/
news/က်န္းမာေရး-ဆိုင္ရာဗဟုသုတမ်ား/အစာေၾကဖို႔-ဘယ္ေလာက္ၾကာ

အစာေၾကဖို႔ ဘယ္ေလာက္ၾကာ?

Category
က်န္းမာေရး ဆိုင္ရာဗဟုသုတမ်ား

ေယဘုယ်​ေျပာရမယ္​ဆိုရင္​ အစာအိမ္​နဲ႔အူလမ္​း​ေၾကာင္​းတစ္​​ေလ်ာက္​ အစာျဖတ္​သြားဖို႔ ၂၄ နာရီက​ေန ၇၂ နာရီ​ေလာက္​ ၾကာနိုင္​တယ္​။ စားတဲ့အစားအ​ေသာက္​​ေပၚမွာလည္​း မူတည္​သလို ​ေယာကၤ်ား၊မိန္​းမလိင္​၊ ဇီဝကမၼျဖစ္​စဥ္​၊ တစ္​ျခားအစာ​ေျချပႆ    နာ​ေတြ​ေပၚမွာလည္​း မူတည္​​ေန​ေသးတယ္​။

အစပိုင္​းမွာ​ေတာ့ အစာျဖတ္​ႏႈန္​းကျမန္​တယ္​။ အစာအိမ္​နဲ႔အူသိမ္​ကိုျဖတ္​ၿပီး အူမႀကီးကို​ေရာက္​ဖို႔ ၆နာရီက​ေန၈နာရီ​ေလာက္​ပဲၾကာတယ္​။

အူမႀကီးကို​ေရာက္​လာတဲ့ ​ေျခဖ်က္​လက္​စတစ္​ပိုင္​းတစ္​စ အစာ​ေတြကို တစ္​ရက္​​ေက်ာ္​​ေလာက္​ၾကာ​ေအာင္​ ျဖည္​းျဖည္​းခ်င္​း​ေျခဖ်က္​​တယ္​။ ဒီလို အူမႀကီးထဲ အစာ​ေျခခ်ိန္​ဟာ အမ်ိဳးသား​ေတြမွာ ၃၃နာရီ၊ အမ်ိဳးသမီး​ေတြမွာ ၄၇နာရီ​ေလာက္​ ၾကာတတ္​တယ္​လို႔ Mayo clinic​ေလ့လာမႈက ဆိုတယ္​။

ဘာစားလဲဆိုတာ​ေပၚလည္​း မူတည္​​ပါေသးတယ္​။ အသား​ေတြငါး​ေတြဆိုရင္​ ​သူတို႔မွာပါတဲ့ ပရိုတင္​း​ေတြ အဆီ​ေတြဟာ ရႈပ္​​ေထြးလို႔ ေျခဖ်က္​ဖို႔ ၂ရက္​​ေလာက္​ၾကာနိုင္​တယ္​။

အသီးအႏွံနဲ႔ အ႐ြက္​​ေတြက​ေတာ့ အမ်ွင္​ဓာတ္​မ်ားတဲ့အတြက္​ ျဖတ္​သြားဖို႔ပိုလြယ္​ၿပီး ၁ရက္​​​ေတာင္​ မၾကာတတ္​ဘူး။

အစာ​ေျခဖို႔ အလြယ္​ဆံုးက​ေတာ့ ျပဳျပင္​ထားတဲ့အခ်ိဳမုန္​႔​ေတြပါပဲ။ နာရီပိုငး္​​ေလာက္​မွာတင္​ အစာ​ေၾကသြားၿပီး ခဏ​ေလးနဲ႔ ဗိုက္​ျပန္​ဆာ​ေစတယ္​။

Kremil-S 1

>> အစာ​ေျခတဲ့ျဖစ္​စဥ္​​ေလးကို အရင္​သိထားဖို႔ လိုတယ္​​ေနာ

 

အစာ​ေတြကို ​ေျခဖ်က္​ၿပီး​ေတာ့ ခႏၶာကိုယ္​ အလုပ္​လုပ္​ဖို႔ လိုအပ္​တဲ့ အာဟာရဓာတ္​​ေတြစုပ္​ယူ​ေပးတဲ့ အလုပ္​ကို အစာအိမ္​နဲ႔အူလမ္​း​ေၾကာင္​းက လုပ္​​ေဆာင္​​ေပးတယ္​။

ဒီလမ္​း​ေၾကာင္​းကို

• ပါးစပ္​

• အစာႁပြန္​

• အစာအိမ္​

• အူသိမ္​

• အူမႀကီးဆိုၿပီး​ေတာ့ ငါးပိုင္​းပိုင္​းထားတယ္​။

ပါးစပ္​ထဲအစာဝါး​ေနတဲ့အခ်ိန္​မွာ တံတြင္​းဂလင္​း​ေတြက တံ​ေတြ​း​ေတြထုတ္​​ေပးတယ္​။ တံ​ေတြးမွာပါတဲ့ အင္​ဇိုင္​းတ္​​ေတြက အစာထဲမွာပါတဲ့ ကစီဓာတ္​​ေတြကို ​ေျခဖ်က္​​ေပးတယ္​။ ဝါးထားတဲ့အစာလံုးဟာ ၿမိဳခ်ရတာ ပိုလြယ္​သြားတာ​ေပါ့။

ၿမိဳခ်လိုက္​တဲ့ အစာလံုးဟာ အစာႁပြန္​တစ္​​ေလ်ာက္​ကို ျဖတ္​သြားၿပီး အစာႁပြန္​အဆံုးမွာရွိတဲ့ ရွံ႕ႀကိဳးႂကြက္​သား​​ေလး ပြင္​့ သြားတဲ့အခါ အစာအိမ္​ထဲကို ​ေရာက္​သြား​ေတာ့တယ္​။

အစာအိမ္​ထဲမွာရွိတဲ့ အက္​ဆစ္​ဓာတ္​​ေတြက အစာ​ေတြကို ပို​ေျခဖ်က္​နိုင္​တယ္​။ အစာ​ေတြနဲ႔ အစာအိမ္​အက္​ဆစ္​​ေတြ အကုန္​​ေရာၿပီး အူသိမ္​ထဲကို ဝင္​သြားတာ​ေပါ့။

အူသိမ္​ထဲ​ေရာက္​တဲ့အခါ ပန္​ကရိယမုန္​႔ခ်ိဳအိတ္​နဲ႔ အသည္​းက အစာ​ေျခရည္​​ေတြထုတ္​​ေပးၿပီး ကစီဓာတ္​​ေတြ၊ အဆီ​ေတြ၊ ပရိုတင္​းအသားဓာတ္​​ေတြကို ​ေျခဖ်က္​တယ္​။ အသည္​းက​ေနထြက္​လာတဲ့ သည္​း​ေျခရည္​ဟာ အဆီ​စုပ္​ယူမႈကို အား​ေပးတယ္​။ ဒါတင္​မက​ေသးဘူး။ ဗီတာမင္​​ေတြ၊ အာဟာရဓာတ္​​ေတြနဲ႔ ​ေရ​ေတြကလည္​း အူသိမ္​နံရံကိုျဖတ္​ၿပီး​ေတာ့ ​ေသြး​ေၾကာထဲဝင္​သြား​ေတာ့တယ္​။ မ​ေၾက​ေသးတဲ့အစာတစ္​ပိုင္​းတစ္​စက​ေတာ့ အူမႀကီးထဲ ဆက္​ဆင္​းသြားတယ္​။

က်န္​တဲ့အာဟာရဓာတ္​​ေတြကို အူမႀကီးက ဆက္​စုပ္​​ေပးတယ္​။ ​မလိုတဲ့အစာ​ေတြက​ေတာ့ ဝမ္​းအျဖစ္နဲ႔ပဲ က်န္​ခဲ့တယ္​။

ဝမ္​းမသြားခင္​အထိကို ဒီအညစ္​​အ​ေၾကး​ေတြက အစာ​ေဟာင္​းအိမ္​ထဲမွာ ရွိ​ေနၾကတယ္​။

 

Dr. Mya Phoo Ngon (www.drmyanmar.com)

Kremil-S 2

(Unicode)

ယေဘုယျပြောရမယ်ဆိုရင် အစာအိမ်နဲ့အူလမ်းကြောင်းတစ်လျောက် အစာဖြတ်သွားဖို့ ၂၄ နာရီကနေ ၇၂ နာရီလောက် ကြာနိုင်တယ်။ စားတဲ့အစားအသောက်ပေါ်မှာလည်း မူတည်သလို ယောင်္ကျား၊မိန်းမလိင်၊ ဇီဝကမ္မဖြစ်စဉ်၊ တစ်ခြားအစာခြေပြဿ    နာတွေပေါ်မှာလည်း မူတည်နေသေးတယ်။

အစပိုင်းမှာတော့ အစာဖြတ်နှုန်းကမြန်တယ်။ အစာအိမ်နဲ့အူသိမ်ကိုဖြတ်ပြီး အူမကြီးကိုရောက်ဖို့ ၆နာရီကနေ၈နာရီလောက်ပဲကြာတယ်။

အူမကြီးကိုရောက်လာတဲ့ ခြေဖျက်လက်စတစ်ပိုင်းတစ်စ အစာတွေကို တစ်ရက်ကျော်လောက်ကြာအောင် ဖြည်းဖြည်းချင်းခြေဖျက်တယ်။ ဒီလို အူမကြီးထဲ အစာခြေချိန်ဟာ အမျိုးသားတွေမှာ ၃၃နာရီ၊ အမျိုးသမီးတွေမှာ ၄၇နာရီလောက် ကြာတတ်တယ်လို့ Mayo clinicလေ့လာမှုက ဆိုတယ်။

ဘာစားလဲဆိုတာပေါ်လည်း မူတည်ပါသေးတယ်။ အသားတွေငါးတွေဆိုရင် သူတို့မှာပါတဲ့ ပရိုတင်းတွေ အဆီတွေဟာ ရှုပ်ထွေးလို့ ခြေဖျက်ဖို့ ၂ရက်လောက်ကြာနိုင်တယ်။

အသီးအနှံနဲ့ အရွက်တွေကတော့ အမျှင်ဓာတ်များတဲ့အတွက် ဖြတ်သွားဖို့ပိုလွယ်ပြီး ၁ရက်တောင် မကြာတတ်ဘူး။

အစာခြေဖို့ အလွယ်ဆုံးကတော့ ပြုပြင်ထားတဲ့အချိုမုန့်တွေပါပဲ။ နာရီပိုင်းလောက်မှာတင် အစာကြေသွားပြီး ခဏလေးနဲ့ ဗိုက်ပြန်ဆာစေတယ်။

 

>> အစာခြေတဲ့ဖြစ်စဉ်လေးကို အရင်သိထားဖို့ လိုတယ်နော်

 

အစာတွေကို ခြေဖျက်ပြီးတော့ ခန္ဓာကိုယ် အလုပ်လုပ်ဖို့ လိုအပ်တဲ့ အာဟာရဓာတ်တွေစုပ်ယူပေးတဲ့ အလုပ်ကို အစာအိမ်နဲ့အူလမ်းကြောင်းက လုပ်ဆောင်ပေးတယ်။

ဒီလမ်းကြောင်းကို

• ပါးစပ်

• အစာပြွန်

• အစာအိမ်

• အူသိမ်

• အူမကြီးဆိုပြီးတော့ ငါးပိုင်းပိုင်းထားတယ်။

ပါးစပ်ထဲအစာဝါးနေတဲ့အချိန်မှာ တံတွင်းဂလင်းတွေက တံတွေးတွေထုတ်ပေးတယ်။ တံတွေးမှာပါတဲ့ အင်ဇိုင်းတ်တွေက အစာထဲမှာပါတဲ့ ကစီဓာတ်တွေကို ခြေဖျက်ပေးတယ်။ ဝါးထားတဲ့အစာလုံးဟာ မြိုချရတာ ပိုလွယ်သွားတာပေါ့။

မြိုချလိုက်တဲ့ အစာလုံးဟာ အစာပြွန်တစ်လျောက်ကို ဖြတ်သွားပြီး အစာပြွန်အဆုံးမှာရှိတဲ့ ရှံ့ကြိုးကြွက်သားလေး ပွင့် သွားတဲ့အခါ အစာအိမ်ထဲကို ရောက်သွားတော့တယ်။

အစာအိမ်ထဲမှာရှိတဲ့ အက်ဆစ်ဓာတ်တွေက အစာတွေကို ပိုခြေဖျက်နိုင်တယ်။ အစာတွေနဲ့ အစာအိမ်အက်ဆစ်တွေ အကုန်ရောပြီး အူသိမ်ထဲကို ဝင်သွားတာပေါ့။

အူသိမ်ထဲရောက်တဲ့အခါ ပန်ကရိယမုန့်ချိုအိတ်နဲ့ အသည်းက အစာခြေရည်တွေထုတ်ပေးပြီး ကစီဓာတ်တွေ၊ အဆီတွေ၊ ပရိုတင်းအသားဓာတ်တွေကို ခြေဖျက်တယ်။ အသည်းကနေထွက်လာတဲ့ သည်းခြေရည်ဟာ အဆီစုပ်ယူမှုကို အားပေးတယ်။ ဒါတင်မကသေးဘူး။ ဗီတာမင်တွေ၊ အာဟာရဓာတ်တွေနဲ့ ရေတွေကလည်း အူသိမ်နံရံကိုဖြတ်ပြီးတော့ သွေးကြောထဲဝင်သွားတော့တယ်။ မကြေသေးတဲ့အစာတစ်ပိုင်းတစ်စကတော့ အူမကြီးထဲ ဆက်ဆင်းသွားတယ်။

ကျန်တဲ့အာဟာရဓာတ်တွေကို အူမကြီးက ဆက်စုပ်ပေးတယ်။ မလိုတဲ့အစာတွေကတော့ ဝမ်းအဖြစ်နဲ့ပဲ ကျန်ခဲ့တယ်။

ဝမ်းမသွားခင်အထိကို ဒီအညစ်အကြေးတွေက အစာဟောင်းအိမ်ထဲမှာ ရှိနေကြတယ်။

 

Dr. Mya Phoo Ngon (www.drmyanmar.com)