/
news/က်န္းမာေရး-ဆိုင္ရာဗဟုသုတမ်ား/အားလပ္ရက္ေခါင္းကိုက္ျခင္းမ်ား

အားလပ္ရက္ေခါင္းကိုက္ျခင္းမ်ား

Category
က်န္းမာေရး ဆိုင္ရာဗဟုသုတမ်ား

အခုခ်ိန္​ဟာ အလုပ္​ပိတ္​ရက္​၊ ​ေက်ာင္​းပိတ္​​ရက္​​ေတြနဲ႔ ​ေပ်ာ္​ရမယ္​့အခ်ိန္​ပါပဲ​ေနာ္​။ ဒါ​ေပမယ္​့လည္​း ​ေခါင္​းတစ္​ျခမ္​းကိုက္​​ေဝဒနာသည္​​ေတြနဲ႔ ​ေခါင္​းကိုက္​တတ္​​သ​​ေတြတစ္​ခ်ိဳ႕​အတြက္​​က​ေတာ့ ဒီအခ်ိန္​ဟာ ​ေခါင္​းကိုက္​​ေဝဒနာစတတ္​တဲ့အခ်ိန္​မ်ိဳးပါပဲ။ ဘာ​ေၾကာင္​့ ဒီလို​ေခါင္​းကိုက္​တတ္​သလဲဆိုရင္​…

 

1.အရက္​

အရက္​​ေၾကာင္​့​ေခါင္​းကိုက္​တာကို သက္​သာ​ေစဖို႔ အ​ေကာင္​းဆံုးနည္​းလမ္​းက​ေတာ့ အရက္​ကို အသင္​့အတင္​့ပဲ​ေသာက္​ဖို႔ပါ။အ​ေကာင္​းဆံုးက​ေတာ့ လံုးလံုး​ေရွာင္​တာ​ေပါ့။

 

2.စိတ္​ဖိစီးျခင္​

တကယ္​လို႔ ​စိတ္​ပူပန္​ၿပီး အစြဲႀကီးတတ္​သူ​ေတြဆိုရင္​​ေတာ့ အားလပ္​ရက္​က ပိုဆိုး​ေစလိမ္​့မယ္​​ေနာ္​။ ဒါ​ေၾကာင္​့ ဒီပိတ္​ရက္​မွာ စိတ္​​ေျပ​ေလ်ာ့​ေစမယ္​့ နည္​းလမ္​း​ေတြကို ႀကိဳးစားလုပ္​ၾကည့္​သင္​့တယ္​။

 

3.ကဖိန္​

အသင္​့အတင္​့​ေသာက္​တာက ​ေခါင္​းကိုက္​တာကို သက္​သာ​ေစနိုင္​​ေပမယ္​့ အမ်ားႀကီး​ေသာက္​မိရင္​ ပိုဆိုး​ေစတတ္တယ္​ဆိုတာ မ​ေမ့ပါနဲ႔​ေနာ္​။ ဒါ​ေၾကာင္​့ ​ေကာ္​ဖီ​ေလွ်ာ့ၿပီး ေရ​ေျပာင္​​း​ေသာက္​တဲ့အခါ ​ေခါင္​းကိုက္​တာပိုသက္​သာလာတယ္​လို႔ ပညာရွင္တစ္​​ေယာက္​ကဆိုပါတယ္​။

Bio Adult 1

4.အားလပ္​ရက္​အစားအ​ေသာက္​​ေတြ

တစ္​ခ်ိဳ႕အစားအ​ေသာက္​​ေတြက ​ေခါင္​းကိုက္​တာကို ပိုဆိုး​ေစႏုိင္​တယ္​​ေနာ္​။ ဝိုင္​နီ​၊ ဘီယာ၊ အခ်ိဳမႈန္​႔၊ ​ေခ်ာ့ကလက္​၊ ခ်ိစ္​၊ အသီးအ႐ြက္​အခ်ဥ္​​ေဖာက္​ထားတာ​ေတြနဲ႔ ပါပရိုနီ​၊ ဝက္​​ေပါင္​​ေျခာက္​​ေတြ၊ အသားလႊာ​ေတြလို ျပဳျပင္​ထားတဲ့အသား​ေတြကို ​ေရွာင္​ပါ။ ဟင္​းႏုႏြယ္​၊ တိူဖူး၊ အုတ္​ဂ်ံဳ၊ ​ဘာ​ေလ၊ ငါးအဆီ၊ သံလြင္​ဆီ၊ ပဲျဖဴ၊ ​ေနၾကာ​ေစ့နဲ႔ ဖရံု​ေစ့​ေတြမ်ားမ်ားစား​ေပးပါ။

 

5.အားလပ္​ရက္​အလင္​း​ေရာင္​​ေတြ

​ေခါင္​းတစ္​ျခမ္​းကိုက္တ​တ္​သူ​ေတြဟာ သူမ်ား​ေတြထက္​စာရင္​ အလင္​း​ေရာင္​ကို ပိုမခံနိုင္​ဘူး။ ဒါ​ေၾကာင္​့ ခရစ္​စမတ္​အပင္​​က မီးသီး​ေတြကို အၾကာႀကီးစိုက္​ၾကည္​့တာမ်ိဳး မလုပ္​ပါနဲ႔။

 

6.ေရ​ေမြးနမူနာ​ေတြ

တစ္​ခ်ိဳ႕​ေတြအတြက္​​ေတာ့​ ​ေရ​ေမြးဟာ စိတ္​ရႈပ္​​ေစတာတင္​မကဘူး၊ ​ေခါင္​းပါ​ကိုက္​​ေစတတ္​တယ္​​ေနာ္​။ အဲဒါ​ေၾကာင္​့ ​ကိုယ္က ေရေမႊးနံ႔ေတြေၾကာင့္ ေခါင္းကိုက္တတ္တယ္ဆိုရင္ ေရွာ့ပင္​းစင္​တာေတြသြားတိုင္း​ ​ေရ​ေမြး​ေကာင္​တာ​ေတြကို ​ေရွာင္​ဖို႔ အႀကံေပးခ်င္ပါတယ္။

 

7.အိမ္​ျပန္​ခ်ိန္​

အလုပ္​မသြားရ​ေတာ့​တာ​ေကာင္​း​ေပမယ္​့ အိပ္​ခ်ိန္​ကို တတ္​နိုင္​သမွ် ပံုမွန္​အတိုင္​းျဖစ္​​ေအာင္​ ထိန္​းဖို႔လိုတယ္​​ေနာ္​။ ​ေန႔လည္​ခင္​းထိအိပ္​တာထက္​ ​ေစာ​ေစာအိပ္​၊ ​ေစာ​ေစာထတာက ပို​ေကာင္​းပါတယ္​။

 

8.ေလယာဥ္​စီးျခင္​

အားလပ္​ရက္​မွာခရီးထြက္​ခ်င္​သလား? ​ေလယာဥ္​နဲ႔ခရီးထြက္​တာဟာ ဦး​ေခါင္​းခြံဂလိုင္​​ေပါက္​​ေတြကို သြားႏႈိးဆြတတ္​တယ္​။

တကယ္လို႔ ကိုယ္က မၾကာခဏထိပ္​ကပ္​နာျဖစ္​တတ္​တယ္​၊ ဒါ​ေပမယ္​့ ​ေလယာဥ္​ကလည္​း မစီးမျဖစ္​ဆိုရင္​ ​ေလယာဥ္​​ေပၚမတက္​ခင္​ ႏွာ​ေခါင္​းတြင္​းအစက္​ခ်​ေဆးထည္​့ဖို႔လိုတယ္​။

 

9.ညမအိပ္​ျခင္​

ညဘက္​ကို ​ေကာင္​း​ေကာင္​းအိပ္​ဖို႔လိုတာ​ေပါ့။ တစ္​ည၆​နာရီ​ေလာက္​ပဲအိပ္​တဲ့လူ​ေတြဟာ ​ေခါင္​းပို​ကိုက္​တတ္​လို႔ ဒီ့ထက္​ပိုအိပ္​ဖို႔လိုပါတယ္​။

Dr. Mya Phoo Ngon (www.drmyanmar.com)

Bio Adult 2

(Unicode)

အခုချိန်ဟာ အလုပ်ပိတ်ရက်၊ ကျောင်းပိတ်ရက်တွေနဲ့ ပျော်ရမယ့်အချိန်ပါပဲနော်။ ဒါပေမယ့်လည်း ခေါင်းတစ်ခြမ်းကိုက်ဝေဒနာသည်တွေနဲ့ ခေါင်းကိုက်တတ်သတွေတစ်ချို့အတွက်ကတော့ ဒီအချိန်ဟာ ခေါင်းကိုက်ဝေဒနာစတတ်တဲ့အချိန်မျိုးပါပဲ။ ဘာကြောင့် ဒီလိုခေါင်းကိုက်တတ်သလဲဆိုရင်…

 

1.အရက်

အရက်ကြောင့်ခေါင်းကိုက်တာကို သက်သာစေဖို့ အကောင်းဆုံးနည်းလမ်းကတော့ အရက်ကို အသင့်အတင့်ပဲသောက်ဖို့ပါ။အကောင်းဆုံးကတော့ လုံးလုံးရှောင်တာပေါ့။

 

2.စိတ်ဖိစီးခြင်း

တကယ်လို့ စိတ်ပူပန်ပြီး အစွဲကြီးတတ်သူတွေဆိုရင်တော့ အားလပ်ရက်က ပိုဆိုးစေလိမ့်မယ်နော်။ ဒါကြောင့် ဒီပိတ်ရက်မှာ စိတ်ပြေလျော့စေမယ့် နည်းလမ်းတွေကို ကြိုးစားလုပ်ကြည့်သင့်တယ်။

 

3.ကဖိန်း

အသင့်အတင့်သောက်တာက ခေါင်းကိုက်တာကို သက်သာစေနိုင်ပေမယ့် အများကြီးသောက်မိရင် ပိုဆိုးစေတတ်တယ်ဆိုတာ မမေ့ပါနဲ့နော်။ ဒါကြောင့် ကော်ဖီလျှော့ပြီး ရေပြောင်းသောက်တဲ့အခါ ခေါင်းကိုက်တာပိုသက်သာလာတယ်လို့ ပညာရှင်တစ်ယောက်ကဆိုပါတယ်။

 

4.အားလပ်ရက်အစားအသောက်တွေ

တစ်ချို့အစားအသောက်တွေက ခေါင်းကိုက်တာကို ပိုဆိုးစေနိုင်တယ်နော်။ ဝိုင်နီ၊ ဘီယာ၊ အချိုမှုန့်၊ ချော့ကလက်၊ ချိစ်၊ အသီးအရွက်အချဉ်ဖောက်ထားတာတွေနဲ့ ပါပရိုနီ၊ ဝက်ပေါင်ခြောက်တွေ၊ အသားလွှာတွေလို ပြုပြင်ထားတဲ့အသားတွေကို ရှောင်ပါ။ ဟင်းနုနွယ်၊ တိူဖူး၊ အုတ်ဂျုံ၊ ဘာလေ၊ ငါးအဆီ၊ သံလွင်ဆီ၊ ပဲဖြူ၊ နေကြာစေ့နဲ့ ဖရုံစေ့တွေများများစားပေးပါ။

 

5.အားလပ်ရက်အလင်းရောင်တွေ

ခေါင်းတစ်ခြမ်းကိုက်တတ်သူတွေဟာ သူများတွေထက်စာရင် အလင်းရောင်ကို ပိုမခံနိုင်ဘူး။ ဒါကြောင့် ခရစ်စမတ်အပင်က မီးသီးတွေကို အကြာကြီးစိုက်ကြည့်တာမျိုး မလုပ်ပါနဲ့။

 

6.ရေမွေးနမူနာတွေ

တစ်ချို့တွေအတွက်တော့ ရေမွေးဟာ စိတ်ရှုပ်စေတာတင်မကဘူး၊ ခေါင်းပါကိုက်စေတတ်တယ်နော်။ အဲဒါကြောင့် ကိုယ်က ရေမွှေးနံ့တွေကြောင့် ခေါင်းကိုက်တတ်တယ်ဆိုရင် ရှော့ပင်းစင်တာတွေသွားတိုင်း ရေမွေးကောင်တာတွေကို ရှောင်ဖို့ အကြံပေးချင်ပါတယ်။

 

7.အိမ်ပြန်ချိန်

အလုပ်မသွားရတော့တာကောင်းပေမယ့် အိပ်ချိန်ကို တတ်နိုင်သမျှ ပုံမှန်အတိုင်းဖြစ်အောင် ထိန်းဖို့လိုတယ်နော်။ နေ့လည်ခင်းထိအိပ်တာထက် စောစောအိပ်၊ စောစောထတာက ပိုကောင်းပါတယ်။

 

8.လေယာဉ်စီးခြင်း

အားလပ်ရက်မှာခရီးထွက်ချင်သလား? လေယာဉ်နဲ့ခရီးထွက်တာဟာ ဦးခေါင်းခွံဂလိုင်ပေါက်တွေကို သွားနှိုးဆွတတ်တယ်။

တကယ်လို့ ကိုယ်က မကြာခဏထိပ်ကပ်နာဖြစ်တတ်တယ်၊ ဒါပေမယ့် လေယာဉ်ကလည်း မစီးမဖြစ်ဆိုရင် လေယာဉ်ပေါ်မတက်ခင် နှာခေါင်းတွင်းအစက်ချဆေးထည့်ဖို့လိုတယ်။

 

9.ညမအိပ်ခြင်း

ညဘက်ကို ကောင်းကောင်းအိပ်ဖို့လိုတာပေါ့။ တစ်ည၆နာရီလောက်ပဲအိပ်တဲ့လူတွေဟာ ခေါင်းပိုကိုက်တတ်လို့ ဒီ့ထက်ပိုအိပ်ဖို့လိုပါတယ်။

 

Dr. Mya Phoo Ngon (www.drmyanmar.com)