/
news/က်န္းမာေရး-ဆိုင္ရာဗဟုသုတမ်ား/အစာမေၾကျခင္း

အစာမေၾကျခင္း

Category
က်န္းမာေရး ဆိုင္ရာဗဟုသုတမ်ား

          အစားေတြ အလြန္အကြၽံ စားရင္၊ အရမ္း ျမန္ျမန္ႀကီးစားရင္ (သို႔) ကိုယ္နဲ႔မတည့္တဲ့အရာေတြကို စားမိရင္ အစာမေၾက ရင္ျပည့္ရင္ကယ္ ျဖစ္တတ္ပါတယ္။

          တစ္ခါတေလ အစာမေၾကတာနဲ႔အတူ ရင္ပူတာပါ တြဲျဖစ္ေလ့ရွိပါတယ္။ ရင္ပူတာကေတာ့ ႏွလံုးျပႆနာေၾကာင့္ မဟုတ္ဘဲနဲ႔ အစာအိမ္ထဲက အက္ဆစ္ေတြက အစာႁပြန္ထဲကို ျပန္ကန္တက္လို႔ပါ။

          စိတ္ဖိစီးမႈ၊ အိပ္ေရးမဝျခင္း၊ ေဆးလိပ္ေသာက္ျခင္း၊ အရက္ေသာက္ျခင္းေတြေၾကာင့္လည္း အစာမေၾကတာကို ပိုဆိုးေစပါတယ္။

          အစာအိမ္အနာျဖစ္ျခင္းလိုမ်ိဳး အစာေျချပႆနာေတြေၾကာင့္ အစာမေၾကတာ၊ ရင္ပူတာေတြကို ျဖစ္ေစႏိုင္ေပမယ့္လည္း ဒါက ကေလးေတြမွာ အျဖစ္နည္းပါတယ္။

          ဒီေတာ့ ရင္ပူတာအျပင္ အစာမေၾကတာကိုပါ ခံစားေနရတယ္ဆိုရင္ ေအာက္ပါလကၡဏာေတြလည္း ရွိႏိုင္ပါတယ္။

●        ဝမ္းဗိုက္အေပၚပိုင္းေအာင့္ျခင္း (သို႔) ပူျခင္း အထူးသျဖင့္ အလယ္မွာ အျဖစ္မ်ားပါတယ္။

●        ပ်ိဳ႕ျခင္း

●        ဗိုက္ျပည့္ဗိုက္ကယ္ျဖစ္ျခင္း

●        ေလတက္ျခင္း

 

>>    ဘယ္လိုဆိုရင္ ဆရာဝန္သြားျပမလဲ?

          အမ်ားအားျဖင့္ေတာ့ အစာေတြ အမ်ားႀကီးစားလိုက္ၿပီးရင္ ခဏတာ အစာမေၾကျဖစ္တတ္ပါတယ္။

          ဒါေပမဲ့လည္း က်န္းမာေရးနဲ႔ညီညြတ္တဲ့ အစားအစာေတြပဲစား၊ ေလ့က်င့္ခန္းလုပ္၊ အိပ္ေရးလည္း ဝဝအိပ္ရက္သားနဲ႔ အစာမေၾက ျဖစ္တယ္ဆိုရင္ေတာ့ ဆရာဝန္ သြားျပသင့္ပါတယ္။

          အစာမေၾကတာက အစာေျခလမ္းေၾကာင္းျပႆနာ တစ္ခုခုေၾကာင့္လားဆိုတာကို အေျဖရွာဖို႔အတြက္ လိုအပ္တဲ့ ဓာတ္မွန္႐ိုက္တာနဲ႔ အျခားစစ္ေဆးမႈေတြကို လုပ္ရပါမယ္။

Kremil-S 1

>>    ေအာက္ပါလကၡဏာေတြ ျဖစ္လာရင္ ဆရာ၀န္နဲ႕ တိ္ုင္ပင္ေဆြးေႏြးပါ။

●        အန္ျခင္း (အထူးသျဖင့္ အန္တဲ့အထဲမွာ ေသြးပါရင္)

●        ကိုယ္အေလးခ်ိန္ က်လာတယ္လို႔ထင္ရင္

●        တစ္ရက္ထက္ ပိုၿပီးေတာ့ အစာစားခ်င္စိတ္မရွိရင္

●        အသက္ရွဴ ျမန္လာရင္

●        အေၾကာင္းအရင္းမရွိ ေခြၽးထြက္ရင္

●        ဗိုက္နာတာက မေပ်ာက္ဘဲန ဲ႔ပိုဆိုးလာရင္

●        ဝမ္းမည္းမည္းသြားရင္ (သို႔) ဝမ္းထဲမွာ ေသြးပါရင္

 

>>    ကာကြယ္ျခင္း

          တခ်ိဳ႕လူေတြက ဘာစားစား အစာမေၾကျဖစ္တာမရွိဘဲ အဆင္ေျပေပမယ့္လည္း တခ်ိဳ႕က်ေတာ့ အဆင္မေျပတဲ့ အစားအစာေတြ ရွိပါတယ္။ ဒီလို ကိုယ္နဲ႔အဆင္မေျပတဲ့ အစားအစာတစ္ခုခုက သတိထားမိရင္ ဒါကို အမ်ားႀကီးမစားပါနဲ႔။ ျဖစ္ႏိုင္ရင္ လံုးဝမစားဘဲ ေရွာင္ပါ။ ဒါ့အျပင္ တစ္ခါစားရင္ အမ်ားႀကီးစားမယ့္အစား နည္းနည္းနဲ႔ မၾကာခဏစားေပးပါ။ ေအာက္ပါအခ်က္ေလးေတြကလည္း အစာမေၾက မျဖစ္ရေလေအာင္ ကာကြယ္ေပးႏိုင္ပါတယ္။

●        အေၾကာ္ေတြ၊ ဘာဂါေတြလိုမ်ိဳး အဆီမ်ားတဲ့ အစားအစာေတြကို တတ္ႏိုင္သမွ် ေရွာင္ပါ။

●        ေခ်ာကလက္ အမ်ားႀကီး မစားပါနဲ႔။

●        ျဖည္းျဖည္းခ်င္း ဝါးစားပါ။

●        ေဆးလိပ္ မေသာက္ပါနဲ႔။

●        စိတ္ေျပလက္ေပ်ာက္ရွိေစမယ့္ နည္းလမ္းေတြရွာပါ။ စိတ္ဖိစီးမႈကို ေလွ်ာ့ခ်ပါ။

●        စားၿပီးရင္ ခႏၶာကိုယ္ကို အစာေျခခ်ိန္ေလးေတာ့ ေပးပါ။ အစားေတြ အမ်ားႀကီးစားၿပီး ခ်က္ခ်င္းႀကီး အားကစားလုပ္တာမ်ိဳး မလုပ္ပါနဲ႔။ အနည္းဆံုး ေလ့က်င့္ခန္း၊ အားကစား မလုပ္ခင္နဲ႔လုပ္ၿပီး တစ္နာရီေလာက္ ခြာၿပီး စားပါ။

Dr. Mya Myo Myo Swe (www.drmyanmar.com)

Kremil-S 2

(Unicode)

    အစားတွေ အလွန်အကျွံ စားရင်၊ အရမ်း မြန်မြန်ကြီးစားရင် (သို့) ကိုယ်နဲ့မတည့်တဲ့အရာတွေကို စားမိရင် အစာမကြေ ရင်ပြည့်ရင်ကယ် ဖြစ်တတ်ပါတယ်။
    တစ်ခါတလေ အစာမကြေတာနဲ့အတူ ရင်ပူတာပါ တွဲဖြစ်လေ့ရှိပါတယ်။ ရင်ပူတာကတော့ နှလုံးပြဿနာကြောင့် မဟုတ်ဘဲနဲ့ အစာအိမ်ထဲက အက်ဆစ်တွေက အစာပြွန်ထဲကို ပြန်ကန်တက်လို့ပါ။
    စိတ်ဖိစီးမှု၊ အိပ်ရေးမဝခြင်း၊ ဆေးလိပ်သောက်ခြင်း၊ အရက်သောက်ခြင်းတွေကြောင့်လည်း အစာမကြေတာကို ပိုဆိုးစေပါတယ်။
    အစာအိမ်အနာဖြစ်ခြင်းလိုမျိုး အစာခြေပြဿနာတွေကြောင့် အစာမကြေတာ၊ ရင်ပူတာတွေကို ဖြစ်စေနိုင်ပေမယ့်လည်း ဒါက ကလေးတွေမှာ အဖြစ်နည်းပါတယ်။
    ဒီတော့ ရင်ပူတာအပြင် အစာမကြေတာကိုပါ ခံစားနေရတယ်ဆိုရင် အောက်ပါလက္ခဏာတွေလည်း ရှိနိုင်ပါတယ်။
●    ဝမ်းဗိုက်အပေါ်ပိုင်းအောင့်ခြင်း (သို့) ပူခြင်း အထူးသဖြင့် အလယ်မှာ အဖြစ်များပါတယ်။
●    ပျို့ခြင်း
●    ဗိုက်ပြည့်ဗိုက်ကယ်ဖြစ်ခြင်း
●    လေတက်ခြင်း

>>    ဘယ်လိုဆိုရင် ဆရာဝန်သွားပြမလဲ?
    အများအားဖြင့်တော့ အစာတွေ အများကြီးစားလိုက်ပြီးရင် ခဏတာ အစာမကြေဖြစ်တတ်ပါတယ်။
    ဒါပေမဲ့လည်း ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအစာတွေပဲစား၊ လေ့ကျင့်ခန်းလုပ်၊ အိပ်ရေးလည်း ဝဝအိပ်ရက်သားနဲ့ အစာမကြေ ဖြစ်တယ်ဆိုရင်တော့ ဆရာဝန် သွားပြသင့်ပါတယ်။
    အစာမကြေတာက အစာခြေလမ်းကြောင်းပြဿနာ တစ်ခုခုကြောင့်လားဆိုတာကို အဖြေရှာဖို့အတွက် လိုအပ်တဲ့ ဓာတ်မှန်ရိုက်တာနဲ့ အခြားစစ်ဆေးမှုတွေကို လုပ်ရပါမယ်။

>>    အောက်ပါလက္ခဏာတွေ ဖြစ်လာရင် ဆရာဝန်နဲ့ တိ်ုင်ပင်ဆွေးနွေးပါ။
●    အန်ခြင်း (အထူးသဖြင့် အန်တဲ့အထဲမှာ သွေးပါရင်)
●    ကိုယ်အလေးချိန် ကျလာတယ်လို့ထင်ရင်
●    တစ်ရက်ထက် ပိုပြီးတော့ အစာစားချင်စိတ်မရှိရင်
●    အသက်ရှူ မြန်လာရင်
●    အကြောင်းအရင်းမရှိ ချွေးထွက်ရင်
●    ဗိုက်နာတာက မပျောက်ဘဲန ဲ့ပိုဆိုးလာရင်
●    ဝမ်းမည်းမည်းသွားရင် (သို့) ဝမ်းထဲမှာ သွေးပါရင်

>>    ကာကွယ်ခြင်း
    တချို့လူတွေက ဘာစားစား အစာမကြေဖြစ်တာမရှိဘဲ အဆင်ပြေပေမယ့်လည်း တချို့ကျတော့ အဆင်မပြေတဲ့ အစားအစာတွေ ရှိပါတယ်။ ဒီလို ကိုယ်နဲ့အဆင်မပြေတဲ့ အစားအစာတစ်ခုခုက သတိထားမိရင် ဒါကို အများကြီးမစားပါနဲ့။ ဖြစ်နိုင်ရင် လုံးဝမစားဘဲ ရှောင်ပါ။ ဒါ့အပြင် တစ်ခါစားရင် အများကြီးစားမယ့်အစား နည်းနည်းနဲ့ မကြာခဏစားပေးပါ။ အောက်ပါအချက်လေးတွေကလည်း အစာမကြေ မဖြစ်ရလေအောင် ကာကွယ်ပေးနိုင်ပါတယ်။
●    အကြော်တွေ၊ ဘာဂါတွေလိုမျိုး အဆီများတဲ့ အစားအစာတွေကို တတ်နိုင်သမျှ ရှောင်ပါ။
●    ချောကလက် အများကြီး မစားပါနဲ့။
●    ဖြည်းဖြည်းချင်း ဝါးစားပါ။
●    ဆေးလိပ် မသောက်ပါနဲ့။
●    စိတ်ပြေလက်ပျောက်ရှိစေမယ့် နည်းလမ်းတွေရှာပါ။ စိတ်ဖိစီးမှုကို လျှော့ချပါ။
●    စားပြီးရင် ခန္ဓာကိုယ်ကို အစာခြေချိန်လေးတော့ ပေးပါ။ အစားတွေ အများကြီးစားပြီး ချက်ချင်းကြီး အားကစားလုပ်တာမျိုး မလုပ်ပါနဲ့။ အနည်းဆုံး လေ့ကျင့်ခန်း၊ အားကစား မလုပ်ခင်နဲ့လုပ်ပြီး တစ်နာရီလောက် ခွာပြီး စားပါ။

Dr. Mya Myo Myo Swe (www.drmyanmar.com)