/
news/က်န္းမာေရး-ဆိုင္ရာဗဟုသုတမ်ား/ေနပူထဲထြက္ရင္-ေခါင္းကိုက္တတ္သလား

ေနပူထဲထြက္ရင္ ေခါင္းကိုက္တတ္သလား

Category
က်န္းမာေရး ဆိုင္ရာဗဟုသုတမ်ား

ေႏြရာသီအားလပ္ရက္ေတြမွာ ေနပူထဲမွာေဆာ့ၾကတယ္၊ ေရကူးၾကတယ္၊ ဒါေတြလုပ္ေနတုန္းေတာ့ေပ်ာ္စရာေကာင္းေပမယ့္ ၿပီးရင္ေတာ့ေခါင္းကိုက္ပါေလေရာ။ အလင္းေရာင္အမ်ားဆံုးအခ်ိန္မွာ လႈပ္ရွားမႈေတြလုပ္ရင္ (သို႔) ေနပူထဲမွာခဏေလာက္ေမွးရင္ေတာင္မွ ခႏၶာကိုယ္က ေနေရာင္ကိုတုန္႔ျပန္မႈရွိပါတယ္။

>> အမ်ိဳးအစားမ်ား

လူေတြက ေနေရာင္ဒဏ္ကိုမခံႏိုင္တဲ့အတြက္ေၾကာင့္ ေနနဲ႔ထိေတြ႕တဲ့အခါမွာ ေခါင္းကိုက္ေစပါတယ္။ ေနပူျပင္းတဲ့ ေဆာင္းတြင္းနဲ႔ ေႏြရာသီအခ်ိန္ေတြမွာ အျပင္ဘက္ေနေရာင္ေအာက္မွာ အၾကာႀကီးေနရင္ ေခါင္းတစ္ျခမ္းကိုက္ေစပါတယ္။ ေနပူထဲမွာေနတဲ့အခ်ိန္မွာ ေခါင္းမွာရွိိတဲ့ အာရံုေၾကာနဲ႔တစ္သွ်ဴးေတြက ပံုစံတစ္မ်ိဳးေျပာင္းသြားၿပီးေတာ့ ေခါင္းေဘးဘက္ေတြနဲ႔ေရွ႕မွာရွိေနတဲ့ အာရံုေၾကာအစြန္ေလးေတြကိုသြားထိၿပီးေတာ့ ေခါင္းကိုက္ေစပါတယ္။

>> ေနေရာင္ရဲ႕သက္ေရာက္မႈမ်ား

ေခါင္းကိုက္ေနက်လူေတြမွာဆိုရင္ ေရဓာတ္ခမ္းေျခာက္ျခင္းေၾကာင့္ ေခါင္းတစ္ျခမ္းကိုက္တာနဲ႔ ပံုမွန္ေခါင္းကိုက္တာေတြကိုခံစားရေစပါတယ္။ ေနေရာင္ျခည္နဲ႔တိုက္ရိုက္ထိေတြ႕တာ၊ ေနေရာင္မ်က္စိကိုထိုးေနတာေတြေၾကာင့္လည္းေခါငး္ကိုက္တတ္ပါတယ္။ ေႏြရာသီမွာဆိုရင္ ညဆိုေနာက္က်မွအိပ္ၿပီးေတာ့ မနက္ကို ေနာက္က်မွထတဲ့အခါမွာ မနက္စာခ်ိန္ေက်ာ္သြားတာေတြကလည္း ေခါင္းကိုက္တတ္သူေတြကိုေခါငး္ပိုကိုက္ေစႏိုင္သလို အိပ္ခ်ိန္မ်ားလြန္းရင္လည္း ေခါငး္ကိုက္တတ္ပါတယ္။ ေန႔ဘက္ေနပူပူေအာက္မွာ ေလ့က်င့္ခန္းလုပ္တာကလည္း ခႏၶာကိုယ္အပူေတြတက္ေစၿပီးေတာ့ေခါငး္ကိုက္ေစပါတယ္။

Bio Adult 1

>> ေခါင္းကိုက္တာေတြ သက္သာေစဖို႔အတြက္ ဘာလုပ္ၾကမလဲ

ေရဓာတ္ျပည့္ဝေနေစဖို႔ ေရမ်ားမ်ားေသာက္ေပးပါ။ လက္ဖက္ရည္ေအးေတြ၊ အခ်ိဳရည္ေတြက ေရငတ္ေျပေစတယ္လို႔ထင္ရေပမယ့္လည္း တကယ္တမ္းက်ေတာ့ဒါေတြက citric acid ကိ္ု sensitive ျဖစ္တဲ့သူေတြမွာ ေခါင္းကိုက္တာကိုပိုဆိုးေစပါတယ္။ ကိုယ္ေရငတ္တယ္လို႔မခံစားရခင္မွာ ေရကိုႀကိဳၿပီးေသာက္ေပးထားပါ။ တစ္ေန႔ကို ေရ ၁-၂ လီတာေလာက္ေသာက္ေပးၿပီးေတာ့ ကဖင္းေလွ်ာ့ေသာက္ပါ။ ေန႔တိုင္း အိပ္ခ်ိန္၊ ထခ်ိန္ကိုပံုမွန္သတ္မွတ္ထားပါ။ ကိုယ့္မွာ အစာေသခ်ာထိုင္စားဖို႔အခ်ိန္မရွိဘူးဆိုရင္ေတာင္မွ သၾကားဓာတ္ကမက်သြားေစဖို႔ အာဟာရျပည့္ဝတဲ့ သြားရည္စာေတြစားေပးပါ။ အျပင္သြားရင္ အေရာင္ေဖ်ာ့ေဖ်ာ့အဝတ္အစားေတြ၊ ေနကာမ်က္မွန္၊ ဦးထုပ္စတာေတြဝတ္ဆင္သြားပါ။

>> ဒီိအခ်က္ေတြကိုလည္းထည့္စဥ္းစားဖို႔လိုတယ္ေနာ္

စိတ္ဖိစီးမႈေတြက ေခါင္းတစ္ျခမ္းကိုက္တာကိုပိုဆိုးေစလို႔ ျဖစ္ႏိုင္ရင္ ကိုယ္လုပ္ရမယ့္အလုပ္ေတြကို ေသခ်ာအစီအစဥ္ဆြဲထားပါ။ လုပ္ရမယ့္အလုပ္ေတြကို ေသခ်ာခ်ေရးထားၿပီးေတာ့ အစီအစဥ္တက်လုပ္တာ၊ တျခားသူေတြကိုလည္းအလုပ္ေတြခြဲေပးတာေတြလုပ္ၿပီး ဖိအားေတြကိုေလွ်ာ့ခ်ပါ။ ကိုယ္အတြက္ အနားယူအပန္းေျဖဖို႔အခ်ိန္ ရေအာင္ယူပါ။ အလုပ္ၿပီးရင္ ၃၀-၄၅ မိနစ္ေလာက္္နားခ်ိန္ယူၿပီးေတာ့ အပန္းေျဖၿပီးစိတ္ဖီစီးမႈေတြကိုိေျဖေလွ်ာ့ပါ။ ဘာမွလုပ္စရာမရွိရင္ ေခြးေလး၊ေၾကာင္ေလးနဲ႔ေဆာ့တာျဖစ္ျဖစ္၊ ပန္ကာေဘးေလးမွာလွဲၿပီးေတာ့မ်က္လံုးေလးမွိတ္ၿပီးအနားယူပါ။

ေႏြရာသီိမွာႀကံဳရတဲ့ေခါင္းကိုက္တာေတြထဲမွာအျဖစ္မ်ားဆံုးကေတာ့ tension headache ပါ။ ေနာက္ေၾကာေတြတင္းေနတာက ေန ေခါင္းေနာက္ကိုတက္လာၿပီးေတာ့ ေခါငး္ေတြကိုက္ပါတယ္။ ဒီလိုေခါင္းကိုက္တာေတြကိုခံစားရၿပီဆိုရင္ေတာ့ ေနပူထဲမထြက္ပဲ တစ္ႏိုင္သမွ် အိမ္ထဲမွာပဲေနၿပီးကိုယ့္ကိုယ္ကို ဂရုစုိက္ပါ။

Dr. Mya Myo Myo Swe (www.drmyanmar.com)

Bio Adult 2

(Unicode)

နွေရာသီအားလပ်ရက်တွေမှာ နေပူထဲမှာဆော့ကြတယ်၊ ရေကူးကြတယ်၊ ဒါတွေလုပ်နေတုန်းတော့ပျော်စရာကောင်းပေမယ့် ပြီးရင်တော့ခေါင်းကိုက်ပါလေရော။ အလင်းရောင်အများဆုံးအချိန်မှာ လှုပ်ရှားမှုတွေလုပ်ရင် (သို့) နေပူထဲမှာခဏလောက်မှေးရင်တောင်မှ ခန္ဓာကိုယ်က နေရောင်ကိုတုန့်ပြန်မှုရှိပါတယ်။

>> အမျိုးအစားများ<<လူတွေက နေရောင်ဒဏ်ကိုမခံနိုင်တဲ့အတွက်ကြောင့် နေနဲ့ထိတွေ့တဲ့အခါမှာ ခေါင်းကိုက်စေပါတယ်။ နေပူပြင်းတဲ့ ဆောင်းတွင်းနဲ့ နွေရာသီအချိန်တွေမှာ အပြင်ဘက်နေရောင်အောက်မှာ အကြာကြီးနေရင် ခေါင်းတစ်ခြမ်းကိုက်စေပါတယ်။ နေပူထဲမှာနေတဲ့အချိန်မှာ ခေါင်းမှာရှိတဲ့ အာရုံကြောနဲ့တစ်သျှူးတွေက ပုံစံတစ်မျိုးပြောင်းသွားပြီးတော့ ခေါင်းဘေးဘက်တွေနဲ့ရှေ့မှာရှိနေတဲ့ အာရုံကြောအစွန်လေးတွေကိုသွားထိပြီးတော့ ခေါင်းကိုက်စေပါတယ်။

>> နေရောင်ရဲ့သက်ရောက်မှုများ<<ခေါင်းကိုက်နေကျလူတွေမှာဆိုရင် ရေဓာတ်ခမ်းခြောက်ခြင်းကြောင့် ခေါင်းတစ်ခြမ်းကိုက်တာနဲ့ ပုံမှန်ခေါင်းကိုက်တာတွေကိုခံစားရစေပါတယ်။ နေရောင်ခြည်နဲ့တိုက်ရိုက်ထိတွေ့တာ၊ နေရောင်မျက်စိကိုထိုးနေတာတွေကြောင့်လည်းခေါင်းကိုက်တတ်ပါတယ်။ နွေရာသီမှာဆိုရင် ညဆိုနောက်ကျမှအိပ်ပြီးတော့ မနက်ကို နောက်ကျမှထတဲ့အခါမှာ မနက်စာချိန်ကျော်သွားတာတွေကလည်း ခေါင်းကိုက်တတ်သူတွေကိုခေါင်းပိုကိုက်စေနိုင်သလို အိပ်ချိန်များလွန်းရင်လည်း ခေါင်းကိုက်တတ်ပါတယ်။ နေ့ဘက်နေပူပူအောက်မှာ လေ့ကျင့်ခန်းလုပ်တာကလည်း ခန္ဓာကိုယ်အပူတွေတက်စေပြီးတော့ခေါင်းကိုက်စေပါတယ်။

>> ခေါင်းကိုက်တာတွေ သက်သာစေဖို့အတွက် ဘာလုပ်ကြမလဲ<<ရေဓာတ်ပြည့်ဝနေစေဖို့ ရေများများသောက်ပေးပါ။ လက်ဖက်ရည်အေးတွေ၊ အချိုရည်တွေက ရေငတ်ပြေစေတယ်လို့ထင်ရပေမယ့်လည်း တကယ်တမ်းကျတော့ဒါတွေက citric acid ကို sensitive ဖြစ်တဲ့သူတွေမှာ ခေါင်းကိုက်တာကိုပိုဆိုးစေပါတယ်။ ကိုယ်ရေငတ်တယ်လို့မခံစားရခင်မှာ ရေကိုကြိုပြီးသောက်ပေးထားပါ။ တစ်နေ့ကို ရေ ၁-၂ လီတာလောက်သောက်ပေးပြီးတော့ ကဖင်းလျှော့သောက်ပါ။ နေ့တိုင်း အိပ်ချိန်၊ ထချိန်ကိုပုံမှန်သတ်မှတ်ထားပါ။ ကိုယ့်မှာ အစာသေချာထိုင်စားဖို့အချိန်မရှိဘူးဆိုရင်တောင်မှ သကြားဓာတ်ကမကျသွားစေဖို့ အာဟာရပြည့်ဝတဲ့ သွားရည်စာတွေစားပေးပါ။ အပြင်သွားရင် အရောင်ဖျော့ဖျော့အဝတ်အစားတွေ၊ နေကာမျက်မှန်၊ ဦးထုပ်စတာတွေဝတ်ဆင်သွားပါ။

>> ဒီအချက်တွေကိုလည်းထည့်စဉ်းစားဖို့လိုတယ်နော်<<စိတ်ဖိစီးမှုတွေက ခေါင်းတစ်ခြမ်းကိုက်တာကိုပိုဆိုးစေလို့ ဖြစ်နိုင်ရင် ကိုယ်လုပ်ရမယ့်အလုပ်တွေကို သေချာအစီအစဉ်ဆွဲထားပါ။ လုပ်ရမယ့်အလုပ်တွေကို သေချာချရေးထားပြီးတော့ အစီအစဉ်တကျလုပ်တာ၊ တခြားသူတွေကိုလည်းအလုပ်တွေခွဲပေးတာတွေလုပ်ပြီး ဖိအားတွေကိုလျှော့ချပါ။ ကိုယ်အတွက် အနားယူအပန်းဖြေဖို့အချိန် ရအောင်ယူပါ။ အလုပ်ပြီးရင် ၃၀-၄၅ မိနစ်လောက်နားချိန်ယူပြီးတော့ အပန်းဖြေပြီးစိတ်ဖီစီးမှုတွေကိုဖြေလျှော့ပါ။ ဘာမှလုပ်စရာမရှိရင် ခွေးလေး၊ကြောင်လေးနဲ့ဆော့တာဖြစ်ဖြစ်၊ ပန်ကာဘေးလေးမှာလှဲပြီးတော့မျက်လုံးလေးမှိတ်ပြီးအနားယူပါ။

နွေရာသီမှာကြုံရတဲ့ခေါင်းကိုက်တာတွေထဲမှာအဖြစ်များဆုံးကတော့ tension headache ပါ။ နောက်ကြောတွေတင်းနေတာက နေ ခေါင်းနောက်ကိုတက်လာပြီးတော့ ခေါင်းတွေကိုက်ပါတယ်။ ဒီလိုခေါင်းကိုက်တာတွေကိုခံစားရပြီဆိုရင်တော့ နေပူထဲမထွက်ပဲ တစ်နိုင်သမျှ အိမ်ထဲမှာပဲနေပြီးကိုယ့်ကိုယ်ကို ဂရုစိုက်ပါ။

Dr. Mya Myo Myo Swe (www.drmyanmar.com)