အသက်အရွယ်နဲ့လိုက်ပြီး အရိုး၊ အဆစ်တွေမှာ ဘယ်လိုပြောင်းလဲမှုတွေ ဖြစ်လာသလဲ
ကျွန်တော်တို့တွေဟာ အသက်ကြီးလာတာနဲ့အမျှ ဇရာရဲ့ဒဏ်ကြောင့် ခန္ဓာကိုယ်မှာ ပြောင်းလဲမှုတွေ ဖြစ်ပေါ်တတ်တာ သဘာဝပဲ ဖြစ်ပါတယ်။ မျက်နှာမှာ အရေးအကြောင်းတွေ များလာတာမျိုး၊ ဆံပင်တွေ ဖြူလာတာမျိုး စတဲ့ မြင်သာထင်သာရှိတဲ့ ပြောင်းလဲမှုတွေကိုတော့ တော်တော်များများက သတိထားမိတတ်ကြပါတယ်။ ဒါပေမဲ့ အသက်ကြီးလာတာနဲ့အမျှ ခန္ဓာကိုယ်ရဲ့ အရိုး၊ အဆစ်တွေမှာလည်း ပြောင်းလဲမှုတွေ ရှိတယ်ဆိုတာကိုတော့ သိပ်သတိမထားမိကြပါဘူး။ ဒါ့ကြောင့် အသက်ကြီးလာတာနဲ့အမျှ အရိုး၊ အဆစ်တွေမှာ ဖြစ်ပေါ်တတ်တဲ့ ပြောင်းလဲမှုတွေအကြောင်းနဲ့ အရိုးကျန်းမာရေးကောင်းဖို့ ဘာတွေလုပ်သင့်တယ်ဆိုတာကို ပြောပြပေးမှာ ဖြစ်ပါတယ်။
>> အရိုးတွေရဲ့ ပြောင်းလဲပုံ
လူတစ်ယောက်ရဲ့ သက်တမ်းတစ်လျှောက်လုံးမှာ သူ့ရဲ့အရိုးတွေဟာ အမြဲတမ်းပြောင်းလဲနေပါတယ်။ ခန္ဓာကိုယ်ရဲ့ သဘာဝဖြစ်စဉ်အရ ဟောင်းနွမ်းသွားတဲ့အရိုးတွေကို အရိုးအသစ်တွေနဲ့ အမြဲတမ်း အစားထိုးနေရပါတယ်။ အသက်ငယ်ရွယ်တုန်းမှာတော့ ပျက်စီးသွားတဲ့ အရိုးပမာဏအတိုင်းကို ခန္ဓာကိုယ်က အလျင်အမြန် ပြန်အစားထိုးနိုင်ပါတယ်။ အသက် ၃၀ ပတ်လည်လောက် ရောက်ရင်တော့ လူအများစုက သူတို့ရဲ့ အရိုးအသန်မာဆုံးအချိန်ကို ရောက်ပါတယ်။ အသန်မာဆုံးအချိန်ကို ကျော်လာပြီးရင်တော့ အရိုးအသစ်တွေကို ငယ်ရွယ်တုန်းကလောက် မြန်မြန်အစားမထိုးနိုင်တော့ပါဘူး။ အသက် ၄၀ ကျော်လာပြီ ဆိုရင်တော့ အရိုးအနည်းငယ်ကိုသာ အစားထိုးနိုင်ပါတော့တယ်။ ဒါ့ကြောင့် ဒီအသက်အရွယ်မှာ အရိုးတွေက ပါးလာပြီး ကျိုးလွယ်လာတာ ဖြစ်ပါတယ်။ ဒီအသက်အရွယ်မှာ အရိုးပါးရောဂါ ဖြစ်နိုင်ချေလည်း များလာပြီ ဖြစ်ပါတယ်။ အထူးသဖြင့် အမျိုးသမီးတွေမှာဆိုရင် သွေးဆုံးပြီးနောက်ပိုင်းမှာ အရိုးပျက်စီးမှုတွေ၊ အရိုးပါးရောဂါ ဖြစ်နိုင်ချေတွေ များလာတာကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။
Jointace 1
>> အဆစ်တွေ ပြောင်းလဲပုံ
ခန္ဓာကိုယ်မှာရှိတဲ့ အဆစ်တွေဟာလည်း အရိုးတွေလိုပဲ အချိန်နဲ့အမျှ ပြောင်းလဲပျက်စီးနေတာ ဖြစ်ပါတယ်။ အသက်ကြီးလာတဲ့လူတွေမှာ အနည်းငယ်ထိခိုက်မှု (ချော်လဲတာ၊ တွန်းတိုက်မိတာ) လေးတွေ ဖြစ်ရင်တောင်မှ အဆစ်တွေကို ထိခိုက်စေနိုင်ပါတယ်။ ခန္ဓာကိုယ်မှာရှိတဲ့ အဆစ်တစ်ခုခု လှုပ်ရှားတဲ့အခါ အဲ့ဒီ့အဆစ်အတွင်းမှာရှိတဲ့ အရိုးနှစ်ခု ပွတ်တိုက်မှုမရှိအောင် အရိုးနုလေးတွေနဲ့ ကာကွယ်ပေးထားပါတယ်။ ဒီအရိုးနုလေးတွေက အသက်ကြီးလာတာနဲ့အမျှ ပျက်စီးလာတဲ့အခါ ထိခိုက်မှု အနည်းငယ်ဖြစ်ရုံနဲ့ အရိုးနုတွေ ပျက်စီးသွားတတ်ပါတယ်။ ဒီလိုပျက်စီးမှုတွေ များလာရင်တော့ အရိုးအတက်ထွက်ခြင်းကို ဖြစ်စေနိုင်ပါတယ်။ ဒါပေမဲ့ အဆစ်တွေ ယိုယွင်းပျက်စီးမှုဟာ ကာကွယ်လို့မရတဲ့အရာမျိုးတော့ မဟုတ်ပါဘူး။ အသက်ကြီးလာပေမယ့်လည်း ကိုယ်နိုင်သလောက် ကိုယ်လက်လှုပ်ရှားမှုလေးတွေ ပုံမှန်လုပ်ပေးနေရင် အရိုး၊ အဆစ်မှာ ဖြစ်တတ်တဲ့ပြဿနာတွေကို လျှော့ချပေးနိုင်ပါတယ်။
>> အသက်ကြီးလာတာနဲ့အမျှ ရင်ဆိုင်လာရမယ့် အရိုး၊ အဆစ်ပြဿနာတွေကို ဘယ်လိုလျှော့ချမလဲ?
● အရိုးကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့ အတက်ရောဂါကုဆေးတွေ၊ တချို့သော ကင်ဆာကုထုံးတွေ၊ စတီးရွိုက်ဆေးတွေ စတဲ့ ဆေးတွေကို ရေရှည်သုံးစွဲနေရတယ် ဆိုရင်တော့ အရိုးကျန်းမာရေးအတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။
● ကိုယ်လက်လှုပ်ရှားမှု (အထူးသဖြင့် အကြောလျှော့လေ့ကျင့်ခန်းတွေ) ပုံမှန်လေး ပြုလုပ်ပေးပါ။
● ကယ်လ်ဆီယမ်နဲ့ ဗီတာမင်ဒီ ကြွယ်ဝတဲ့ အစားအသောက်တွေကို များများစားပေးပါ။
● ကိုယ်အလေးချိန် အရမ်းမများသွားအောင် ထိန်းသိမ်းပါ။
အပေါ်မှာ ပြောပြခဲ့တဲ့ အရိုး၊ အဆစ်တွေ ပြောင်းလဲလာပုံတွေကို သိရှိပြီး မိမိရဲ့ အရိုးကျန်းမာရေးကို အထောက်အကူပြုမယ့် အလေ့အကျင့်လေးတွေကို လိုက်လုပ်ခြင်းအားဖြင့် အရိုးကျန်းမာရေး ကောင်းမွန်ပြီး စိတ်သွားတိုင်း ကိုယ်ပါနိုင်ကြမှာ ဖြစ်ပါတယ်။
ဒေါက်တာအောင် (www.drmyanmar.com)
Jointace 2
(Zawgyi)
ကြၽန္ေတာ္တို႔ေတြဟာ အသက္ႀကီးလာတာနဲ႔အမွ် ဇရာရဲ႕ဒဏ္ေၾကာင့္ ခႏၶာကိုယ္မွာ ေျပာင္းလဲမႈေတြ ျဖစ္ေပၚတတ္တာ သဘာဝပဲ ျဖစ္ပါတယ္။ မ်က္ႏွာမွာ အေရးအေၾကာင္းေတြ မ်ားလာတာမ်ိဳး၊ ဆံပင္ေတြ ျဖဴလာတာမ်ိဳး စတဲ့ ျမင္သာထင္သာရွိတဲ့ ေျပာင္းလဲမႈေတြကိုေတာ့ ေတာ္ေတာ္မ်ားမ်ားက သတိထားမိတတ္ၾကပါတယ္။ ဒါေပမဲ့ အသက္ႀကီးလာတာနဲ႔အမွ် ခႏၶာကိုယ္ရဲ႕ အ႐ိုး၊ အဆစ္ေတြမွာလည္း ေျပာင္းလဲမႈေတြ ရွိတယ္ဆိုတာကိုေတာ့ သိပ္သတိမထားမိၾကပါဘူး။ ဒါ့ေၾကာင့္ အသက္ႀကီးလာတာနဲ႔အမွ် အ႐ိုး၊ အဆစ္ေတြမွာ ျဖစ္ေပၚတတ္တဲ့ ေျပာင္းလဲမႈေတြအေၾကာင္းနဲ႔ အ႐ိုးက်န္းမာေရးေကာင္းဖို႔ ဘာေတြလုပ္သင့္တယ္ဆိုတာကို ေျပာျပေပးမွာ ျဖစ္ပါတယ္။
>> အ႐ိုးေတြရဲ႕ ေျပာင္းလဲပုံ
လူတစ္ေယာက္ရဲ႕ သက္တမ္းတစ္ေလွ်ာက္လုံးမွာ သူ႔ရဲ႕အ႐ိုးေတြဟာ အၿမဲတမ္းေျပာင္းလဲေနပါတယ္။ ခႏၶာကိုယ္ရဲ႕ သဘာဝျဖစ္စဥ္အရ ေဟာင္းႏြမ္းသြားတဲ့အ႐ိုးေတြကို အ႐ိုးအသစ္ေတြနဲ႔ အၿမဲတမ္း အစားထိုးေနရပါတယ္။ အသက္ငယ္႐ြယ္တုန္းမွာေတာ့ ပ်က္စီးသြားတဲ့ အ႐ိုးပမာဏအတိုင္းကို ခႏၶာကိုယ္က အလ်င္အျမန္ ျပန္အစားထိုးႏိုင္ပါတယ္။ အသက္ ၃၀ ပတ္လည္ေလာက္ ေရာက္ရင္ေတာ့ လူအမ်ားစုက သူတို႔ရဲ႕ အ႐ိုးအသန္မာဆုံးအခ်ိန္ကို ေရာက္ပါတယ္။ အသန္မာဆုံးအခ်ိန္ကို ေက်ာ္လာၿပီးရင္ေတာ့ အ႐ိုးအသစ္ေတြကို ငယ္႐ြယ္တုန္းကေလာက္ ျမန္ျမန္အစားမထိုးႏိုင္ေတာ့ပါဘူး။ အသက္ ၄၀ ေက်ာ္လာၿပီ ဆိုရင္ေတာ့ အ႐ိုးအနည္းငယ္ကိုသာ အစားထိုးႏိုင္ပါေတာ့တယ္။ ဒါ့ေၾကာင့္ ဒီအသက္အ႐ြယ္မွာ အ႐ိုးေတြက ပါးလာၿပီး က်ိဳးလြယ္လာတာ ျဖစ္ပါတယ္။ ဒီအသက္အ႐ြယ္မွာ အ႐ိုးပါးေရာဂါ ျဖစ္ႏိုင္ေခ်လည္း မ်ားလာၿပီ ျဖစ္ပါတယ္။ အထူးသျဖင့္ အမ်ိဳးသမီးေတြမွာဆိုရင္ ေသြးဆုံးၿပီးေနာက္ပိုင္းမွာ အ႐ိုးပ်က္စီးမႈေတြ၊ အ႐ိုးပါးေရာဂါ ျဖစ္ႏိုင္ေခ်ေတြ မ်ားလာတာကို ျမင္ေတြ႕ရမွာ ျဖစ္ပါတယ္။
>> အဆစ္ေတြ ေျပာင္းလဲပုံ
ခႏၶာကိုယ္မွာရွိတဲ့ အဆစ္ေတြဟာလည္း အ႐ိုးေတြလိုပဲ အခ်ိန္နဲ႔အမွ် ေျပာင္းလဲပ်က္စီးေနတာ ျဖစ္ပါတယ္။ အသက္ႀကီးလာတဲ့လူေတြမွာ အနည္းငယ္ထိခိုက္မႈ (ေခ်ာ္လဲတာ၊ တြန္းတိုက္မိတာ) ေလးေတြ ျဖစ္ရင္ေတာင္မွ အဆစ္ေတြကို ထိခိုက္ေစႏိုင္ပါတယ္။ ခႏၶာကိုယ္မွာရွိတဲ့ အဆစ္တစ္ခုခု လႈပ္ရွားတဲ့အခါ အဲ့ဒီ့အဆစ္အတြင္းမွာရွိတဲ့ အ႐ိုးႏွစ္ခု ပြတ္တိုက္မႈမရွိေအာင္ အ႐ိုးႏုေလးေတြနဲ႔ ကာကြယ္ေပးထားပါတယ္။ ဒီအ႐ိုးႏုေလးေတြက အသက္ႀကီးလာတာနဲ႔အမွ် ပ်က္စီးလာတဲ့အခါ ထိခိုက္မႈ အနည္းငယ္ျဖစ္႐ုံနဲ႔ အ႐ိုးႏုေတြ ပ်က္စီးသြားတတ္ပါတယ္။ ဒီလိုပ်က္စီးမႈေတြ မ်ားလာရင္ေတာ့ အ႐ိုးအတက္ထြက္ျခင္းကို ျဖစ္ေစႏိုင္ပါတယ္။ ဒါေပမဲ့ အဆစ္ေတြ ယိုယြင္းပ်က္စီးမႈဟာ ကာကြယ္လို႔မရတဲ့အရာမ်ိဳးေတာ့ မဟုတ္ပါဘူး။ အသက္ႀကီးလာေပမယ့္လည္း ကိုယ္ႏိုင္သေလာက္ ကိုယ္လက္လႈပ္ရွားမႈေလးေတြ ပုံမွန္လုပ္ေပးေနရင္ အ႐ိုး၊ အဆစ္မွာ ျဖစ္တတ္တဲ့ျပႆနာေတြကို ေလွ်ာ့ခ်ေပးႏိုင္ပါတယ္။
>> အသက္ႀကီးလာတာနဲ႔အမွ် ရင္ဆိုင္လာရမယ့္ အ႐ိုး၊ အဆစ္ျပႆနာေတြကို ဘယ္လိုေလွ်ာ့ခ်မလဲ?
● အ႐ိုးက်န္းမာေရးကို ထိခိုက္ေစႏိုင္တဲ့ အတက္ေရာဂါကုေဆးေတြ၊ တခ်ိဳ႕ေသာ ကင္ဆာကုထုံးေတြ၊ စတီး႐ြိဳက္ေဆးေတြ စတဲ့ ေဆးေတြကို ေရရွည္သုံးစြဲေနရတယ္ ဆိုရင္ေတာ့ အ႐ိုးက်န္းမာေရးအတြက္ ဆရာဝန္နဲ႔ တိုင္ပင္ေဆြးေႏြးပါ။
● ကိုယ္လက္လႈပ္ရွားမႈ (အထူးသျဖင့္ အေၾကာေလွ်ာ့ေလ့က်င့္ခန္းေတြ) ပုံမွန္ေလး ျပဳလုပ္ေပးပါ။
● ကယ္လ္ဆီယမ္နဲ႔ ဗီတာမင္ဒီ ႂကြယ္ဝတဲ့ အစားအေသာက္ေတြကို မ်ားမ်ားစားေပးပါ။
● ကိုယ္အေလးခ်ိန္ အရမ္းမမ်ားသြားေအာင္ ထိန္းသိမ္းပါ။
အေပၚမွာ ေျပာျပခဲ့တဲ့ အ႐ိုး၊ အဆစ္ေတြ ေျပာင္းလဲလာပုံေတြကို သိရွိၿပီး မိမိရဲ႕ အ႐ိုးက်န္းမာေရးကို အေထာက္အကူျပဳမယ့္ အေလ့အက်င့္ေလးေတြကို လိုက္လုပ္ျခင္းအားျဖင့္ အ႐ိုးက်န္းမာေရး ေကာင္းမြန္ၿပီး စိတ္သြားတိုင္း ကိုယ္ပါႏိုင္ၾကမွာ ျဖစ္ပါတယ္။
ေဒါက္တာေအာင္ (www.drmyanmar.com)






























