/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ခွေးရူးပြန်ရောဂါအကြောင်း-သိကောင်းစရာ

ခွေးရူးပြန်ရောဂါအကြောင်း သိကောင်းစရာ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          ခွေးရူးပြန်ရောဂါဟာ ရှားပါးတဲ့ ဗိုင်းရပ်စ်ပိုးတစ်မျိုးကြောင့်ဖြစ်ပြီး ရောဂါဖြစ်ပွားသူတိုင်း ရာနှုန်းပြည့် သေဆုံးမှု ရှိပါတယ်။

          ခွေးရူးပြန်ရောဂါဟာ ခွေးတင်မဟုတ် တခြားရောဂါပိုး ကူးစက်ခံတိရစၧာန် (လင်းနို့၊ တောရိုင်းတိရစၧာန်၊ ကြောင်) တွေမှတစ်ဆင့်ပါ ကူးစက်နိုင်ပါတယ်။ အကိုက်ခံရပြီး ကူးစက်နိုင်သလို ရောဂါပိုး သယ်ဆောင်ထားသော တိရစၧာန်များ၏ တံတွေးမှတစ်ဆင့်ပါ ကူးစက်နိုင်ပါတယ်။ ရောဂါပျိုးချိန်ကြာတဲ့အတွက် ကူးစက်ခံရပြီး ရက် (၂၀) မှ (၂) လ အတွင်း ရောဂါလက္ခဏာ ပြတတ်ပါတယ်။

 

>>    ခွေးရူးပြန်ရောဂါဖြစ်တဲ့အခါ ...

●        အငြိမ်မနေနိုင်ခြင်း

●        ဂဏှာမငြိမ်ဖြစ်ခြင်း

●        စိတ်တွေ မတည်ငြိမ်ခြင်း

●        ကြွက်သားတွေ တောင့်တင်းခြင်း

●        အကြောလိုက်ခြင်း

●        အလင်းအသံနဲ့ အထိအတွေ့ကို မခံစားနိုင်ခြင်းတို့ ဖြစ်ပါတယ်။

          နောက်ပြီး လည်ချောင်းကကြွက်သားတွေ မျိုရခက်ခဲပြီး ပါးစပ်ကနေ အမြှုပ်တစီစီ ထွက်ပါတယ်။ ရေ အလွန်ကြောက်ပြီး မျိုချရမှာကို အလွန်အကျွံ ထိပ်လန့်ပါတယ်။

          ခွေးရူးပြန်ရောဂါကို ကူးစက်ခံခွေးရဲ့သွားရည်ကနေ ကူးစက်ပါတယ်။

          ခွေးကိုက်ခံရပြီး ဆယ်ရက်အတွင်း ခွေးကိုစောင့်ကြည့်ပြီး အမြီးကုပ်မယ်၊ ဖျားတာတွေ ဖြစ်တဲ့အခါ ချက်ချင်းကျန်းမာရေးဌာနကနေ ခွေးကို နှိမ်နင်းဖို့ အများပြည်သူ ဂရုစိုက်ဖို့ တိုက်တွန်းသတိပေးနိုင်မှာ ဖြစ်ပါတယ်။

 

>>    ခွေးကိုက်ပြီးပြီးချင်း ထိုးရတဲ့ဆေး နှစ်မျိုး ရှိပါတယ်။

●        ကိုက်ပြီးချင်း ထိုးနှံရတဲ့ ခွေးရူးပြန်ရောဂါကာကွယ်ဆေး နှင့် ခွေးရူးပြန်ရောဂါ ကာကွယ်သော ပဋိပစ္စည်း တို့ဖြစ်ပါတယ်။ ထိခိုက်မိတဲ့ ဒဏ်ရာအမျိုးအစားပေါ် မူတည်ပြီး ဘယ်နှစ်မျိုး ထိုးဖို့ လိုအပ်တယ်ဆိုတာ ဆရာ၀န်က ညွှန်ကြားပါလိမ့်မယ်။

          ခွေးရူးပြန်ရောဂါ မဖြစ်ရအောင် အိမ်ကခွေးတွေကို ကာကွယ်ဆေးထိုးပါ။

          နေမကောင်းတဲ့ခွေး၊ အမြီးကုပ်တဲ့ခွေး၊ ခွေးလေခွေးလွင့်တွေကို သတိထား ရှောင်ရှားပါ။

          ကလေးငယ်တွေကို ခွေး၊ ကြောင်နဲ့ ဆော့တဲ့အခါ သတိထားစောင့်ကြည့်ပါ။

 

●        ခွေးကိုက်ခံရတဲ့အခါ ကိုက်ခံရတဲ့နေရာကို ရေနဲ့ဆပ်ပြာသုံးပြီး ဆေးကြောပါ။

●        ခွေးကိုက်ခံရချင်း ခွေးရူးပြန်ကာကွယ်ဆေး ချက်ချင်းထိုးပါ။ ခွေးကိုစောင့်ကြည့်ပါ။ ကျန်းမာရေးဌာနတွင် ပြသစစ်ဆေးပါ။

●        မိမိ မိသားစု၊ ပတ်၀န်းကျင်ကို ခွေးရူးရောဂါမှ ကာကွယ်ပါ။

ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)