ဆီးချိူအနာများအကျက်မြန်ရေး သေချာဂရုစိုက်ပေး
ရောဂါတိုင်းလိုလိုမှာ နောက်ဆက်တွဲဆိုးကျိူးများ များစွာရှိတာမို့ စိတ်ညစ်ညူးစရာကောင်းလှပါတယ်။ ထိုနည်းတူ ဆီးချိူရောဂါရှိသူများအနေဖြင့်လည်း နောက်ဆက်တွဲဆိုးကျိူးများမှ တစ်ခုဖြစ်သော ဆီးခိျူအနာများကို နေ့စဉ်နှင့်အမျှ ဂရုစို်က်ကုသရပါတယ်။
ဆီးချိူအနာများဟာ ဆီးချိူကြောင့် ခြေထောက်များ ဖြတ်ပစ်ရခြင်းရဲ့ အစ ဆိုရင်လည်းမမှားပါဘူး။ ဒါကြောင့်မို့ ဆီးချိူအနာများ မဖြစ်ပေါ်အောင် ကာကွယ်ဖို့ အရေးကြီးသလို ဖြစ်ပေါ်လာပြီဆိုတာနှင့် ကောင်းစွာ ဂရုစိုက်ကုသရန်လည်း လိုအပ်ပါတယ်။
ဆီးချိူအနာများစတင်ဖြစ်ပေါ်ပြီဆိုပါက အောက်ပါအတိုင်း စနစ်တကျ ဂရုစိုက်သင့်ပါတယ်။
(၁) အနာကို အပေါ်ကတစ်ခုခုနှင့် ဖုံးထားပါ။ စိုစွတ်မူရှိဖို့လည်း လိုပါတယ်။
အနာဟာ လေ၀င်လေထွက်ကောင်းမှ အကျက်မြန်မယ်လို့ ယူဆကြသော်လည်း အနာကို ဖုံးအုပ်ထားခြင်းဖြင့် ပိုမို အကျက်မြန်စေတာတွေ့ရပါတယ်။
ထို့ပြင် အနာပေါ်သို့ ဆရာ၀န်ညွန်ကြားထားသော လိမ်းဆေးတစ်ခုခုကို နေ့စဉ်လိမ်းပေးခြင်းဖြင့် ပိုမိုအကျက်မြန်စေပါတယ်။ ထိုသို့ လိမ်းဆေးအစိုကိုလိမ်းပြီးတိုင်း သန့်စင်သောပတ်တီးဖြင့် ဖုံးအုပ်ပေးပါ။
(၂) သွေးတွင်းသကြားဓာတ်ကို နေ့စဉ်စောင့်ကြည့်ပါ။
ဒါကတော့ အားလုံးသိကြတဲ့အတိုင်းပါပဲ။ ဆီးချိူရောဂါရှိသူတိုင်းအတွက် သွေးတွင်းသကြားဓာတ်ကို နေ့စဉ်စစ်ဆေးဖို့အရေးကြီးပါတယ်။ သွေးတွင်းသကြားဓာတ်များပါက ဆိုးကျိူးများစွာ ဖြစ်ပေါ်စေမယ့်အပြင် အနာကျက်နှုန်းကိုပါ နှေးစေပါလိမ့်မယ်။ ဒါကြောင့် ဆီးချိူကျဆေးကိုနေ့ စဉ်သောက်ပါ။ ကစီဓာတ်ပါသောအရာများကို လျှော့စားပါ။
(၃) ခြေထောက်ကို ဖိအားသိပ်မပေးဖို့ သတိပြုသင့်ပါတယ်။
ဆီးချိူအနာများဟာ အခြားအနာများထက် အကျက်နှေးတာ သိကြမှာပါ။ ဒါကြောင့် နေ့စဉ်ပုံမှန်ဂရုစိုက်သင့်တဲ့အပြင် အနာမကျက်သေးမချင်း မလိုအပ်သော ခြေထောက်လူပ်ရှားမူများကို မပြုလုပ်သင့်ပါဘူး။
အကြာကြီးမတ်တပ်ရပ်ခြင်း၊ မိုးရေထဲလမ်းလျှောက်ခြင်း၊ အလေးအပင်များမခြင်းစသည့် ခြေထောက်ကိုဖိအားပေးသည့် လူပ်ရှားမူများကို ရှောင်ကြဉ်ရမှာ ဖြစ်ပါတယ်။ ထို့ပြင် ဖိနပ်အကျပ်များစီးခြင်း ကိုလည်း မပြုလုပ်သင့်ပါဘူး။
(၄) ဆီးချိူအနာများ မဖြစ်ပေါ်ခင် ကြိုတင်ကာကွယ်ပါ။
ဆီးချိူေ၀ဒနာသည်များအနေဖြင့် မိမိခြေထောက်နှင့်ခြေချောင်းများကြားတွင် ထိိခိုက်ရှနာများ၊ အနာများ၊ သွေးခြေဥများ၊ အရည်ကြည်ဖုများ ရှိမရှိကို နေ့စဉ်စစ်ဆေးသင့်ပါတယ်။ အိမ်သားများအနေဖြင့်လည်း ၀ိုင်း၀န်းစောင့်ကြည့်ပေးသင့်ပါတယ်။
အောက်ပါအခြေအနေမျိူးတွင် အနာများပိုမို ဖြစ်ဖို့အလားအလာရှိတာမို့ မပေါ့ဆသင့်ပါဘူး။
- သွေးလှည့်ပတ်မူ မကောင်းသူများ
- ဆီးချိူကြောင့် ခြေလက်အာရုံကြောထုံကျဉ်နေသူများ
- သွေးတွင်းကိုလက်စထရော သို့မဟုတ် သကြားဓာတ် များနေသူများ
- ယခင်က ခြေထောက်အနာရှိဖူးသူများ
- ဆေးလိပ်သောက်သူများ
- အရက်အလွန်အကျွံသောက်သူများ
အထက်ပါအချက်များထဲက တစ်ချက် သို့မဟုတ် တစ်ချက်ထက်ပိုပြီး ရှိနေပါက မပေါ့ဆပဲ ဆီးချိူသမားတော်နှင့် ပြသဆွေးနွေးသင့်ပါတယ်။
ဆီးချိူအနာများဟာ စတင်ရှိပြီဆိုတာနှင့်တပြိုင်နက် ကောင်းကျိူးထက် ဆိုးကျိူးကိုသာ ပေးစွမ်းပါတယ်။ သေချာစွာမကုသပါက ခြေချောင်းများဖြတ်ပစ်ရသည်အထိိ အန္တရာယ်ပေးနိုင်တာမို့ မပေါ့ဆသင့်သော ကျန်းမာရေးအခြေအနေတစ်ခုအဖြစ် တင်ပြလိုက်ရပါတယ်။
လေပြေနုသွေး (ဆေး၂) (drmyanmar.com)















