/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/မပျောက်နိုင်တဲ့-နှာချေ၊-နှာစေးတဲ့ဒုက္ခ

မပျောက်နိုင်တဲ့ နှာချေ၊ နှာစေးတဲ့ဒုက္ခ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          နှာချေနေရတဲ့ အကြောင်းရင်းများကတော့ -

 

1.      ဓာတ်မတည့်ခြင်း

          နှာချေခြင်းအများစုဟာ ဓာတ်မတည့်ခြင်းကြောင့် ဖြစ်တတ်ပါတယ်။ ရာသီ အကူးအပြောင်း ဒါမှမဟုတ် တချို့မှာ တစ်နှစ်ပတ်လုံး ဓာတ်မတည့် နှာချေခြင်းများ ဖြစ်တတ်ပါတယ်။ တစ်ခါတစ်ရံ နို့ထွက်ပစ္စည်း စတဲ့ အစားအသောက်များကို ဓာတ်မတည့်တာမျိုးလည်း ရှိတတ်ပါတယ်။

          အများဆုံးဖြစ်တတ်တဲ့ လက္ခဏာကတော့ အဆက်မပြတ် နှာချေခြင်းပဲ ဖြစ်ပါတယ်။ အများစုမှာ အိပ်ရာကနိုးတိုင်း အဆက်မပြတ် နှာချေလေ့ ရှိတတ်ပါတယ်။ နှာရည်ယိုခြင်း၊ နှာပိတ်ခြင်း၊ မျက်လုံးယားခြင်း၊ မျက်ရည်ကျခြင်း စတာတို့နဲ့လည်း လာတတ်ပါသေးတယ်။ ရာသီိဥတု အပြောင်းအလဲ ဓာတ်မတည့်မှုကြောင့်  မကြာခဏ နှာချေခြင်း ဖြစ်နေနိုင်သလို တစ်နှစ်ပတ်လုံး နှာချေ၊ နှာစေး နေတတ်သူတွေမှာလည်း အမှုန်တွေ၊ တိရစာၧန်အမွေးတွေနဲ့ မှိုမှုန့်တွေ ရှူမိတဲ့အခါတိုင်း အဆက်မပြတ် နှာချေတာမျိုး ရှိတတ်ပါတယ်။

 

2.      ပိုးဝင်ခြင်း

          နှာချေခြင်းဟာ အသက်ရှူလမး်ကြောင်း အပေါ်ပိုင်းမှာ ပိုးဝင်တာကြောင့် ဖြစ်လေ့ရှိပြီး ကိုယ်ခံအားနည်းသူတွေမှာ ဖြစ်တတ်ပါတယ်။ ဗိုင်းရပ်စ်ပိုးတွေဖြစ်တဲ့ rhinovirus, adneovirus စတာတွေကြောင့် အဖြစ်များပါတယ်။ ဘတ်တီးရီးယာပိုးမွှားများကြောင့်ဖြစ်တဲ့ နှာချေခြင်းမှာတော့ နှာရည်ယို ထိပ်ကပ်နာနဲ့ တွဲဖြစ်တတ်ပါတယ်။ မှိုပိုးဝင်ခြင်းဟာ ရှားပြီး ကိုယ်ခံအားနည်းသူတွေမှာ အဓိက ဖြစ်တတ်ပါတယ်။ အဆက်မပြတ် နှာရည်ယို နှာချေခြင်းနဲ့ လာတတ်ပါတယ်။

 

3.      မတည့်တဲ့အရာများ

       သွေးထဲက၊ လေထဲက၊ ဒါမှမဟုတ် အစားအသောက်ထဲက မတည့်တဲ့အရာတွေဟာ မဖယ်မခြင်း ဆက်တိုက်နှာချေခြင်းကို ဖြစ်စေတတ်ပါတယ်။ အမှုန်တွေ၊ ပတ်ဝန်းကျင် ညစ်ညမ်းမှုတွေ၊ အစပ်တွေ၊ အမွှေးရနံ့တွေ၊ ဆေးလိပ်ငွေ့တွေ၊ ခြောက်သွေ့တဲ့ ရာသီဥတုတွေ၊ စိတ်ဖိစီးမှုတွေနဲ့ ဟော်မုန်းဓာတ် အပြောင်းအလဲတွေကြောင့် ဖြစ်လေ့ရှိပါတယ်။

 

4.      ဆေးဝါးများ

          တချို့ဆေးဝါးများဟာ ဆက်တိုက် နှာချေ နှာစေးခြင်းကို ဖြစ်စေနိုင်ပါတယ်။ ဖြစ်စေနိုင်တဲ့ ဆေးဝါးများကတော့ အကိုက်အခဲပျောက်ဆေးများ၊ နှာစေးပျောက်ဆေးများ၊ beta blocker ဆေးများ၊ စိတ်ကျရောဂါဆေးဝါးများ၊ စိတ်ငြိမ်ဆေးများ၊ အမျိုးသားအင်္ဂါကြွဆေးများနဲ့ သနေ္ဓတားဆေးများ ဖြစ်ပါတယ်။

 

5.      အခြားအကြောင်းအရာများ

●        နှာခေါင်းထဲတွင် အသားပိုရှိခြင်း

●        အာရုံကြောပြဿနာများ

●        ကလိုရင်း ခတ်ထားသော ရေကူးကန်များ

●        ဆေးလိပ်ငွေ့ရှူခြင်း

●        ဆေးခြောက်ရှူခြင်း

Dr. Mya Phoo Ngon (www.drmyanmar.com)