/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/အရိုးအဆစ်တွေ-သန်မာစေဖို့-ရိုးရှင်းလွယ်ကူသော-နည်းလမ်းကောင်းများ

အရိုးအဆစ်တွေ သန်မာစေဖို့ ရိုးရှင်းလွယ်ကူသော နည်းလမ်းကောင်းများ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

ကျွန်မတို့ နေ့စဉ်လှုပ်ရှားဖို့အတွက် အရိုးအဆစ်တွေကို မဖြစ်မနေ အသုံးပြုရပါတယ်။ ဒါပေမဲ့ ကျွန်မတို့အနေနှင့် အရိုးအဆစ်တွေ မနာကျင်မခြင်း ဂရုစိုက်ဖို့ မေ့လျော့နေတတ်ကြပါတယ်။
လေ့လာချက်တွေအရ အသက် ၃၄ နှစ်အထက် အမေရိကန် ၁၀ ယောက်မှာ ၇ ယောက်က အရိုးအဆစ်တောင့်တင်းခြင်းကို ခံစားရလျက်ရှိပါတယ်။ အရိုးအဆစ်တွေ ကျန်းမာကြံ့ခိုင်ဖို့ လိုက်နာရမယ့်နည်းလေးတွေကတော့ လွယ်လွယ်လေးတွေပါပဲ။

Jointace 1

(၁)  နေ့စဉ်လှုပ်ရှားတက်ကြွစွာ နေထိုင်ပါ
နေ့စဉ်ကိုယ်လက်လှုပ်ရှားပေးခြင်းဟာ အရိုးအဆစ်တွေကို သန်မာကြံ့ခိုင်စေရေးအတွက် အလွယ်ကူဆုံး နည်းလမ်းတစ်ခု ဖြစ်ပါတယ်။
လှုပ်ရှားမှုပြုလုပ်ခြင်းဖြင့် အရိုးတွေကို ကာရံထားတဲ့ ကြွက်သားတွေကို သန်မာကြံ့ခိုင်စေပါလိမ့်မယ်။ သင့်အနေနှင့် ပြင်းထန်စွာလှုပ်ရှားနေဖို့ မလိုပါဘူး။
●  အတန်အသင့်လှုပ်ရှားရသော လေ့ကျင့်ခန်းများကို တစ်နေ့ ၁၀ မိနစ်လောက် အနည်းဆုံး ပြုလုပ်ပေးပါ။
●  တစ်ပတ်ကို ၅ ရက်လောက် ပြုလုပ်နိုင်ရင် အဆင်ပြေပါတယ်။
●  မနက်ခင်း အိမ်ပြင်ထွက် လမ်းလျှောက်ခြင်းဖြင့်လည်း ကိုယ်လက်လှုပ်ရှားမှုရှိစေပြီး နေရောင်ခြည်ကနေ ဗီတာမင်ဒီကို ရရှိနိုင်ပါတယ်။

(၂)  ကျန်းမာရေးနှင့် ညီညွတ်အောင် စားသောက်ပေးပါ
နေ့စဉ် အသီးအရွက်နှင့် သစ်သီးများစားပေးခြင်း၊ ရေနွေးကြမ်းသောက်ခြင်း၊ အိုမီဂါ 3 ရရှိစေဖို့ တူနာငါး၊ ဆာဒင်းငါးကဲ့သို့ အဆီပါတဲ့ငါးများ စားပေးခြင်း၊ အစေ့အဆံများစားခြင်း၊ ဂျုံပါသောအစာများစားခြင်းအပြင် ရေများများသောက်ခြင်းကိုလည်း ပြုလုပ်ပေးရပါမယ်။

Jointace 2

(၃)  အဝမလွန်စေဖို့ ကိုယ်အလေးချိန် ထိန်းသိမ်းပါ
အရိုးပညာရှင်များရဲ့ လေ့လာချက်တွေအရ ကိုယ်အလေးချိန် ၁၀ ပေါင်တက်ခြင်းဟာ အဆစ်တွေအပေါ်မှာ ပေါင် ၃ဝ ကနေ ၆၀ လောက်ထိ ဖိအားသက်ရောက်စေပါတယ်။ ဒါကြောင့် ဝဖြိုးသူများအနေနှင့် အဝမလွန်အောင်၊ အဝလွန်နေသူများအနေနှင့် ကိုယ်အလေးချိန်ကျဆင်းအောင် ကြိုးစားခြင်းဖြင့် အဆစ်များ နာကျင်ခြင်းကို သက်သာစေမှာ ဖြစ်ပါတယ်။

(၄)  နနွင်း စားသုံးပါ
သုတေသနပြုလုပ်ချက်တွေအရ နနွင်းဟာ အရောင်ကျစေတဲ့ အာနိသင်ပါရှိပြီး အဆစ်ရောင်ခြင်းများအတွက် အလွန်အကျိုးပြုတာ တွေ့ရှိရပါတယ်။ ဒါကြောင့် ဟင်းချက်ရာတွင် နနွင်းကို အသုံးပြုခြင်း၊ နနွင်းကို ရေနွေးကြမ်းတွင် ထည့်သောက်ခြင်းတို့ကို နေ့စဉ်ပြုလုပ်သင့်ပါတယ်။
စာဖတ်သူတွေအနေနှင့်လည်း နေ့စဉ် လှုပ်ရှားတက်ကြွအောင်နေခြင်း၊ အလေးအပင်မတာတွေ တတ်နိုင်သလောက်ရှောင်ခြင်း၊ ကိုယ်အလေးချိန် ထိန်းသိမ်းခြင်းတို့ကို လိုက်နာခြင်းဖြင့် အဆစ်ရောင်ခြင်းဝေဒနာကို သက်သာနိုင်ကြပါစေ။

လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)