အစာအိမ်လေနာပျောက်ဆေးအကြောင်း သိကောင်းစရာ
အစာအိမ်လေနာပျောက်ဆေးတွေဟာ အစာအိမ်ထဲမှာရှိတဲ့ အက်ဆစ်ဓာတ်တွေကို လျော့နည်းစေတဲ့အတွက် အစာမကြေရင်ပူခြင်း၊ လေထိုးလေအောင့်ခြင်း တို့ကို သက်သာစေနိုင်ပါတယ်။
အစာအိမ်လေနာပျောက်ဆေးကို ဘယ်အချိန်မှာ သောက်သင့်သလဲ?
အစာမကြေ ရင်ပူတဲ့အခါ အစာအိမ်လေနာပျောက်ဆေးကို သောက်သုံးနိုင်ပါတယ်။ အစာစားပြီး တစ်နာရီအတွင်း ဒါမှမဟုတ် ရင်ပူတဲ့အခါမှာ သောက်နိုင်ပါတယ်။ အကယ်၍ ညဘက်မှာ ဗိုက်အောင့်တတ်ရင် ဆေးကို အစာနဲ့ တွဲမသောက်သင့်ပါဘူး။
Kremil-S 1
အစာအိမ်လေနာပျောက်ဆေးဟာ အခြားဆေးတွေကို အစာအိမ်မှ စုပ်ယူမှုအပေါ် အပြောင်းအလဲ ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် အခြားဆေးတွေကို အစာအိမ်လေနာပျောက်ဆေးမသောက်ခင် တစ်နာရီ ကြိုပြီးသော်လည်းကောင်း၊ လေးနာရီကျော်မှသော်လည်းကောင်း ခြားပြီး သောက်ပေးသင့်ပါတယ်။
အစာအိမ်လေနာပျောက်ဆေးကို ဆွဲမသောက်ခင် အောက်ပါအခြေအနေများနဲ့ ကြုံပါက ဆရာဝန်နဲ့ ကြိုတင်တိုင်ပင်ပြီးမှ သောက်သုံးသင့်ပါတယ်။
Kremil-S 2
- ကျောက်ကပ်ရောဂါ၊ သွေးတိုးရောဂါ၊ နှလုံးရောဂါ ရှိသူများ
- အငန်ရှောင်နေရသူများ
- ကယ်လ်ဆီယံဓာတ်ဆေး သောက်နေသူများ
- အခြားဆေးများကို နေ့စဉ်ပုံမှန် သောက်နေရသူများ
- ဆီးကျောက်တည်ရောဂါ ရှိသူများ






























