/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ခေါင်းကိုက်နေပါတယ်ဆိုမှ-ဘာတွေမေးနေတာလဲ

ခေါင်းကိုက်နေပါတယ်ဆိုမှ ဘာတွေမေးနေတာလဲ?

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

ခေါင်​းကိုက်​​နေလို့ ဆရာဝန်​နဲ့လာပြပါတယ်​ဆိုမှ ​မေးခွန်​း​တွေ​မေးပြီး ​ေ​ခါင်​းပိုကိုက်​​အောင်​ လာလုပ်​​နေတယ်​လို့များ​တွေးမိ​သေးလား?

 

>> ဆရာဝန်​​တွေ​မေးတတ်​တဲ့​မေးခွန်​း​တွေက​တော့

 

1.ညတုန်းကအိပ်​​ရေးဝရဲ့လား?

 

ညဘက်​ဘယ်​အချိန်​အ​ိပ်​လဲ? ချက်​ချင်​း​ရောအိပ်​​ပျော်​လား? ညဘက်​မှာနိုး​သေးလား? ဒီလို​မေးရတာအ​ကြောင်​းရှိလို့​ပေါ့။ ညဘက်​အိပ်​​ရေး​ကောင်​း​ကောင်​းမဝရင်​ ​ခေါင်​းတစ်​ခြမ်​းကိုက်​ဖို့ပိုဖြစ်​နိုင်​တယ်​။

တကယ်​လို့ တစ်​​ရက်​နဲ့တစ်​ရက်​ အိပ်​ချိန်​မတူဘဲ ၁၀နာရီအိပ်​တဲ့​နေ့အိပ်​၊ ညသန်​း​ခေါင်​၂နာရီမှ အိပ်​တဲ့​နေ့အိပ်​တာမျိုးရှိခဲ့ရင်​ ဒါဟာ ​ခေါင်​းကိုက်​​စေတဲ့အ​ကြောင်​းရင်​းဖြစ်​​နေနိုင်​တယ်​။

Bio Adult 1

2.ပုံမှန်​​ရောစားရဲ့လား?

 

တစ်​​နေ့လုံးမှန်​မှန်​စားဖို့အ​ရေးကြိးတယ်​။ တစ်​နပ်​နဲ့တစ်​နပ်​ အရမ်​းခြားသွားရင်​လည်​း ​ခေါင်​းကိုက်​တတ်​တယ်​။

 

3. တစ်​​နေ့ကို​ရေဘယ်​​လောက်​​သောက်​လဲ?

 

ကိုယ်​ခန္ဓာကိုယ်​မှာ အရည်​ဓာတ်​ပြည့်​ဝ​နေဖို့ အ​ရေးကြီးတာ​ပေါ့။ ​ရေဓာတ်​ခမ်​း​ခြောက်​ခဲ့ရင်​ ​ခေါင်​းကိုက်​ဖို့ပိုလွယ်​လာတယ်​။ ​တစ်​​နေ့ကို ​ရေ၆ခွက်​က​နေ၈ခွက်​​လောက်​ထိ ​သောက်​ဖို့လိုတယ်​​နော်​။

 

4.တစ်​​နေ့ကဖိန်​းဘယ်​​လောက်​​သောက်​လဲ?

 

တစ်​​နေ့ကို ​ကော်​ဖီ ဒါမှမဟုတ်​ ကိုလာ ဒါမှမဟုတ်​ အားဖြည်​့အချိုရည်​ ၆ခွက်​​လောက်​ နှစ်​​ပေါင်​းများစွာ ​သောက်​လာခဲ့တယ်​ဆိုရင်​ နည်​းနည်​း​လောက်​ ပမာဏ​ပြောင်​း​သောက်​တာနဲ့ ​ခေါင်​းကိုက်​​စေတတ်​တယ်​။ ကဖိန်​းဓာတ်​ပါတဲ့ အချိုရည်​ တစ်​​နေ့ကို ၈​အောင်​စ ၂ခွက်​ထက်​ပိုပြီး မ​သောက်​ဖို့လိုတယ်​။

ပို​ကောင်​းတာက​တော့ တစ်​ဖြည်​းဖြည်​းချင်​း​လျော့​လျော့သွားပြီး ​နောက်​ဆုံးကဖိန်​းလုံးဝမလို​တော့တဲ့အထိ ဖြတ်​ဖို့လိုတယ်​။ ကဖိန်​းကိုလုံးလုံးမ​သောက်​တာ၊ တစ်​ခါတစ်​​လေ​လောက်​​သောက်​တာ​လောက်​က ​ခေါင်​းကိုက်​တာကို​တောင်​ သက်​သာ​စေနိုင်​စွမ်​းရှိတယ်​။

 

5. ပုံမှန်​​လေ့ကျင်​့ခန်​းလုပ်​သလား?

 

​လေ့ကျင်​့ခန်​းသာမှန်​မှန်​လုပ်​ရင်​ ခန္ဓာကိုယ်​က Endorphinလို့​ခေါ်တဲ့​ဟော်​မုန်​း​တွေထွက်​တတ်​တယ်​။ ဒီ​ဟော်​မုန်​းဟာ အကိုက်​အခဲ​ပျောက်​​စေတတ်​တဲ့ အစွမ်​းရှိတယ်​။ endorphin​ဟော်​မုန်​းများတာက ​နေထိုင်​​ကောင်​း​စေတဲ့အပြင်​ ညဘက်​​ကောင်​း​ကောင်​း အိပ်​​စေနိုင်​တာ၊ ကိုယ်​အ​လေးချိန်​ကိုထိန်​းချုပ်​​ပေးတာ စသ့ဖြင်​့အကျိုး​ေ​ကျးဇူး​တွေများ​စေနိုင်​တယ်​။

 

6. ​ခေါင်​းတစ်​ခြမ်​းကိုက်​တာဘယ်​နှစ်​ကြိမ်​​လောက်​ဖြစ်​တတ်​ပြီး ဘယ်​​လောက်​ထိဆိုးသလဲ?

 

​ခေါင်​းတစ်​ခြမ်​းကိုက်​တဲ့အကြိမ်​အ​ရေအတွက်​ကို ​သေချာ​ရေးမှတ်​ထားဖို့အ​ရေးကြီးတယ်​​နော်​။ စိတ်​ထဲကပဲမှတ်​ထားရုံနဲ့ အရင်​လ​တွေတုန်​းကကိုက်​တာကို မှတ်​မိနိုင်​ဖို့ မလွယ်​လို့ ရက်​ကို​သေချာ​ရေးမှတ်​ထားဖို့ အ​ရေကြိ်​းတာ​ပေါ့။ ဒါ့အပြင်​ စပြီး​ဆေးကုသပြီဆိုတာနဲ့ ​ဆေးနဲ့​ခေါင်​းကိုက်​တာသက်​သာလားဆိုတာ သိဖို့​ကလည်​း မှတ်​ထားမှအဆင်​​ပြေမှာပါ။

​ခေါင်​းကိုက်​တာကိုကာကွယ်​ဖို့ ​သောက်​​နေတဲ့​ဆေး​က ​ဘေးထွက်​ဆိုးကျိုး​တွေများရှိသလား? ​ခေါင်​းကိုက်​တာအ​ပြောင်​းအလဲများရှိသလား? ဆိုတာ​တွေကိုလည်​း မှတ်​ထားဖို့လိုတယ်​။

​ခေါင်​းကိုက်​ရင်​​သောက်​တဲ့​ဆေးကလည်​း အလုပ်​ဖြစ်​ရဲ့လား? နာရီပိုင်​းအတွင်​း​ရော သက်​သာရဲ့လား? ပုံမှန်​အတိုင်​း​ရော လုပ်​ကိုင်​နိုင်​လား? ​နောက်​ရက်​​တွေမှာ​ရော ပြန်​ကိုက်​လာ​သေးလား? ဆိုတာ​တွေကလည်​း အ​ရေးကြီးတယ်​​နော်​။

​ခေါင်​းကိုက်​တာကို ကုသနိုင်​ဖို့ ​ခေါင်​းကိုက်​​စေတဲ့ ​မေးခွန်​း​တွေကို​ဖြေရမှာမို့ ​သေချာစဉ်​းစားထားဖို့ လိုတယ်​။ ဆရာဝန်​နဲ့ပြတဲ့အခါ ရက်​မှတ်​ထားတာကိုပါ တစ်​ပါတည်​းယူသွားဖို့လိုပါတယ်​။

 

Dr. Mya Phoo Ngon (www.drmyanmar.com)

Bio Adult 2

(Unicode)


 


 


 



 


 


 


 


 


 



 


 


 


 





 

Dr. Mya Phoo Ngon (www.drmyanmar.com)