/
news/က်န္းမာေရး-ဆိုင္ရာဗဟုသုတမ်ား/အိုမီဂါ-3-ငါးႀကီးဆီေသာက္တုိင္းလည္း-ေကာင္းသလား

အိုမီဂါ 3 ငါးႀကီးဆီေသာက္တုိင္းလည္း ေကာင္းသလား

Category
က်န္းမာေရး ဆိုင္ရာဗဟုသုတမ်ား

ေျပာင္းလဲလာတဲ့ အလွအပဆုိင္ရာ အျမင္မ်ားအရ သြယ္လ်လွပျခင္းကို လူေတြပိုမိုႏွစ္ၿခိဳက္ လာတာေၾကာင့္ လူအမ်ားစုက အဆီလို႔ေျပာလိုက္တာႏွင့္ ေ၀းေ၀းကေရွာင္ဖို႔ ႀကိဳးစားေလ့ရွိၾကပါ တယ္။ ဒါ့အျပင္ အာဟာရျပည့္စံုေအာင္ စားေနတာပဲ အျခားေသာ ျဖည့္စြက္ေဆး၀ါးမ်ားေသာက္ရန္ လိုအပ္လို႔လား စတဲ့အေတြးမ်ဳိးျဖင့္ အိုမီဂါ 3 အပါအ၀င္ အျခားေသာ အာဟာရျဖည့္စြက္ေဆး၀ါးမ်ား ေသာက္သံုးရန္ ဇေ၀ဇ၀ါျဖစ္ေလ့ရွိၾကပါတယ္။

          ဟုတ္ပါတယ္။ ကၽြန္ေတာ္တုိ႔ အဘိုးအဘြားမ်ား ေရွးဘုိးေဘးအစဥ္အဆက္မွာ အားေဆးဆိုတာမရွိဘဲႏွင့္ ကၽြႏ္ုပ္တုိ႔ဘိုးဘြားေတြ အသက္ရွည္က်န္းမာစြာ ေနႏိုင္ခဲ့ၾကပါတယ္။ ဒါေပမဲ့ အခုေခတ္မွာ ေခတ္မီၿမိဳ႕ျပအစနစ္၏ ဖိအားမ်ား၊ အမ်ားအစာမ်ားရဲ႕ အရည္အေသြးမ်ား ႏွိမ့္ဆင္းလာျခင္း၊ အစား အစာမ်ားတြင္ ခႏၶာကုိယ္ကို အႏၱရာယ္ျပဳႏိုင္ေသာ ပစၥည္းမ်ားပါ၀င္လာျခင္းတုိ႔ေၾကာင့္ လူအမ်ားစုဟာ ကၽြႏ္ုပ္တုိ႔ခႏၶာကိုယ္အတြင္းရွိ ဇီ၀ကမၼျဖစ္စဥ္ေတြ ေကာင္းမြန္စြာလည္ပတ္ႏိုင္ရန္ႏွင့္ အင္ဇိုင္းမ်ား အလုပ္လုပ္ရန္အတြက္ အာဟာရျဖည့္စြက္စာမ်ား မွီ၀ဲဖုိ႔လိုအပ္လာတာျဖစ္ပါတယ္။

          ဒါ့အျပင္ အဆီဓာတ္တိုင္းဟာ ကၽြႏ္ုပ္တုိ႔ခႏၶာကိုယ္အတြက္ ရန္သူမဟုတ္ပါဘူး။ ေကာင္းမြန္တဲ့ အဆီေတြဟာ က်န္းမာေရးအတြက္ မရွိမျဖစ္လိုအပ္တဲ့အရာေတြ ျဖစ္ပါတယ္။ အဆီမွာ ျပည့္၀ဆီႏွင့္ မျပည့္၀ဆီဆုိၿပီး ႏွစ္မ်ဳိးရွိပါတယ္။

Maxx Omega 3 1

          လူခႏၶာကိုယ္အတြက္ မရွိမျဖစ္လိုအပ္တဲ့အဆီက မျပည့္၀ဆီျဖစ္ပါတယ္။ မျပည့္၀ဆီေတြက Monounsaturated Fatty acid (သံလြင္ဆီ၊ အုန္းဆီ)ႏွင့္ Polyunsaturated Fat (သစ္ၾကားသီး၊ ေနၾကာေစ့၊ တုိ႔ဟူး၊ ေဆာလ္လမြန္၊ ဆား ဒင္း) ကဲ့သို႔ေသာ ငါးမ်ားမွရေသာ အဆီေတြ ျဖစ္ပါတယ္။

          အိုမီဂါ 3 ဟာ ခႏၶာကိုယ္က မထုတ္လုပ္ႏိုင္တဲ့ မျပည့္၀ဆီ (Polyunsaturated Fat) တစ္မ်ဳိးျဖစ္ၿပီး တူနာ၊ ဆာဒင္၊ ေဆာလ္လမြန္ စတဲ့ပင္လယ္ငါးေတြရဲ႕အဆီမွာ အဓိကေတြ႕ရပါတယ္။ အုိမီဂါ 3 ကိုရရွိဖုိ႔အတြက္ အာဟာရပညာရွင္ေတြက ပင္လယ္ငါးမ်ားကို တစ္ပတ္လွ်င္ ႏွစ္ရက္စားသံုးရန္ အႀကံျပဳထားေသာ္လည္း ပင္လယ္ငါးမ်ား ေရရွည္စားသံုးျခင္းက အခန္႔မသင့္လွ်င္ ပင္လယ္ေရထုညစ္ညမ္းျခင္းေၾကာင့္ျဖစ္တဲ့ ခဲ၊ ျပဒါးအဆိပ္သင့္မႈမ်ား ျဖစ္ပြားႏိုင္ပါတယ္။

          ဒီလိုမ်ိဳး အစားအေသာက္ကေန အိုမီဂါ 3 ကိုရရွိႏိုင္သလို အိုမီဂါ 3 ျဖည့္စြက္အားေဆးေတြကိုလည္း  အခုေနာက္ပိုင္း သံုးစြဲမႈမ်ားလာတာေတြ႔ရပါတယ္။ ဒါေပမယ့္ ေရရွည္စြဲေသာက္ၾကတဲ့ ျဖည့္စြက္အားေဆးေတြမို႔လို႔ ေသခ်ာသန္႔စင္ထားတဲ့ ကုန္ၾကမ္းေတြကို အသံုးျပဳထားတဲ့ ေဆးမ်ိဳးေတြကိုသာ ေရြးခ်ယ္ေသာက္သံုးသင့္ပါတယ္။ တစ္ေန႔တာအတြက္ အိုမီဂါ 3 လိုအပ္ခ်က္က အၾကမ္းဖ်ဥ္းအေနနဲ႔ 500 mg ၀န္းက်င္ျဖစ္ပါတယ္။ ႏွလံုးေရာဂါရွိသူေတြ၊ စိတ္ဖိစီးမႈမ်ားသူေတြနဲ႔ ကင္ဆာေရာဂါေတြကို ကာကြယ္လိုသူေတြမွာေတာ့ ဒီထက္ ပိုမ်ားမ်ားရရွိဖို႔ လိုအပ္ပါတယ္။

          အိုမီဂါ 3 စားသံုးျခင္းက ေသြးထဲရွိမေကာင္းတဲ့ Triglyceride အဆီကို ေလွ်ာ့က်ေစၿပီး အက်ဳိးျပဳ HDL (High Density Lipoprotein) ကိုလက္စထေရာကို မ်ားျပားေစတာေၾကာင့္ ႏွလံုးက်န္းမာေရးကို ေကာင္းမြန္ေစပါတယ္။

Maxx Omega 3 2

          အုိမီဂါ 3 ဟာ သဘာ၀ကေပးစြမ္းတဲ့ အေကာင္းဆံုးအေရာင္က်ေဆး တစ္လက္ျဖစ္ပါတယ္။ ေရာင္ရမ္းမႈႏွင့္ ဆက္စပ္ေနတဲ့ နာတာရွည္ ေ၀ဒနာရွင္ေတြမွာ အိုမီဂါ 3 မွီ၀ဲ ေပးျခင္းက ထိေရာက္တဲ့ နည္းလမ္းတစ္ခုျဖစ္ပါတယ္။ အ႐ိုးရဲ႕သိပ္သည္းဆကို က်စ္လ်စ္ေစၿပီး ေရြ႕လ်ားႏိုင္စြမ္းနဲ႔ ေပ်ာ့ေပ်ာင္းႏိုင္စြမ္းကို ထိန္းထားေပးႏိုင္တာေၾကာင့္ အ႐ိုးႏွင့္အဆစ္အျမစ္မ်ား က်န္းမာေရးကိုလည္း အေထာက္အကူျပဳပါတယ္။

          အိုမီဂါ 3ဟာ အိပ္ေပ်ာ္ေစတဲ့ မယ္လတုိနင္ေဟာ္မုန္း ထြက္ရွိေအာင္ ကူညီေပးတာေၾကာင့္ ႏွစ္ ၿခိဳက္စြာအိပ္ေပ်ာ္ေစမွာျဖစ္ပါတယ္။

          အိုမီဂါ 3 ဖက္တီးအက္ဆစ္တစ္မ်ဳိးျဖစ္တဲ့ DHA ဟာ အာ႐ံုေၾကာဆဲလ္မ်ား အခ်င္းခ်င္း ဆက္ သြယ္မႈေကာင္းမြန္ေစရန္ အေထာက္အကူျပဳတာေၾကာင့္ မွတ္ဥာဏ္အားနည္းတဲ့ အေျခအေနေတြကို သက္သာေစပါတယ္။

          EPA က စိတ္ဖိစီးမႈျဖစ္ေစတဲ့ ေဟာ္မုန္း Cortisol အေပၚမွာ လႊမ္းမုိးႏိုင္ၿပီး စိတ္ဖိစီးမႈ၊ စိတ္ပူပန္ မႈစတာေတြကို ေလ်ာ့က်ေစႏိုင္ပါတယ္။ က်န္းမာတဲ့ ကိုယ္၀န္ျဖစ္ဖုိ႔အတြက္ အေထာက္အကူျပဳပါ တယ္။ EPA နဲ႔ DHA တုိ႔ဟာ ကေလးဦးေႏွာက္ဖြံ႕ၿဖိဳးမႈအတြက္ အေရးပါတဲ့ Fatty Acid ေတြျဖစ္ပါ တယ္။ DHA ဟာ လူရဲ႕ဦးေႏွာက္ထဲမွာ အမ်ားဆံုးရွိေနၿပီး ငါးႏွစ္ေအာက္ကေလးငယ္မ်ားရဲ႕ ဦးေႏွာက္ ဖြံ႕ၿဖိဳးမႈအတြက္ အေရးပါတာကို ေတြ႕ရပါတယ္။

          ကင္ဆာေရာဂါ ကုထံုးခံယူေနစဥ္အတြင္း အိုမီဂါ 3 ပါ၀င္တဲ့ ျဖည့္စြက္ေဆး၀ါးေသာက္သံုး ျခင္းဟာ ကုထံုးရလာဒ္ကို ပိုမိုေကာင္းမြန္ေစတယ္လို႔ ေလ့လာမႈေတြမွာ ေထာက္ျပထားတာကို ေတြ႕ရပါတယ္။ အိုမီဂါ 3 ပံုမွန္ေသာက္သံုးျခင္းက အခ်ဳိ႕ေသာကင္ဆာေတြကို ကာကြယ္ေပးႏိုင္တယ္လို႔ သုေတသီေတြက ဆုိၾကပါတယ္။

Dr. Htet Htet Aung (www.drmyanmar.com)

(Unicode)

          ပြောင်းလဲလာတဲ့ အလှအပဆိုင်ရာ အမြင်များအရ သွယ်လျလှပခြင်းကို လူတွေပိုမိုနှစ်ခြိုက် လာတာကြောင့် လူအများစုက အဆီလို့ပြောလိုက်တာနှင့် ဝေးဝေးကရှောင်ဖို့ ကြိုးစားလေ့ရှိကြပါ တယ်။ ဒါ့အပြင် အာဟာရပြည့်စုံအောင် စားနေတာပဲ အခြားသော ဖြည့်စွက်ဆေးဝါးများသောက်ရန် လိုအပ်လို့လား စတဲ့အတွေးမျိုးဖြင့် အိုမီဂါ 3 အပါအဝင် အခြားသော အာဟာရဖြည့်စွက်ဆေးဝါးများ သောက်သုံးရန် ဇဝေဇဝါဖြစ်လေ့ရှိကြပါတယ်။

          ဟုတ်ပါတယ်။ ကျွန်တော်တို့ အဘိုးအဘွားများ ရှေးဘိုးဘေးအစဉ်အဆက်မှာ အားဆေးဆိုတာမရှိဘဲနှင့် ကျွန်ုပ်တို့ဘိုးဘွားတွေ အသက်ရှည်ကျန်းမာစွာ နေနိုင်ခဲ့ကြပါတယ်။ ဒါပေမဲ့ အခုခေတ်မှာ ခေတ်မီမြို့ပြအစနစ်၏ ဖိအားများ၊ အများအစာများရဲ့ အရည်အသွေးများ နှိမ့်ဆင်းလာခြင်း၊ အစား အစာများတွင် ခန္ဓာကိုယ်ကို အန္တရာယ်ပြုနိုင်သော ပစ္စည်းများပါဝင်လာခြင်းတို့ကြောင့် လူအများစုဟာ ကျွန်ုပ်တို့ခန္ဓာကိုယ်အတွင်းရှိ ဇီဝကမ္မဖြစ်စဉ်တွေ ကောင်းမွန်စွာလည်ပတ်နိုင်ရန်နှင့် အင်ဇိုင်းများ အလုပ်လုပ်ရန်အတွက် အာဟာရဖြည့်စွက်စာများ မှီဝဲဖို့လိုအပ်လာတာဖြစ်ပါတယ်။

          ဒါ့အပြင် အဆီဓာတ်တိုင်းဟာ ကျွန်ုပ်တို့ခန္ဓာကိုယ်အတွက် ရန်သူမဟုတ်ပါဘူး။ ကောင်းမွန်တဲ့ အဆီတွေဟာ ကျန်းမာရေးအတွက် မရှိမဖြစ်လိုအပ်တဲ့အရာတွေ ဖြစ်ပါတယ်။ အဆီမှာ ပြည့်ဝဆီနှင့် မပြည့်ဝဆီဆိုပြီး နှစ်မျိုးရှိပါတယ်။

          လူခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့အဆီက မပြည့်ဝဆီဖြစ်ပါတယ်။ မပြည့်ဝဆီတွေက Monounsaturated Fatty acid (သံလွင်ဆီ၊ အုန်းဆီ)နှင့် Polyunsaturated Fat (သစ်ကြားသီး၊ နေကြာစေ့၊ တို့ဟူး၊ ဆောလ်လမွန်၊ ဆား ဒင်း) ကဲ့သို့သော ငါးများမှရသော အဆီတွေ ဖြစ်ပါတယ်။

          အိုမီဂါ 3 ဟာ ခန္ဓာကိုယ်က မထုတ်လုပ်နိုင်တဲ့ မပြည့်ဝဆီ (Polyunsaturated Fat) တစ်မျိုးဖြစ်ပြီး တူနာ၊ ဆာဒင်၊ ဆောလ်လမွန် စတဲ့ပင်လယ်ငါးတွေရဲ့အဆီမှာ အဓိကတွေ့ရပါတယ်။ အိုမီဂါ 3 ကိုရရှိဖို့အတွက် အာဟာရပညာရှင်တွေက ပင်လယ်ငါးများကို တစ်ပတ်လျှင် နှစ်ရက်စားသုံးရန် အကြံပြုထားသော်လည်း ပင်လယ်ငါးများ ရေရှည်စားသုံးခြင်းက အခန့်မသင့်လျှင် ပင်လယ်ရေထုညစ်ညမ်းခြင်းကြောင့်ဖြစ်တဲ့ ခဲ၊ ပြဒါးအဆိပ်သင့်မှုများ ဖြစ်ပွားနိုင်ပါတယ်။

          ဒီလိုမျိုး အစားအသောက်ကနေ အိုမီဂါ 3 ကိုရရှိနိုင်သလို အိုမီဂါ 3 ဖြည့်စွက်အားဆေးတွေကိုလည်း  အခုနောက်ပိုင်း သုံးစွဲမှုများလာတာတွေ့ရပါတယ်။ ဒါပေမယ့် ရေရှည်စွဲသောက်ကြတဲ့ ဖြည့်စွက်အားဆေးတွေမို့လို့ သေချာသန့်စင်ထားတဲ့ ကုန်ကြမ်းတွေကို အသုံးပြုထားတဲ့ ဆေးမျိုးတွေကိုသာ ရွေးချယ်သောက်သုံးသင့်ပါတယ်။ တစ်နေ့တာအတွက် အိုမီဂါ 3 လိုအပ်ချက်က အကြမ်းဖျဉ်းအနေနဲ့ 500 mg ဝန်းကျင်ဖြစ်ပါတယ်။ နှလုံးရောဂါရှိသူတွေ၊ စိတ်ဖိစီးမှုများသူတွေနဲ့ ကင်ဆာရောဂါတွေကို ကာကွယ်လိုသူတွေမှာတော့ ဒီထက် ပိုများများရရှိဖို့ လိုအပ်ပါတယ်။

          အိုမီဂါ 3 စားသုံးခြင်းက သွေးထဲရှိမကောင်းတဲ့ Triglyceride အဆီကို လျှော့ကျစေပြီး အကျိုးပြု HDL (High Density Lipoprotein) ကိုလက်စထရောကို များပြားစေတာကြောင့် နှလုံးကျန်းမာရေးကို ကောင်းမွန်စေပါတယ်။

          အိုမီဂါ 3 ဟာ သဘာဝကပေးစွမ်းတဲ့ အကောင်းဆုံးအရောင်ကျဆေး တစ်လက်ဖြစ်ပါတယ်။ ရောင်ရမ်းမှုနှင့် ဆက်စပ်နေတဲ့ နာတာရှည် ဝေဒနာရှင်တွေမှာ အိုမီဂါ 3 မှီဝဲ ပေးခြင်းက ထိရောက်တဲ့ နည်းလမ်းတစ်ခုဖြစ်ပါတယ်။ အရိုးရဲ့သိပ်သည်းဆကို ကျစ်လျစ်စေပြီး ရွေ့လျားနိုင်စွမ်းနဲ့ ပျော့ပျောင်းနိုင်စွမ်းကို ထိန်းထားပေးနိုင်တာကြောင့် အရိုးနှင့်အဆစ်အမြစ်များ ကျန်းမာရေးကိုလည်း အထောက်အကူပြုပါတယ်။

          အိုမီဂါ 3ဟာ အိပ်ပျော်စေတဲ့ မယ်လတိုနင်ဟော်မုန်း ထွက်ရှိအောင် ကူညီပေးတာကြောင့် နှစ် ခြိုက်စွာအိပ်ပျော်စေမှာဖြစ်ပါတယ်။

          အိုမီဂါ 3 ဖက်တီးအက်ဆစ်တစ်မျိုးဖြစ်တဲ့ DHA ဟာ အာရုံကြောဆဲလ်များ အချင်းချင်း ဆက် သွယ်မှုကောင်းမွန်စေရန် အထောက်အကူပြုတာကြောင့် မှတ်ဉာဏ်အားနည်းတဲ့ အခြေအနေတွေကို သက်သာစေပါတယ်။

          EPA က စိတ်ဖိစီးမှုဖြစ်စေတဲ့ ဟော်မုန်း Cortisol အပေါ်မှာ လွှမ်းမိုးနိုင်ပြီး စိတ်ဖိစီးမှု၊ စိတ်ပူပန် မှုစတာတွေကို လျော့ကျစေနိုင်ပါတယ်။ ကျန်းမာတဲ့ ကိုယ်ဝန်ဖြစ်ဖို့အတွက် အထောက်အကူပြုပါ တယ်။ EPA နဲ့ DHA တို့ဟာ ကလေးဦးနှောက်ဖွံ့ဖြိုးမှုအတွက် အရေးပါတဲ့ Fatty Acid တွေဖြစ်ပါ တယ်။ DHA ဟာ လူရဲ့ဦးနှောက်ထဲမှာ အများဆုံးရှိနေပြီး ငါးနှစ်အောက်ကလေးငယ်များရဲ့ ဦးနှောက် ဖွံ့ဖြိုးမှုအတွက် အရေးပါတာကို တွေ့ရပါတယ်။

          ကင်ဆာရောဂါ ကုထုံးခံယူနေစဉ်အတွင်း အိုမီဂါ 3 ပါဝင်တဲ့ ဖြည့်စွက်ဆေးဝါးသောက်သုံး ခြင်းဟာ ကုထုံးရလာဒ်ကို ပိုမိုကောင်းမွန်စေတယ်လို့ လေ့လာမှုတွေမှာ ထောက်ပြထားတာကို တွေ့ရပါတယ်။ အိုမီဂါ 3 ပုံမှန်သောက်သုံးခြင်းက အချို့သောကင်ဆာတွေကို ကာကွယ်ပေးနိုင်တယ်လို့ သုတေသီတွေက ဆိုကြပါတယ်။

Dr. Htet Htet Aung (www.drmyanmar.com)