/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ခြေထောက်-သွေးပြန်ကြောထုံးခြင်း-varicose-veins-နှင့်-ပတ်သက်ပြီး

ခြေထောက် သွေးပြန်ကြောထုံးခြင်း (Varicose Veins) နှင့် ပတ်သက်ပြီး သင်သိသင့်သောအချက်များ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

         ခြေသလုံးတစ်ဝိုက်မှာ သွေးကြောစိမ်းကြီးမှာ သိသာစွာ တွန့်လိမ်ကောက်ကွေးနေသူများကို တွေ့ဖူးကြမှာပါ။
         ဒါဟာ သွေးပြန်ကြောထုံးခြင်းကြောင့်ဖြစ်ပြီး အရွယ်ရောက်ပြီး လူတွေရဲ့ ၂ဝ ရာခိုင်နှုန်းမှာ ဖြစ်ပေါ်တတ်ပါတယ်။ ယခုဆောင်းပါးလေးမှာတော့ သွေးပြန်ကြောထုံးခြင်းနဲ့ ပတ်သက်သော ကုသပုံနည်းလမ်းများကို ဖော်ပြပေးလိုက်ပါတယ်။

>>    ကုသပုံများ
(၁)    မိမိကိုယ်တို်င် ဂရုစိုက်ခြင်း
         လေ့ကျင့်ခန်းပြုလုပ်ခြင်း၊ ၀ိတ်ချခြင်း၊ အဝတ်အစားအကျပ်များဝတ်ခြင်းကို ရှောင်ခြင်း၊ ညအိပ်ရင် ခြေထောက်ကို မြှင့်ထားခြင်း၊ အကြာကြီး ထိုင်ခြင်း/မတ်တပ်ရပ်ခြင်းကို ရှောင်ခြင်းတို့ဖြင့် သွေးပြန်ကြောထုံးခြင်းကို ပိုမဆိုးလာအောင် ကာကွယ်နိုင်ပါတယ်။

(၂)     ခြေအိတ်အကျပ်ဝတ်ခြင်း
         ခြေအိတ်အကျပ်ကို တစ်နေကုန် ဝတ်ဆင်ခြင်းဖြင့် ခြေထောက် သွေးလှည့်ပတ်မှု ကောင်းစေပြီး သွေးကြောဖောင်းခြင်းကို သက်သာစေပါလိမ့်မယ်။ ခြေအိတ်အကျပ်များကို ဆေးဆိုင်များတွင် ဝယ်ယူနိုင်ပါတယ်။

(၃)     နေထိုင်မှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်တွင်းကုထုံးများ
●        လေ့ကျင့်ခန်းပြုလုပ်ခြင်း (အကောင်းဆုံး လေ့ကျင့်ခန်းကတော့ လမ်းလျှောက်ခြင်း ဖြစ်ပါတယ်)
●        ကိုယ်အလေးချိန် လျှော့့ချခြင်း၊ ဆားလျှော့စားခြင်း
●        ခြေထောက်မြှောက်ခြင်း (တစ်နေ့တာ အချိန်ရရင်ရသလို ခြေထောက်ကို နှလုံးနေရာထက် မြင့်အောင် မြှောက်ထားပေးပါ။ အလွယ်ဆုံးကတော့ လှဲအိပ်ပြီး ခြေထောက်အောက်တွင် ခေါင်းအုံး ၃ လုံးခန့် ခုထားပါ)
●        အကြာကြီး ထိုင်နေခြင်း/မတ်တပ်ရပ်ခြင်းကို ရှောင်ပါ

(၄)     ခွဲစိတ်နည်းများ
         ဆရာဝန်နဲ့ တိုင်ပင်ပြီး သင့်တော်တဲ့ခွဲစိတ်နည်းများဖြင့် ကုသနိုင်ပါတယ်။

လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)