/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ဝမ်းချုပ်ခြင်းနဲ့-ဆီးကျောက်တည်ခြင်းကို-ကာကွယ်ပေးနိုင်တဲ့-သခွားသီး

ဝမ်းချုပ်ခြင်းနဲ့ ဆီးကျောက်တည်ခြင်းကို ကာကွယ်ပေးနိုင်တဲ့ သခွားသီး

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

        သခွားသီးမှာ အမျှင်ဓာတ်နဲ့ ရေဓာတ်များ ပြည့်ဝစွာ ပါဝင်တဲ့အတွက် ဝမ်းချုပ်ခြင်းနဲ့ ဆီးကျောက်တည်ခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။ ဒါကြောင့် အမေရိကန်နိုင်ငံသား အများစုဟာ အမျှင်ဓာတ်ရရှိစေဖို့ သခွားသီးသုပ်ကို ပုံမှန်စားပေးတတ်ကြတယ်လို့ ဆိုပါတယ်။

          ဒါ့အပြင် သခွားသီးမှာ အကျိုးရှိတဲ့ ဗီတာမင်စီ၊ ဆီလီကာဓာတ်၊ မဂ္ဂနီဆီယမ်ဓာတ်နဲ့ ပိုတက်ဆီယမ်ဓာတ်များ ပါဝင်ပါသေးတယ်။ သခွားသီးမှာ ပါဝင်တဲ့ သန့်စင်တဲ့ ရေဓာတ်ဟာ 96% ထိ ပါဝင်တဲ့အတွက် သောက်သုံးရေထက်တောင် အရည်အသွေး ပိုမိုကောင်းမွန်တယ်လို့ ဆိုပါတယ်။

          သခွားသီးရဲ့ အပေါ်ယံအခွံမှာလည်း ဗီတာမင်အေဓာတ် ပါဝင်တဲ့အတွက် အခွံမခွာဘဲ တစ်လုံးလုံးစားခြင်းက အာဟာရဓာတ် ပိုမိုရရှိစေနိုင်ပါတယ်။

www.drmyanmar.com