/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ကန်စွန်းဥစားသုံးပေးသင့်သည့်-အကြောင်းရင်း-၈-မျိုး

ကန်စွန်းဥစားသုံးပေးသင့်သည့် အကြောင်းရင်း ( ၈ ) မျိုး

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

        လူအများနှစ်ခြိုက်စွာ စားသုံးနေကြတဲ့ ကန်စွန်းဥဟာ အရသာထူးကဲတဲ့အပြင် ကျန်းမာရေးအတွက်လည်း များစွာအထောက်အကူပြုနိုင်စွမ်းရှိပါတယ်။ ဒါကြောင့် မရှိမဖြစ်လိုအပ်တဲ့ ဗီတာမင်နဲ့ မင်နရယ်လ်တွေပြည့်နှက် ပါ၀င်နေတဲ့ကန်စွန်းဥဟာ ကျန်းမာရေးအတွက် ဘယ်လို အကျိုးကျေးဇူးတွေ ရရှိစေနိုင်သလဲဆိုတာနဲ့ ပတ်သက်ပြီး ဖော်ပြပေးလိုက်ပါတယ်။

 

1.       အင်တီအောက်ဆီးဒင့်ကြွယ်၀စွာပါ၀င်ခြင်း

        ရွှေဝါရောင်ကန်စွန်းဥမှာရော ခရမ်းရောင်သန်းနေတဲ့ကန်စွန်းဥမှာပါ အင်တီအောက်ဆီးဒင့်ကြွယ်၀စွာ ပါ၀င်ပါတယ်။ ဒါကြောင့်ရောင်ရမ်းမှုဖြစ်စဉ်တွေကို လျှော့ချပေးနိုင်တဲ့အပြင် အရွယ်တင်နုပျိုစေပြီး ရောဂါပိုးများ ၀င်ရောက်ခြင်းမှလည်း ကာကွယ်တားဆီးပေးပါတယ်။

 

2.       Manganese ပါ၀င်နှုန်းမြင့်မားခြင်း

        အလယ်အလတ်အရွယ်အစားရှိတဲ့ ကန်စွန်းဥမှာ ခန္ဓာကိုယ်အတွက် တနေ့တာလိုအပ်ချက်ဖြစ်တဲ့ Manganese 28 ရာခို်င်နှုန်းပါ၀င်ပါတယ်။ ယင်းသတ္တုဓာတ် အလုံအလောက်ရရှိခြင်းဖြင့် အားအင်ပြည့်၀နေစေပြီး အရိုးတွေကို သန်မာစေတဲ့အပြင် ခန္ဓာကိုယ်အတွက်မရှိမဖြစ်လိုအပ်တဲ့ အခြားသော အာဟာရဓာတ်တွေကို စုပ်ယူရာမှာလည်း များစွာအထောက်အကူပြုပေးပါတယ်။

 

3.       Beta carotene ဓာတ်ပါ၀င်ခြင်း

        အလယ်အလတ်အရွယ်အစားရှိတဲ့ ကန်စွန်းဥမှာတနေ့တာအတွက် လိုအပ်တဲ့ Beta carotene ဓာတ်ထက် 200 ရာခိုင်နှုန်းပိုမိုပါ၀င်ပါတယ်။ ယင်း beta carotene ဓာတ်ဟာ အမြင်အာရုံကို ကောင်းမွန်စေပြီး ကိုယ်ခံစွမ်းအားကိုလည်း တိုးမြှင့်ပေးပါတယ်။

 

4.       Quercetin ဓာတ်ပါ၀င်ခြင်း

        ကန်စွန်းဥမှာပါ၀င်တဲ့ quercetin ဓာတ်ဟာ သွေးတွင်းမကောင်းတဲ့ ကိုလက်စထရော (LDL)တွေကို လျှော့ကျစေပြီး ရောင်ရမ်းမှုတွေကိုလည်း လျော့နည်းစေပါတယ်။ ဒ့ါအပြင် နှာစေးခြင်း၊ ဓာတ်မတည့်ခြင်းတွေကို လျှော့ကျစေနိုင်တဲ့ Anti-Histamin ဓာတ်လည်း ကန်စွန်းဥမှာပါ၀င်ပါတယ်။

 

5.       သွေးတွင်းသကြားဓာတ်ကိုထိန်းညှိပေးခြင်း

        ကန်စွန်းဥမှာ အမျှင်ဓာတ်ကြွယ်၀စွာပါရှိတာကြောင့် သွေးတွင်းသို့ သကြားဓာတ် စီးဆင်းမှုကို နှေးကွေးစေပြီး သွေးတွင်းသကြားဓာတ် ရုတ်တရက်မြင့်တက်ခြင်းမှ ကာကွယ်ပေးပါတယ်။

 

6.       နှလုံးကျန်းမာရေးအတွက် အထောက်အကူပြုခြင်း

        နှလုံးကျန်းမာရေးအတွက် မရှိမဖြစ်လိုအပ်တဲ့ ပိုတက်ဆီယမ်နဲ့ Vitamin B6 တို့ဟာ ကန်စွန်းဥမှာ ကြွယ်၀စွာပါ၀င်ပါတယ်။ ပိုတက်ဆီယမ်ဓာတ်က သွေးဖိအားမြင့်တက်ခြင်းမှ ကာကွယ်ပေးနိုင်ပြီး Vitamin B6 က သွေးကြောမာကျောခြင်းကိုဖြစ်စေတဲ့ Homocysteine ကို ဖြိုခွဲပေးတာမို့ နှလုံးသွေးကြော ဆိုင်ရာရောဂါတွေဖြစ်ခြင်းမှ တားဆီးပေးပါတယ်။

 

7.       Vitamin C ကြွယ်၀ခြင်း

        ကန်စွန်းဥမှာVitamin C ကြွယ်၀စွာပါ၀င်ပါတယ်။ ၎င်းဗီတာမင်ဟာ အရိုးအဆစ်နဲ့ အရေပြားကျန်းမာရေး အတွက် လိုအပ်တဲ့ကော်လာဂျင်ကို ထုတ်ပေးရာမှာကူညီပေးတဲ့အပြင် စိတ်ဖိစီးမှု ကိုလည်း လျော့ကျစေပါတယ်။ အလယ်အလတ်အရွယ်အစားရှိတဲ့ ကန်စွန်းဥကို စားသုံးရုံနဲ့တနေ့တာအတွက် လိုအပ်တဲ့ vitamin C 40 ရာခိုင်နှုန်းကို ဖြည့်တင်းနိုင်မှာဖြစ်ပါတယ်။

 

8.       Vitamin D လုံလောက်စွာရရှိနိုင်ခြင်း

        ကိုယ်ခံစွမ်းအားအတွက် မရှိမဖြစ်လိုအပ်တဲ့ vitamin D ကိုကန်စွန်းဥစားသုံးခြင်းဖြင့်ရရှိနိုင်ပါတယ်။ Vitamin D ဟာစိတ်ခံစားချက်ကို ကောင်းမွန်စေပြီးအရိုးတွေကိုလည်း သန်မာစေပါတယ်။ ဒါ့အပြင် နှလုံးရောဂါကို ကာကွယ်ပေးနိုင်ပြီး အရေပြားနဲ့သွားကျန်းမာရေးတို့အတွက် အထူးလိုအပ်ပါတယ်။

 

 

CMS

www.drmyanmar.com