/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/နှလုံးကြွက်သားရောင်ခြင်း

နှလုံးကြွက်သားရောင်ခြင်း

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

>>  နှလုံးကြွက်သားရောင်တာ ဘယ်လိုလူတွေမှာ ပိုဖြစ်တတ်သလဲ?
●  နှလုံးအဆို့ရှင် လဲထားသူ
●  နှလုံးအဆို့ရှင် ကျဉ်း/ကျယ်/ကျွံ ရောဂါရှိသူတွေ
●  မွေးရာပါ နှလုံးရောဂါရှိသူတွေ
●  နှလုံးကြွက်သား ကြီးထွားလွန်ရောဂါ
●  သွေးကြောထဲ မူးယစ်ဆေးထိုးသွင်းသူတွေမှာ ဖြစ်တတ်ပါတယ်။

>>  နှလုံးကြွက်သားရောင်တဲ့အခါ -
●  အဖျားတက်မယ်
●  ည ချွေးထွက်မယ်
●  အရေပြားအကွက်ထမယ်
●  ပူမယ်၊ နာမယ်၊ ရောင်မယ်
●  အနာမကျက်လွယ်တော့ဘူး စတာတွေအပြင်

လူနာက -
●  လည်ချောင်းနာမယ်
●  ခေါင်းကိုက်မယ်
●  ချောင်းဆိုးမယ်
●  ပျို့မယ်၊ အန်မယ်
●  ဝမ်းလျှောမယ် စတဲ့ လက္ခဏာတွေ ဖြစ်ပေါ်တတ်ပါတယ်။

>> ကုသမှုပေးတဲ့အခါ -
●  ပဋိဇီဝဆေး (ပိုးသတ်ဆေး) ခြောက်ပတ်စာသွင်းမယ်
●  ရောင်နေတဲ့ နှလုံးကြွက်သားကို လိုအပ်ရင် ခွဲစိတ်ထုတ်ပယ်မယ်
●  ကာကွယ်ဖို့ ဆေးဆက်သောက်မယ်
ကုသရတာ အချိန်ယူရပြီး ဆေးကို ရက်ပတ်လည်အောင် သောက်သုံးကုသမှသာလျှင် နှလုံးနဲ့ပတ်သက်တဲ့ နောက်ဆက်တွဲရောဂါတွေကို ကာကွယ်နိုင်မှာဖြစ်ပါတယ်။

ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)