/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/mri-ရိ်ုက်ရမည့်သူတွေ-သတိထားသင့်သောအချက်များ

MRI ရိ်ုက်ရမည့်သူတွေ သတိထားသင့်သောအချက်များ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

1. MRI စက်က ဆူညံမှုကို ဖြစ်စေပါတယ်။

          အုတ်နံရံဖောက်စက်ရဲ့အသံနှင့်တူတဲ့ MRI စက်မှထွက်လာတဲ့ဆူညံသံဟာ 82 ဒက်စီဘယ်မှ 118 ဒက်စီဘယ်မှ 118 ဒက်စီဘယ်ထိရှိပါတယ်။ ဒါကြောင့် MRI ရိုက်စဉ် ဆီလီကွန်နားကြပ်တပ်ထားပါ။ ဆူညံသံကထိတ်လန့်မှုကိုဖြစ်စေတာကြောင့် လိုအပ်ပါကစိတ်ငြိမ်ဆေးကို ဆရာ၀န်နှင့်တိုင်ပင်ပြီးသုံးစွဲပါ။

2. MRI ရိုက်ချိန်ဟာလိုအပ်တာထက် ပိုပြီးကြာနိုင်ပါတယ်။

          15-20 မိနစ်သာကြာတတ်တဲ့ MRI ရိုက်ခြင်းဟာ တခါတရံမှာအကြောင်းအမျိုးမျိုးကြောင့် နာရီပေါင်းများစွာကြာမြင့်တတ်ပါတယ်။ ဒါကြောင့် MRI မရိုက်ခင်မှာ အဆာပြေတခုခုစားခြင်း၊ သန့်စင်ခန်း၀င်ခြင်းတို့ကို ပြုလုပ်ထားပါ။

3. စိတ်ပူပန်မှုကိုလျော့ချပါ။

          MRI စက်အတွင်းသို့ရောက်ရှိသွားပါက စိတ်ပူပန်မှု၊ ကြောက်ရွံ့မှုတွေကိုခံစားရနိုင်ပါတယ်။ အထူးသဖြင့် Claustrophobia ကဲ့သို့သော (အမှောင်ခန်းကြောက်သောရောဂါ) ရှိသူတွေဟာ MRI ရိုက်နေစဉ်မှာ စိတ်ပူပန်လေ့ရှိကြပါတယ်။ စိတ်ပူပန်မှုလျော့သွားအောင် ကြည်နူးပျော်ရွှင်ဖွယ်ရာအကြောင်းရာတစ်ခုခုကို တွေးနေလိုက်ပါ။ လိုအပ်ပါက ဆရာ၀န်နှင့်တိုင်ပင်ပြီး စိတ်ပင်ပန်မှုလျော့ချပေးနိုင်သော ဆေးဝါးတစ်ခုခု ကြိုတင်သောက်သုံးထားပါ။

4. လက်၀တ်ရတနာတွေအားလုံးချွတ်ထားပါ။

          MRI ရိုက်ကူးနေစဉ် ရွှေထည်၊ ငွေထည်နှင့်် သတ္တုထည်တွေ MRI စက်မှာသံလိုက်ဓာတ်၏ ဆွဲငင်မှုကိုခံရတာကြောင့် ခန္ဓာကိုယ်ကိုထိခိုက်ဒဏ်ရာရစေပါတယ်။ Body piercing လှချင်လို့၀တ်ထားတဲ့ ကွင်းတွေကိုလည်း ချွတ်ထားပါ။

5. မိတ်ကပ်မလိမ်းပါနှင့်။

          သတ္တုဓါတ်ပါ၀င်တဲ့ အလှကုန်ပစ္စည်းတွေက MRI စက်မှ သံလိုက်နှင့် ဓာတ်ပြုနိုင်တာကြောင့် MRI ရိုက်မည့်နေ့တွင် မိတ်ကပ်လိမ်းခြင်း၊ လက်သည်းအရောင်တင်ခြင်းတို့ကို ရှောင်းရှားပါ။ နေရောင်ကာလိမ်းဆေးလိမ်းခြင်း၊ ချေွးနံ့ပျောက်ဆေး အသုံးပြုခြင်း၊ ဆံပင်အလှပြင်ပစ္စည်းများအသုံးပြုခြင်းကို တတ်နိုင်သမျှ ရှောင်ရှားပါ။

6. တက်တူးထိုးထားပါက ဆရာ၀န်အားကြိုတင်အသိပေးပါ။

          အခုအခါ တက်တူးကိုအရေပြားမှာသာမက မျက်ခုံးမှာပါထိုးလာကြပါတယ်။ တက်တူးမှာအသုံးပြုထားတဲ့ ထိုးဆေးတွေကြောင့် MRI ရိုက်နေစဉ်မှာ အရေပြားရောင်ရမ်းခြင်း၊ အရေပြားအပူလောင်ခြင်း၊ မျက်လုံးကျိန်းစပ်ခြင်းတို့ဖြစ်နိုင်ပါတယ်။

7. ကိုယ်အပူချိန် အနည်းငယ်မြင့်တက်နိုင်ပါတယ်။

          ဒါဟာ MRI စက်မှ ထုတ်လွှတ်တဲ့ ရေဒီယိုလှိုင်းတွေကြောင့်ဖြစ်ပြီး စိုးရိမ်စရာမရှိပါဘူး။

8. ငြိမ်ငြိမ်နေပါ။

          MRI ရိုက်နေစဉ်လှုပ်လှုပ်ရှားရှားလုပ်ပါက ပုံရိပ်ကောင်းကောင်းရဖို့အတွက် နောက်တခေါက်ပြန်ရိုက်ရပါလိမ့်မယ်။

9. MRI အခန်းထဲမှာ စိတ်မွန်းကျပ်လွန်းမယ်ထင်ရင် Oxygen ရှူပါ။

          MRI အခန်းထဲမှာ စိတ်ကျဉ်းကျပ်နိုင်မယ်၊ စိတ်ဖိစီးမှုများနိုင်မယ်ထင်ရင် ဆရာ၀န်နဲ့ ကြိုတင်တိုင်ပင်ပြီး Oxygen ရှူပါ။

10. ဆီးခဏခဏသွားတတ်တဲ့သူဆိုရင် လူကြီး၀တ်သေးခံ၀တ်ပါ။

          မိမိက ဆီးမကြာခဏသွားတတ်တဲ့သူဆိုရင် လူကြီး၀တ် Diaper တောင်း၀တ်ထားပါ။ ဒါဆိုရင် ဆီးသွားမှာကို စိတ်ပူနေရမှာမျိုး မဖြစ်တော့ပါဘူး။

 Dr. Htet Htet Aung

www.drmyanmar.com