန် ဝေဒနာသက်သာစေဖို့ သောက်တာမမှားဘူးဆိုပေမယ့် တချို့သူတွေမှာ ရက်ခပ်စိတ်စိတ်သောက်တတ်ကြသူတွေရှိပါတယ်။ ဆေးရဲ့ဘေးထွက်ဆိုးကျိုးဆိုတာ ရှိနိုင်တဲ့အတွက် ကျန်းမာရေးလိုအပ်ချက်အရ ဆရာဝန်ထံမှ သောက်ဖို့ခွင့်ပြုချက်ရသူများမှအပ အခြားသူတွေအနေနဲ့ ကိုယ်ပိုင်ဆုံးဖြတ်ပြီး နေ့စဉ်သောက်တာမျိုး မလုပ်သင့်သလို မိမိမှီဝဲလိုသည့်ဆေးဝါး အမည်ကို ဆရာဝန် (သို့မဟုတ်) ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူများအား မေးမြန်းတိုင်ပင်ပြီးမှသောက်တာ အကောင်းဆုံးဖြစ်ပါတယ်။

        လူအများစုက ဝေဒနာကိုယာယီသက်သာစေတဲ့ အာနိသင်အပေါ် လွန်စွာနှစ်ခြိုက်ပြီး အကိုက်အခဲပျောက်ဆေးကို စွဲစွဲမြဲမြဲသောက်နေကြခြင်းအပေါ် အရှိန်သတ်သွားစေနိုင်ရန်အတွက် US Preventive Services Task Force (USPSTF) မှ အကိုက်အခဲပျောက်ဆေးတစ်မျိုးဖြစ်တဲ့ အက်စပရင်မှီဝဲခြင်းနဲ့ ပတ်သက်လို့ နောက်ဆက်တွဲအန္တရာယ်ဖြစ်စေမှုကို လေ့လာခဲ့ရာ အက်စပရင်နေ့စဉ်သောက်ခြင်းဟာ သွေးထွက် လွန်ခြင်း၊ လေဖြတ်ခြင်း၊ အမြင်အာရုံပြဿနာများဖြစ်ခြင်းနဲ့ ဆက်စပ်မှုရှိကြောင်းကို သက်သေအထောက်အထားများနဲ့ တကွ တွေ့ရှိခဲ့ပါတယ်။ ဆက်လက်ပြီး USPSTF ကအသက် 50 မှ 69 နှစ်ကြား အသက်အရွယ် အပိုင်းအခြားတွေမှာ နှလုံးသွေးကြောဆိုင်ရာရောဂါ၊ အူမကြီးကင်ဆာရောဂါကာကွယ်ဖို့ အက်စပရင်ဆေး နေ့စဉ်သောက်ခြင်းနဲ့ ပတ်သက်ပြီး လည်း လေးလေးနက်နက်စဉ်းစားဖို့လိုအပ်ကြောင်း 2016 ခုနှစ် ဧပြီလတွင် တင်ပြထားပါတယ်။ ဒါ့အပြင်အသက် 50 မှ 70 နှစ်ကြားအရွယ် အက်စပရင်သောက်သူတွေ အနေနဲ့ အောက်ဖော်ပြပါ အခြေအနေမျိုးတွေရှိမှသာ အက်စပရင်ဆေးကို ညွှန်ကြားချက်ဖြင့် သောက်သင့်ကြောင်းကိုလည်း တွဲလျက်ဖော်ပြထားပါတယ်။

1. နှလုံးသွေးကြောဆိုင်ရာ ရောဂါဖြစ်နိုင်ခြေ 10 ရာခိုင်နှုန်းအထိရှိလျှင်

2. သွေးထွက်လွန်နိုင်သည့်အလားအလာမရှိလျှင်

3. ကာလရှည်ကြာ နေ့စဉ်အက်စပရင်စွဲသောက်သော်လည်း ခန္ဓာကိုယ်မှ တုံ့ပြန်အားကောင်းနိုင်သည်ဟု စစ်ဆေးတွေ့ရှိရလျှင်

 

Mg Hlaing Thwin

www.drmyanmar.com