/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ဆလပ်ရွက်၏-အကျိုးကျေးဇူးများ

ဆလပ်ရွက်၏ အကျိုးကျေးဇူးများ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

ဆလပ်ရွက်ကပေးစွမ်းတဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေကတော့ ကိုလက်စရောကျခြင်း၊ ကင်ဆာရောဂါမှကာကွယ်ခြင်း၊ အာရုံကြောဆဲလ်လေးများကို ကာကွယ်ပေးခြင်း၊ ပုံမှန်အိပ်ပျော်စေခြင်း၊ စိုးရိမ်ပူပန်မှုကို ထိန်းချုပ်ပေးခြင်း၊ ရောင်ရမ်းခြင်းကို လျော့ကျစေခြင်းနဲ့ အင်တီအောက်ဆီးဒင့်များကို ပေးစွမ်းနိုင်ခြင်းတို့ ဖြစ်ကြပါတယ်။
ရှေးနှစ်ပေါင်းများစွာကတည်းက ဆလပ်ရွက်ရဲ့ကျန်းမာရေးအကျိုးကျေးဇူးတွေကို သိရှိပြီး အသုံးပြုခဲ့ကြပါတယ်။ ယနေ့သုတေသီတွေက အတည်ပြုပေးထားတဲ့ ဆလပ်ရွက်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေကတော့ အောက်ပါအတိုင်း ဖြစ်ကြပါတယ်။
●  ရောင်ရမ်းခြင်းကို သက်သာစေတယ်။ ဆလပ်ရွက်မှာ ပါဝင်တဲ့ပစ္စည်းတွေက ရောင်ရမ်းခြင်းကို လျော့ကျစေတဲ့ ဂုဏ်သတ္တိရှိပါတယ်။
●  အာရုံကြောဆဲလ်တွေကို အကာအကွယ်ပေးတယ်။ နူရုန်းလို့ခေါ်တဲ့ဆဲလ်လေးတေကွ မှတ်ဉာဏ်ဖြစ်ပေါ်စေဖို့အတွက် ဆက်သွယ်မှုတွေ လုပ်ပေးပါတယ်။ ဒီဆဲလ်လေးတွေသေသွားရင် ဆက်သွယ်မှုတွေ ပြတ်တောက်သွားပြီး မှတ်ဉာဏ်ဆုံးရှုံးစေပါတယ်။ နူရုန်းတွေ သေဆုံးမှုများပါက အယ်ဇိုင်းမားရောဂါကို ဖြစ်စေပါတယ်။ ဆလပ်ရွက်မှာပါတဲ့ ပါဝင်ပစ္စည်းတွေက နူရုန်း သေဆုံးမှုကို ထိန်းချုပ်ထားနိုင်တဲ့အတွက် ဦးနှောက်အာရုံကြော ဆုတ်ယုတ်ပျက်စီးတဲ့ရောဂါတွေအတွက် ဆလပ်ရွက်က အိမ်တွင်းဆေးဝါးတစ်မျိုးပဲ ဖြစ်ပါတယ်။
●  ကိုလက်စရောပမာဏကို ကျဆင်းစေပါတယ်။ ကိုလက်စရောများပါက နှလုံးတိုက်ခိုက်ခံရခြင်းနဲ့ လေဖြတ်ခြင်းစတဲ့ အန္တရာယ်ရှိတဲ့ နှလုံးသွေးကြောရောဂါတွေ ဖြစ်နိုင်ချေများပါတယ်။
●  အိပ်ပျော်စေပါတယ်။ တိုင်းရင်းဆေးမှာ ဆလပ်ရွက်ကို အိပ်ဆေးအဖြစ ်အသုံးပြုပါတယ်။
● အင်တီးအောက်ဆီးဒင့်တစ်မျိုးလည်း ဖြစ်ပါတယ်။ အင်တီအောက်ဆီးဒင့်က ကင်ဆာဖြစ်စေနိုင်တဲ့ free radicals တွေရဲ့ အန္တရာယ်ကနေ ကာကွယ်ပေးပါတယ်။
●  ရောဂါပိုးမွှားတွေကနေ ကာကွယ်ပေးပါတယ်။ ဆလပ်ရွက်ရဲ့အစေးက Candida albicans နဲ့ အခြားမှိုတွေကို ပျက်စီးစေပါတယ်။
●  စိုးရိမ်ပူပန်မှုတွေကို ထိန်းချုပ်ပေးပါတယ်။ ဆလပ်ရွက်ရဲ့အာရုံကြောနဲ့ဆိုင်တဲ့ အကျိုးကျေးဇူးတစ်မျိုးကတော့ စိုးရိမ်ပူပန်မှုတွေကို ချေဖျက်ပေးပါတယ်။
●  ကင်ဆာရောဂါကို တိုက်ဖျက်နိုင်စွမ်းရှိပါတယ်။ ဆလပ်ရွက်မှာ ပါဝင်တဲ့ပစ္စည်းတွေက အချို့သော ကင်ဆာရောဂါတွေကို ထိန်းချုပ်ပေးနိုင်ပါတယ်။ အထူးသဖြင့် သွေးဖြူဥကင်ဆာနဲ့ ရင်သားကင်ဆာဆဲလ်တွေကို ထိန်းချုပ်ပေးနိုင်ပါတယ်။

Dr. Mya Myo Myo Swe (www.drmyanmar.com)