/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/လေဖြတ်တဲ့သူတွေကို-အလားအလာ-ပိုဆိုးစေတဲ့-အကြောင်းရင်းတစ်ခု

လေဖြတ်တဲ့သူတွေကို အလားအလာ ပိုဆိုးစေတဲ့ အကြောင်းရင်းတစ်ခု

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          သွေးတိုးကြောင့်၊ ဆီးချိုကြောင့်၊ လေဖြတ်ဘူးတဲ့အခါ၊ ခန္ဓာကိုယ်မှာ အပြောင်းအလဲတွေ အများကြီး ဖြစ်ပါတယ်။ ဒီအပြောင်းအလဲတွေထဲမှာမှ ဖြစ်ပြီးသား လေဖြတ်ရောဂါကို ပိုဆိုးစေတဲ့ အကြောင်းတစ်ချက်ရှိနေပါသတဲ့။

          အကြောင်းတစ်ခုခုကြောင့် လေဖြတ်သွားတဲ့အခါ ဆေးရုံတက်ရောက် ကုသနေရင်း သွေးတွင်းဆီးချို ပမာဏ တက်နေတက်ပါတယ်။ စိတ်ဖိစီးမှုကြောင့် တက်တဲ့သွေးတွင်းအချိုဓာတ်လို့ခေါ်ပြီး  လေဖြတ်လေငန်း ရောဂါကို ပိုမိုဆိုးဝါးစေပြီး နောက်ဆက်တွဲရောဂါတွေ ဖြစ်ပွားမှု များပြားစေတာကို တွေ့ရှိထားရပါတယ်။ လေဖြတ်ပြီးတဲ့အခါ မနက်စောစော မစားမစားမီ စစ်တဲ့သွေးတွင်းအချိုဓာတ်ပမာဏ 124mg/dl ထက် များနေတဲ့အခါ အစားစားပြီး စစ်တဲ့ ပမာဏဟာ 200/dl ထက်များနေတဲ့အခါ သွေးတွင်းအချိုဓာတ်ပမာဏ လိုအပ်တာထက် တက်နေတယ်လို့ ယူဆရမှာ ဖြစ်ပါတယ်။ ဒီလို ပုံမှန်မဟုတ်တဲ့ ဆီးချို တက်နေတာဟာ ပိုမိုပြင်းထန်တဲ့ လေဖြတ်မှုတွေဆီကို ဦးတည်နေတာဖြစ်ပါတယ်။ ဒါ့အပြင် -

●        သွေးဆိပ်တက်ရောဂါ

●        ဆီးလမ်းကြောင်း ပိုးဝင်ခြင်း

●        အဆုတ်ရောင် နမိုးနီးယားရောဂါ

●        စိတ်ကျရောဂါတွေနဲ့လည်း ဆက်စပ်နေပါတယ်။

          ဆီးချိုရောဂါ အကြိုအဆင့်ဟာလည်း လေဖြတ်ရောဂါကို ပိုဆိုးစေတဲ့အကြောင်းရင်းထဲမှာ ပါနေပြန်သေးတယ်။ ဒါပေမဲ့ လေဖြတ်လူနာတွေမှာ စိတ်ဖိစီးမှုကြောင့် သွေးတွင်းဆီးချို တက်တဲ့အခါ လိုအပ်တဲ့ကုသမှုပေးခြင်းဖြင့် ပိုမိုကောင်းမွန်တဲ့ ရလဒ်တွေ ရနိုင်မလားဆိုတာလည်း အရေးပါတဲ့ မေးခွန်းတစ်ခု ဖြစ်ပါတယ်။ ဒါကြောင့် မိတ်ဆွေမျိုးတွေမှာ လေဖြတ်ရောဂါ ခံစားနေရသူတွေ ရှိခဲ့ရင် သွေးတွင်းဆီးချို ပုံမှန်စစ်ဆေးကြဖို့ရယ်၊ တက်နေတဲ့အခါ လိုအပ်တဲ့ ကုသမှုခံယူကြစေဖို့ရယ် အကြောင်းသတိပြုကြဖို့ ဖော်ပြပေးလိုက်ပါတယ်နော်။

ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)