/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/အနှိပ်ခံခြင်း-မာဆတ်-massage-နဲ့-ပတ်သက်ပြီး-မှားယွင်းသောအယူများ

အနှိပ်ခံခြင်း မာဆတ် (massage) နဲ့ ပတ်သက်ပြီး မှားယွင်းသောအယူများ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          ယခုအခါ အနှိပ်ခံခြင်းကို လူကြီးလူငယ်မရွေး နှစ်ခြိုက်စွာ ပြုလုပ်လာကြပါတယ်။ ဒါကြောင့် နှိပ်နယ်ခြင်းနဲ့ ပတ်သက်တဲ့ အယူအဆ အမှားလေးများကို ဖော်ပြပေးမှာမို့ ဆက်လက်ဖတ်ရှုပေးပါ။

 

(၁)    ဘယ်မာဆတ်ကိုပဲသွားသွား နည်းစဉ်များက အတူတူပဲ ဖြစ်ပါတယ်။

          မာဆတ်နည်းစဉ်များအားလုံးဟာ တစ်ညီတစ်ညာတည်း သတ်မှတ်ထားတာ မရှိတဲ့အတွက် ကွဲပြားမှုများ ရှိပါတယ်။

          Spa က မာဆတ်နည်းစဉ်များက သင့်တစ်ကိုယ်လုံး အပန်းပြေစေဖို့ ရည်ရွယ်ထားတာဖြစ်ပြီး ဆရာဝန်များရဲ့ ညွန်ကြားချက်အောက်တွင် စက်ဖြင့်နှိပ်ပေးသော မာဆတ်နည်းစဉ်ကတော့ အရိုးအဆစ်နဲ့ ကြွက်သား နာကျင်ခြင်းများကို ပြေလျော့စေမှာဖြစ်သလို့ ခြေထောက်သီးသန့် မာဆတ်တွေကတော့ ခြေဖဝါးရှိ အာရုံကြောများကို သီးသန့်နှိပ်နယ်ပေးတာ ဖြစ်ပါတယ်။

 

(၂)    ကြွက်သားများကို အဓိကနှိပ်ပေးခြင်း ဖြစ်ပါတယ်။

          တကယ်ကတော့ နှိပ်နယ်ခြင်းဟုဆိုရာတွင် ကြွက်သားများသာမက ပြန်ရည်ကြောများနဲ့ အာရုံကြောများကိုပါ နှိပ်နယ်ပေးခြင်း ဖြစ်ပါတယ်။ ကြွက်သားများကို နှိပ်ပေးခြင်းဖြင့် သွေးလှည့်ပတ်မှု ကောင်းစေခြင်း၊ ကြွက်သားတွင်းရှိ အရည်များကို ရွေ့လျားစေခြင်းဖြင့် အရိုးအဆစ်များကို ပြေလျော့စေပြီး လှုပ်ရှားရ ပိုလွယ်ကူစေပါတယ်။

 

(၃)     နှိပ်နယ်ခြင်းကြောင့်ရသော အကျိုးကျေးဇူးတွေဟာ ရေတိုအတွက်ပဲ ဖြစ်ပါတယ်။

          တစ်ခါတလေမှာ ကျွမ်းကျင်သော အနှိပ်ပညာရှင်တစ်ယောက်က သင့်ကြွက်သား နာကျင်ခြင်းများကို ကုသပေးနိုင်ပါတယ်။ ဖုန်းအသုံးများလို့ ဇက်ကြောတက်ခြင်းကို ပုံမှန်နှိပ်နယ်ပေခြင်းဖြင့် သက်သာစေသလိုပေါ့။

 

(၄)     ခေါင်းတစ်ခြမ်းကိုက်ရောဂါကို နှိပ်ခြင်းသက်သက်ဖြင့် မသက်သာစေပါဘူး။

          ခေါင်းတစ်ခြမ်းကိုက်ဝေဒနာကို ဆေးကုသခြင်း၊ အလင်းရောင်ကို ရှောင်ရှားခြင်းတို့ဖြင့်သာ သက်သာစေနိုင်ပြီး နှိပ်နယ်ခြင်းသက်သက်ဖြင့် သက်သာနိုင်ခြင်းမရှိပါဘူးလို့ ယူဆကြပါတယ်။ တကယ်တော့ နားထင်နဲ့ ဦးခေါင်းတစ်ဝိုက်ကို နှိပ်နယ်ခြင်းဖြင့် ခေါင်းတစ်ခြမ်းကိုက်ခြင်းကို လျင်မြန်စွာ သက်သာစေမှာပါ။

 

(၅)     အနှိပ်ခံနေစဉ်တွင် နှိပ်နေသူကို မနှောက်ယှက်သင့်ပါဘူး။

          နှိပ်နေစဉ် မခံမရပ်နိုင်အောင် နာကျင်ခြင်း ဖြစ်ပေါ်ပါက နှိပ်ပေးနေသူကို ချက်ချင်း အသိပေးသင့်ပါတယ်။ မဟုတ်ပါက အာရုံကြောထိခိုက်ခြင်းနဲ့ အခြားပြဿနာများ ဖြစ်ပေါ်နိုင်လို့ ဖြစ်ပါတယ်။

လေပြေနုသွေး (ဆေး၂) (www.drmyanmar.com)