ပန်းလှိုင်စီလုံဆေးရုံကြီးတွင် ပျော်ပွဲရွှင်ပွဲကျင်းပမည်
ပန်းလှိုင်စီလုံဆေးရုံကြီးတွင် မွေးဖွားခဲ့သော သားသားမီးမီးများအတွက် “မိခင်နှင့် ကလေးများနေ ့ပျော်ပွဲရွှင်ပွဲ 2016” ကို ဒီဇင်ဘာလ 11 ရက်နေ့ ၊ နံနက် 9 နာရီမှ နေ့လည် 12 နာရီအထိ ပန်းလှိုင်စီလုံဆေးရုံကြီးတွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါပျော်ပွဲရွှင်ပွဲတွင် အနုပညာရှင်များ၏ တေးသီချင်း သီဆိုဖျော်ဖြေတင်ဆက်မှုများ၊ ကလေးအသုံးအဆောင်ဆိုင်ရာပြခန်းများ၊ စားသောက်ဆိုင်ခန်းများ ၊သားသားမီးမီးတို ့အတွက် ပျော်ရွှင်စရာ ဂိမ်းကစားနည်း မျိုးစုံ ၊ ရယ်မောပျော်ရွှင်စရာ ဖျော်ဖြေတင်ဆက်မှုမျိုးစုံအပြင် ပန်းလှိုင်စီလုံဆေးရုံကြီးမှ သားသားမီးမီးလေးများအတွက် ချစ်စရာ လက်ဆောင်ပစ္စည်းများစွာပေးအပ်ခြင်း စသည်ဖြင့် စုံလင်စွာ ပြင်ဆင်ထားကြောင်း ပျော်ပွဲရွှင်ပွဲ ကျင်းပရေးကော်မတီမှ သိရသည်။
ပန်းလှိုင်စီလုံဆေးရုံကြီးတွင် မွေးဖွားခဲ့သော ကလေးများနှင့် မိသားစုများအတွက် ထူးထူးခြားခြားအမှတ်တရများဖြစ်စေလိုသောရည်ရွယ်မှုများဖြင့် နှစ်စဉ်နှစ်တိုင်း မိခင်နှင့်ကလေးများနေ့ကို ကျင်းပမြဲဖြစ်ကြောင်းလည်း သတင်းရရှိသည်။
May Su Hlaing






























