စိတ်ဖိစီးမှုကြောင့် ခေါင်းကိုက်တဲ့အခါ ကော်ဖီသောက်ရင် ပိုဆိုးသလား
(Zawgyi)
ေခါင္းကိုက္လာၿပီဆိုရင္ ကိုယ္ခံစားေနရတဲ့ေဝဒနာကိုပဲ အဓိကစဥ္းစားမိၾကပါတယ္။ အေၾကာင္းအမ်ဳိးမ်ဳိးေၾကာင့္ ေခါင္းကိုက္တဲ့ေဝဒနာအမ်ဳိးမ်ဳိးရွိၿပီးေတာ့ လကၡဏာေတြလည္း မတူၾကဘူးဆိုတာကို သိပ္ၿပီးမေတြးမိၾကပါဘူး။ ေခါင္းကိုက္ေဝဒနာက အမ်ိဳးမ်ိဳး ရွိပါတယ္။ ဒီထဲမွာမွ Tension Headache လို႔ေခၚတဲ့ ေခါင္းႀကီး တင္းၿပီးကိုက္တာလည္း တစ္ခုအပါအဝင္ပါပဲ။ ဒါက ေခါင္းကိုက္တာေတြထဲမွာ အျဖစ္မ်ားဆုံး အမ်ဳိးအစားလို႔လည္း ေျပာလို႔ရပါတယ္။
>> Tension Headache ဆိုတာ ဘာလဲ?
ပခုံးေတြ၊ လည္ပင္း၊ ဉီးေရျပားနဲ႔ ေမး႐ိုးေတြက ႂကြက္သားေတြ အရမ္းတင္းလာတာေၾကာင့္ Tension Headache ရႏိုင္ပါတယ္။ ဒါ့အျပင္ စိတ္ဖိစီးမႈ၊ စိတ္က်ျခင္းနဲ႔ စိုးရိမ္ပူပန္မႈေတြ ေၾကာင့္လည္း တစ္စိတ္တစ္ပိုင္း ပါဝင္ပါတယ္။ အထူးသျဖင့္ေတာ့ အိပ္ေရးမဝတဲ့အခါေတြ၊ အစားအေသာက္နပ္မမွန္တဲ့အခါ၊ အရက္ အၿမဲေသာက္တဲ့အခါေတြမွာ ျဖစ္တာမ်ားပါတယ္။ အိပ္ရင္ သြားႀကိတ္၊ အံႀကိတ္မိတာနဲ႔ ေခါင္းကိုပုံစံတစ္မ်ဳိးတည္းနဲ႔ အၾကာႀကီး ေနမိတာေတြကလည္း Tension Headache ရေစတဲ့အခ်က္ေတြပါပဲ။ ကြန္ပ်ဴတာေတြ၊ မိုက္ခ႐ိုစကုတ္ေတြနဲ႔ အလုပ္လုပ္ရတဲ့သူေတြ၊ အိပ္တဲ့အခါမွာ ပုံစံမမွန္တဲ့သူေတြမွာ ေခါင္းကိုက္တတ္ပါတယ္။ Tension Headache က ေခါင္းႏွစ္ဖက္လုံးမွာ ကိုက္တာျဖစ္ၿပီးေတာ့ ေခါင္းေနာက္ကေနစၿပီးေတာ့ အေရွ႕ကို ျပန္႔သြားတတ္ပါတယ္။ လည္ပင္း၊ ပခုံးနဲ႔ ေမး႐ိုးႂကြက္သားေတြ နာေနတာကိုလည္း ခံစားရတတ္ပါတယ္။
>> ကဖင္းဓာတ္နဲ႔ ေခါင္းကိုက္တာ ဘယ္လိုဆက္စပ္ေနလဲ?
ကဖင္းဓာတ္ေၾကာင့္ ေခါင္းကိုက္အမ်ဳိးအစားအားလုံးရဲ႕ အႀကိမ္ေရကို တက္ေစတာကို ေတြ႕ရွိရပါတယ္။
ေျပာရမယ္ဆိုရင္ ေခါင္းကိုက္ရင္ ေကာ္ဖီေလးေသာက္လိုက္မွ သက္သာသြားတာမ်ဳိးလည္းရွိေတာ့ ကဖင္းဓာတ္က ေခါင္းကိုက္တာအတြက္ ေကာင္းတာလား? မေကာင္းဘူးလားလို႔ ေမးစရာရွိပါတယ္။ အေျဖကေတာ့ ကဖင္းဓာတ္ရဲ႕ အလုပ္လုပ္ပုံနဲ႔ စြဲေစတဲ့ဂုဏ္သတၱိရွိတာဆိုတဲ့ ၂ ခ်က္ေပၚမွာ အေျခခံပါတယ္။
Bio Adult 1

ကဖင္းကို တခ်ဳိ႕အကိုက္အခဲေပ်ာက္ေဆးေတြမွာ ပိုထိေရာက္မႈရွိေစဖို႔ ထည့္သုံးပါတယ္။ ကဖင္းက ေဆးေတြရဲ႕စုပ္ယူမႈကို အားေကာင္းေစၿပီးေတာ့ ျမန္ျမန္ေဆးအာနိသင္ျပေစတယ္လို႔လည္း ဆိုပါတယ္။ ဒါေပမဲ့ ကဖင္းက စြဲလမ္းေစတဲ့အတြက္ ေကာ္ဖီ၊ လက္ဖက္ရည္၊ ဆိုဒါ၊ ေခ်ာကလက္၊ ကဖင္းပါတဲ့ေဆးေတြကို ပုံမွန္အျမဲေသာက္တဲ့သူေတြမွာ ဒါေတြ ျဖတ္လိုက္တဲ့အခါမွာ ျဖတ္လိုက္တဲ့အတြက္ ေခါင္းကိုက္တာ အပါအဝင္ တျခားလကၡဏာေတြကို ျဖစ္လာေစပါတယ္။
>> ဘာေတြကို ထည့္စဥ္းစားသင့္လဲ?
Tension Headache ခံစားေနရရင္ ေဆးေသာက္တာအျပင္ ကိုယ့္ရဲ႕အလုပ္အေျခအေန၊ ညအိပ္ရင္သုံးတဲ့ ေခါင္းအုံးနဲ႔ စိတ္ဖိစီးမႈေတြ ဘယ္ေလာက္ခံစားေနရလဲဆိုတဲ့ အခ်က္ေတြကို ထည့္သြင္းစဥ္းစားဖို႔ လိုပါတယ္။ ၿပီးေတာ့ ေကာ္ဖီ၊ လက္ဖက္ရည္အပါအဝင္ ကဖင္းပါတဲ့အရာေတြကို ျဖတ္ခ်င္တယ္ဆိုရင္ ခ်က္ခ်င္း တန္းရပ္ပစ္လိုက္တာမ်ဳိးမလုပ္ဘဲနဲ႔ ျဖည္းျဖည္းခ်င္းျဖတ္ပါ။ ေခါင္းကိုက္တာက ခဏခဏ ျဖစ္လာၿပီးေတာ့ ပိုဆိုးလာတယ္ဆိုရင္ေတာ့ ဆရာဝန္ျပၿပီး ကုသဖို႔လိုပါတယ္။
Dr. Mya Myo Myo Swe (www.drmyanmar.com)
Bio Adult 2

(Unicode)
ခေါင်းကိုက်လာပြီဆိုရင် ကိုယ်ခံစားနေရတဲ့ဝေဒနာကိုပဲ အဓိကစဉ်းစားမိကြပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် ခေါင်းကိုက်တဲ့ဝေဒနာအမျိုးမျိုးရှိပြီးတော့ လက္ခဏာတွေလည်း မတူကြဘူးဆိုတာကို သိပ်ပြီးမတွေးမိကြပါဘူး။ ခေါင်းကိုက်ဝေဒနာက အမျိုးမျိုး ရှိပါတယ်။ ဒီထဲမှာမှ Tension Headache လို့ခေါ်တဲ့ ခေါင်းကြီး တင်းပြီးကိုက်တာလည်း တစ်ခုအပါအဝင်ပါပဲ။ ဒါက ခေါင်းကိုက်တာတွေထဲမှာ အဖြစ်များဆုံး အမျိုးအစားလို့လည်း ပြောလို့ရပါတယ်။
>> Tension Headache ဆိုတာ ဘာလဲ?
ပခုံးတွေ၊ လည်ပင်း၊ ဉီးရေပြားနဲ့ မေးရိုးတွေက ကြွက်သားတွေ အရမ်းတင်းလာတာကြောင့် Tension Headache ရနိုင်ပါတယ်။ ဒါ့အပြင် စိတ်ဖိစီးမှု၊ စိတ်ကျခြင်းနဲ့ စိုးရိမ်ပူပန်မှုတွေ ကြောင့်လည်း တစ်စိတ်တစ်ပိုင်း ပါဝင်ပါတယ်။ အထူးသဖြင့်တော့ အိပ်ရေးမဝတဲ့အခါတွေ၊ အစားအသောက်နပ်မမှန်တဲ့အခါ၊ အရက် အမြဲသောက်တဲ့အခါတွေမှာ ဖြစ်တာများပါတယ်။ အိပ်ရင် သွားကြိတ်၊ အံကြိတ်မိတာနဲ့ ခေါင်းကိုပုံစံတစ်မျိုးတည်းနဲ့ အကြာကြီး နေမိတာတွေကလည်း Tension Headache ရစေတဲ့အချက်တွေပါပဲ။ ကွန်ပျူတာတွေ၊ မိုက်ခရိုစကုတ်တွေနဲ့ အလုပ်လုပ်ရတဲ့သူတွေ၊ အိပ်တဲ့အခါမှာ ပုံစံမမှန်တဲ့သူတွေမှာ ခေါင်းကိုက်တတ်ပါတယ်။ Tension Headache က ခေါင်းနှစ်ဖက်လုံးမှာ ကိုက်တာဖြစ်ပြီးတော့ ခေါင်းနောက်ကနေစပြီးတော့ အရှေ့ကို ပြန့်သွားတတ်ပါတယ်။ လည်ပင်း၊ ပခုံးနဲ့ မေးရိုးကြွက်သားတွေ နာနေတာကိုလည်း ခံစားရတတ်ပါတယ်။
>> ကဖင်းဓာတ်နဲ့ ခေါင်းကိုက်တာ ဘယ်လိုဆက်စပ်နေလဲ?
ကဖင်းဓာတ်ကြောင့် ခေါင်းကိုက်အမျိုးအစားအားလုံးရဲ့ အကြိမ်ရေကို တက်စေတာကို တွေ့ရှိရပါတယ်။
ပြောရမယ်ဆိုရင် ခေါင်းကိုက်ရင် ကော်ဖီလေးသောက်လိုက်မှ သက်သာသွားတာမျိုးလည်းရှိတော့ ကဖင်းဓာတ်က ခေါင်းကိုက်တာအတွက် ကောင်းတာလား? မကောင်းဘူးလားလို့ မေးစရာရှိပါတယ်။ အဖြေကတော့ ကဖင်းဓာတ်ရဲ့ အလုပ်လုပ်ပုံနဲ့ စွဲစေတဲ့ဂုဏ်သတ္တိရှိတာဆိုတဲ့ ၂ ချက်ပေါ်မှာ အခြေခံပါတယ်။
ကဖင်းကို တချို့အကိုက်အခဲပျောက်ဆေးတွေမှာ ပိုထိရောက်မှုရှိစေဖို့ ထည့်သုံးပါတယ်။ ကဖင်းက ဆေးတွေရဲ့စုပ်ယူမှုကို အားကောင်းစေပြီးတော့ မြန်မြန်ဆေးအာနိသင်ပြစေတယ်လို့လည်း ဆိုပါတယ်။ ဒါပေမဲ့ ကဖင်းက စွဲလမ်းစေတဲ့အတွက် ကော်ဖီ၊ လက်ဖက်ရည်၊ ဆိုဒါ၊ ချောကလက်၊ ကဖင်းပါတဲ့ဆေးတွေကို ပုံမှန်အမြဲသောက်တဲ့သူတွေမှာ ဒါတွေ ဖြတ်လိုက်တဲ့အခါမှာ ဖြတ်လိုက်တဲ့အတွက် ခေါင်းကိုက်တာ အပါအဝင် တခြားလက္ခဏာတွေကို ဖြစ်လာစေပါတယ်။
>> ဘာတွေကို ထည့်စဉ်းစားသင့်လဲ?
Tension Headache ခံစားနေရရင် ဆေးသောက်တာအပြင် ကိုယ့်ရဲ့အလုပ်အခြေအနေ၊ ညအိပ်ရင်သုံးတဲ့ ခေါင်းအုံးနဲ့ စိတ်ဖိစီးမှုတွေ ဘယ်လောက်ခံစားနေရလဲဆိုတဲ့ အချက်တွေကို ထည့်သွင်းစဉ်းစားဖို့ လိုပါတယ်။ ပြီးတော့ ကော်ဖီ၊ လက်ဖက်ရည်အပါအဝင် ကဖင်းပါတဲ့အရာတွေကို ဖြတ်ချင်တယ်ဆိုရင် ချက်ချင်း တန်းရပ်ပစ်လိုက်တာမျိုးမလုပ်ဘဲနဲ့ ဖြည်းဖြည်းချင်းဖြတ်ပါ။ ခေါင်းကိုက်တာက ခဏခဏ ဖြစ်လာပြီးတော့ ပိုဆိုးလာတယ်ဆိုရင်တော့ ဆရာဝန်ပြပြီး ကုသဖို့လိုပါတယ်။
Dr. Mya Myo Myo Swe (www.drmyanmar.com)






























