/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ဝမ်းတစ်လုံးကောင်းခြင်းက-ခေါင်းမခဲစေရုံမက-ကိုယ်ခံအားကိုလည်း

ဝမ်းတစ်လုံးကောင်းခြင်းက ခေါင်းမခဲစေရုံမက ကိုယ်ခံအားကိုလည်း ကောင်းစေပါတယ်

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

သုတေသနပြုလုပ်ချက်များအရ အစာခြေစနစ်အားနည်းသူတွေဟာ ကိုယ်ခံအားလည်းနည်းတာ တွေ့ရှိရပါတယ်။ ဒီစနစ်နှစ်ခုဟာ ဘယ်လိုဆက်စပ်နေလဲဆိုတာ စိတ်ဝင်စားစရာပဲ မဟုတ်ပါလား။

>>  အစာခြေစနစ်
အစာခြေစနစ်ဟုဆိုရာတွင် အစာကို စတင်ဝါးသောပါးစပ်ကနေ အစာကို ခြေဖျက်ပေးသော အူမကြီးအထိ တောက်လျှောက်ပါဝင်ပါတယ်။ အစာခြေစနစ်ကို ထိခိုက်စေတဲ့အချက်များစွာ ရှိပါတယ်။ ဒါတွေကတော့ -
●  အူလမ်းကြောင်းကနေ အချို့သောအစားအစာများကို လက်မခံခြင်း
●  အစာအိမ် (သို့) အူလမ်းကြောင်း ပိုးဝင်ခြင်း
●  ဓာတ်မတည့်ခြင်းများ

Kremil-S 1

>>  ကိုယ်ခံအားစနစ်
ကိုယ်ခံအားစနစ်ဟာ ခန္ဓာကိုယ်တစ်ခုလုံးကို သန်မာစေပြီး ရောဂါပိုးဝင်ခြင်းတွေကို တိုက်ထုတ်ပေးနိုင်အောင် ကူညီပေးပါတယ်။ ကိုယ်ခံအားစနစ်မှာဆိုရင် အစာအိမ်နှင့်အူလမ်းကြောင်းရှိ ကိုယ်ခံအားဆဲလ်တွေပါ ပါဝင်ပြီး ဒီဆဲလ်တွေနှင့် ကောင်းကျိုးပြုဘက်တီးရီးယားတွေကနေ ရောဂါပိုးမွှားတွေကို တိုက်ထုတ်ပေးသလို စားလိုက်တဲ့အစာတွေကနေ ပါလာတဲ့ ပိုးမွှားတွေနှင့်အဆိပ်တွေကို ချေဖျက်ပေးတာ ဖြစ်ပါတယ်။

>>  အစာခြေစနစ်နှင့်ကိုယ်ခံအားစနစ် ဘယ်လိုဆက်စပ်နေလဲ?
(၁)  လူတစ်ယောက်ဟာ အစာအိမ်အားနည်းတာမျိုး၊ အစာဓာတ်မတည့်တာမျိုး ဖြစ်လေ့ရှိတာဟာ အစာခြေစနစ်အားနည်းနေလို့ပါ။
(၂)  ဒီအခါမှာ ဝမ်းပျက်ခြင်း သို့မဟုတ် အစာခြေစနစ် ပိုးဝင်ခြင်းတို့ကို ဖြစ်စေပြီးနောက် အစာခြေလမ်းကြောင်းတွင်းမှာရှိတဲ့ ကောင်းကျိုးပြုဘက်တီးရီးယားတွေနှင့် အစာခြေစနစ်ရဲ့ ကိုယ်ခံအားတပ်သားလေးတွေပါ လိုက်ပြီး ထိခိုက်အားနည်းလာမှာပါ။
(၃)  ထိုသို့ဖြစ်ခြင်းကြောင့် ကောင်းကျိုးပြုဘက်တီးရီးယားတွေ နည်းပါးသွားစေပြီး ကိုယ်ခံအားနည်းလာစေပါတယ်။
(၄)  ဒီအချက်ကြောင့် ကိုယ်ခံအားနည်းသွားပြီး ရောဂါတွေ အလွယ်တကူ ဝင်ရောက်လာနိုင်ပါတယ်။

Kremil-S 2

>>  အူလမ်းကြောင်းကို ကျန်းမာအောင်ဂရုစိုက်ပြီး ကိုယ်ခံအားကောင်းအောင် ဘယ်လိုထိန်းသိမ်းနိုင်မလဲ?
●  Probiotics လို့ခေါ်တဲ့ အူလမ်းကြောင်းအကျိုးပြုဘက်တီးရီးယားများပါသော အစားအစာများကို နေ့စဉ်စားသုံးပါ။ Probiotics ပါဝင်တဲ့ အစားအစာတွေကတော့ ဒိန်ချဉ်၊ အမျှင်ဓာတ်များသောအစာများ၊ အချဉ်ဖောက်ထားသောအစာများ ဖြစ်ပါတယ်။
●  ပိုးသတ်ဆေးသောက်သုံးခြင်းကြောင့်လည်း ကောင်းကျိုးပြုဘက်တီးရီးယားတွေကို သေစေပါတယ်။ ဒါကြောင့် မလိုအပ်ဘဲ/ဆရာဝန်ညွှန်ကြားချက်မရှိဘဲ ပိုးသတ်ဆေး မသောက်သင့်သလို  ကျန်းမာရေးအရ ပိုးသတ်ဆေးသောက်နေသူများအနေနှင့် Probiotics ပါသောအစာတွေကို များများပြန်စားပေးဖို့ လိုပါတယ်။
●  ဝမ်းလျှောပြီးခါစမှာလည်း အူလမ်းကြောင်းတွင်းမှာ ကောင်းကျိုးပြုဘက်တီးရီးယားတွေ နည်းနေတတ်ပါတယ်။ ဒီလိုအချိန်မှာ ရေဓာတ်ပြန်ဖြည့်ပေးဖို့အပြင် probiotics များလည်း ပိုမိုစားသုံးပေးသင့်ပါတယ်။
ကိုယ်ခံအားစနစ်အားကောင်းပြီး ရောဂါတွေကို ကောင်းစွာကာကွယ်နိုင်ဖို့ အူလမ်းကြောင်းကိုလည်း ဂရုစိုက်ကြစို့နော်။

လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)