/
news/အမ်ိဳးသမီးမ်ားႏွင့္က်န္းမာေရး/အမ်ိဳးသမီးတိုင္းျဖတ္သန္းၾကရမယ့္-ေသြးဆံုးခ်ိန္

အမ်ိဳးသမီးတိုင္းျဖတ္သန္းၾကရမယ့္ ေသြးဆံုးခ်ိန္

Category
အမ်ိဳးသမီးမ်ားႏွင့္က်န္းမာေရး

အမ်ိဳးသမီးအမ်ားအျပားက အသက္ ၄၀ ေက်ာ္လာၿပီဆိုရင္ ေသြးဆံုးတဲ့လကၡဏာေတြကိုစၿပီး သတိျပဳမိလာၾကပါတယ္။ ဒီအခ်ိန္ကိုေတာ့ ေသြးဆံုးကာနီးအခ်ိန္ေတြလို႔ေခၚပါတယ္။ ေသြးဆံုးကာနီးအခ်ိန္အေတာအတြင္းမွာ သားဥအိမ္ေတြရဲ႕လုပ္ေဆာင္ခ်က္ေတြစက်လာၿပီးေတာ့ ခႏၶာကိုယ္ထဲက အီစရိုဂ်င္ပမာဏလည္းပဲ နည္းလာပါတယ္။ ဒီလုိေဟာ္မုန္းေတြက်လာတဲ့အတြက္ေၾကာင့္ အမ်ိဳးသမီးအမ်ားစုက အပူဒဏ္မခံနိုင္ျခင္း၊ စိတ္ပိုင္းဆိုင္ရာျပသနာအခ်ိဳ႕နဲ႔ ရာသီစက္ဝန္းအေျပာင္းအလဲေတြကိုစတင္ခံစားၾကရပါတယ္။

၁၂ လဆက္တိုက္ရာသီိမလာေတာ့ရင္ ေသြးဆံုးတယ္လို႔သတ္မွတ္ပါတယ္။

ေသြးဆံုးခါနီးအခ်ိန္ေတြမွာျဖစ္တတ္တဲ့ရာသီစက္ဝန္းအေျပာင္းအလဲ

ပထမဆံုးအေနနဲ႔ေတာ့ ရာသီတစ္ခုနဲ႔တစ္ခုၾကားၾကာခ်ိန္ေတြပိုရွည္လာပါတယ္။ ၿပီးရင္ တစ္လရာသီမလာဘဲ ေက်ာ္သြားတာ၊ ဒါမွမဟုတ္လမ်ားစြာမလာတာေတြ ျဖစ္လာပါမယ္။ ဒါက သားဥအိမ္က လစဥ္မ်ိဳးဥမေၾကြေတာ့လို႔ျဖစ္တဲ့ ပံုမွန္လကၡဏာပါပဲ။

ဒီလိုမဟုတ္ဘဲနဲ႔ အရင္ကအတိုင္းဘာမွအေျပာင္းအလဲမရွိဘဲ ရာသီလာေနတယ္ဆိုရင္ အေျပာင္းအလဲတစ္ခုခုကို ပိုၿပီးသတိျပဳမိႏုိင္ပါတယ္။ တစ္ေယာက္နဲ႔တစ္ေယာက္ေတာ့ အေတြ႕အႀကံဳေတြမတူပါဘူး။ တခ်ိဳ႕က လကၡဏာေတြကိုသိသိသာသာခံစားရၿပီးေတာ့ တခ်ိဳ႕ကေတာ့မသိမသာဘဲျဖတ္ေက်ာ္သြားႏိုင္ပါတယ္။

ဒါေပမယ့္ ဒီလိုေသြးဆံုးခါနီးအခ်ိန္ေတြမွာ ကိုယ္ဝန္ရႏိုင္ေသးတယ္ဆိုတာကိုေတာ့ မေမ့သင့္ပါဘူး။ ဒါေၾကာင့္ ရာသီတစ္လေပ်ာက္ရင္ ကိုယ္ဝန္ကိုလည္းထည့္ၿပီးစဥ္းစားဖို႔လိုပါတယ္။

Menopace 1

♦ ပူလြန္းျခင္း

ဒီအခ်ိန္မွာ ခႏၶာကိုယ္မွာပူေနတာက အျဖစ္မ်ားဆံုးပါ။ မ်က္ႏွာေတြလည္ပင္းေတြကေနစပူလာၿပီးေတာ့ ခႏၶာကိုယ္တစ္ေလွ်ာက္လံုးကို ပူလာတာေတြခံစားရပါတယ္။ တစ္ခ်ိဳ႕မွာက်ေတာ့ အရမ္းမခံမရပ္ႏိုင္ေအာင္ အပူကိုခံစားရၿပီးေတာ့ တစ္ခ်ိဳ႕မွာေတာ့ နည္းနည္းစိတ္အေႏွာင့္အယွက္ျဖစ္ရံုေလာက္ပဲ ခံစားရပါတယ္။ စျဖစ္ၿပီးေတာ့ ၅ ႏွစ္ေလာက္အတြင္းမွာ ျပန္ေပ်ာက္သြားေလ့ရွိပါတယ္။ တစ္ခ်ိဳ႕က်ေတာ့လည္း ေသြးဆံုးၿပီးတဲ့အခ်ိန္အထိ အပူကိုဆက္ၿပီးခံစားရတာလည္းရွိပါတယ္။

ေရာဂါတစ္ခုခုေၾကာင့္ သားဥအိမ္ေတြကိုခြဲစိတ္ဖယ္ရွားထားတဲ့အမ်ိဳးသမီးေတြမွာ ဒီလိုအပူဒဏ္ခံစားရတာေတြက ပိုဆိုးၿပီးေတာ့မၾကာခဏျဖစ္တတ္ပါတယ္။ ဒီလကၡဏာကဆိ္ုးလြန္းလို႔ ေန႔စဥ္လုပ္ေနက်အလုပ္ေတြကိုေတာင္မွ အေႏွာင့္အယွက္ျဖစ္တယ္ဆိုရင္ေတာ့ ဆရာဝန္နဲ႔ျပသပါ။ ပြပြေခ်ာင္ေခ်ာင္ခ်ည္ထည္အက်ၤ ီေတြဝတ္ေနတာ၊ ညဘက္မွာ အဲကြန္း၊ ပန္ကာဖြင့္အိပ္တာေတြလုပ္နိုင္သလို ဆရာဝန္ညႊန္ၾကားတဲ့ေဆးေတြလည္းေသာက္ႏိုင္ပါတယ္။

♦ ေမြးလမ္းေၾကာင္းမွာျဖစ္တတ္တဲ့လကဏာေတြ

တခ်ိဳ႕အမ်ိဳးသမီးေတြမွာ ေသြးဆံုးခါနီးရဲ႕ပထမဆံုးလကၡဏာအေနနဲ႔ မိန္းမကိုယ္၊ ေမြးလမ္းေၾကာင္းေျခာက္လာတာကို ခံစားၾကရပါတယ္။ ဒီအခါမွာ အမ်ိဳးသားနဲ႕အတူေနရင္ နာက်င္တာေတြကိုခံစားရမယ္။ ဒါ့အျပင္ ဆီးလမ္းေၾကာင္းပိုးဝင္ႏိုင္ေခ်လည္း ပိုမ်ားလာပါတယ္။

ေသြးဆံုးကာနီးခံစားရတဲ့လကၡဏာအမ်ားစုက အခ်ိန္ၾကာလာတဲ့အမွ် သက္သာလာတာမ်ားေပမယ့္လည္း ေမြးလမ္းေၾကာင္းေျခာက္တာကေတာ့ အသက္ႀကီးလာတာနဲ႔အမွ်ပိုဆိုးလာပါတယ္။ ဒါေပမယ့္လည္း ဒီလကၡဏာကိုသက္သာေစဖို႔အတြက္ ေခ်ာဆီေတြ၊ အစိုဓာတ္ထိန္းခရင္ေတြရွိပါတယ္။

အမ်ိဳးသမီးေတြက ေသြးဆံုးခ်ိန္ကပ္လာၿပီးဆိုတာနဲ႔ လိင္စိတ္နည္းလာပါတယ္။ ဒီေတာ့ လိင္မႈဆိုင္ရာျပသနာေတြအတြက္ ဆရာဝန္နဲ႔၊ ကိုယ့္ရဲ႕ခင္ပြန္းနဲ႔တိုင္ပင္ပါ။

♦ စိတ္ပိုင္းဆိုင္ရာအေျပာင္းအလဲမ်ား

ေသြးဆံုးကာနီးအခ်ိန္ေတြမွာ စိတ္ေတြဂဏွာမၿငိမ္ေရာက္ရက္ခတ္တာ၊ စိတ္တိုလြယ္၊ ေဒါသထြက္လြယ္၊ စိတ္နဲ႔ကိုယ္နဲ႔မကပ္၊ ဝမ္းနည္းတာေတြခံစားၾကရပါတယ္။ ဒီလိုစိတ္ပိုင္းဆိုင္ရာျပသနာေတြေၾကာင့္ ေပါင္းသင္းဆက္ဆံေရး အိမ္တြင္းေရာအလုပ္မွာပါ လာထိခိုုက္တတ္ပါတယ္။

ကိုယ့္ရဲ႕စိတ္အေျခအေနနဲ႔ပတ္သက္ၿပီးေတာ့ ျပႆနာေတြျဖစ္လာရင္၊ စိုးရိမ္တယ္ဆိုရင္ ဆရာဝန္နဲ႔ျပသၿပီးေတာ့ အႀကံဥာဏ္ရယူပါ။

Menopace 2

♦ အိပ္စက္မႈပံုစံေတြလည္းေျပာင္းလာပါတယ္။

အိပ္ေရးမဝတာကေတာ့အဆိုးဆံုးပါ။ ဒီလိုမ်ိဳးအိပ္ေရးပ်က္ရတဲ့အေၾကာင္းအရင္းေတြ အမ်ားႀကီးရွိပါတယ္။ ဥပမာ- ညဘက္ေတြမွာ ပူေနတာေတြ၊ စိတ္တို၊စိတ္လႈပ္ရွားမႈေတါေၾကာင့္ ၊ အလုပ္ရဲ႕စိတ္ဖိစီးမႈေၾကာင့္ ညဘက္အိပ္မေပ်ာ္တာလည္း ျဖစ္ႏိုင္ပါတယ္။

ဒါ့အျပင္ ညဘက္ေတြမွာ အိပ္ေနရင္းမၾကာခဏႏိုးလာတာမ်ိဳးေတြလည္းျဖစ္တတ္ပါတယ္။ ဒီျပႆနာေတြအတြက္ အမူအက်င့္ကုထံုးေတြအပါအဝင္ ေဆးဝါး ေတြစသည္ျဖင့္ ကုထံုးအမ်ိဳးမ်ိဳးရွိပါတယ္။

♦ ရုပ္ရည္သြင္ျပင္ေျပာင္းလဲလာျခင္း

ေသြးဆံုးကာနီးအခ်ိန္ေတြမွာ ေဟာ္မုန္းအေျပာင္းအလဲေတြေၾကာင့္ ေအာက္ပါအေျပာင္းအလဲေတြကိုလည္း ခံစားရနိုင္ပါတယ္။

• အေမြးေတြကၽြတ္လာမယ္။

• အသားအေရေတြအိုမင္းရင့္ေရာင္လာမယ္၊( အသားေတြေျခာက္လာ၊ တြန္႔လာမယ္)

• ခႏၶာကိုယ္ထဲမွာအဆီေတြျပန္ျပန္႔လာလို႔ ခါးေတြတုတ္လာမယ္

• ဝက္ၿခံထြက္လာမယ္

ေသြးဆံုးခ်ိန္ကိုျဖတ္သန္းရတဲ့လမ္းေၾကာင္းက အမ်ိဳးသမီးတိုင္းမွာ တစ္ေယာက္နဲ႔တစ္ေယာက္ မတူကြဲျပားၾကပါတယ္။ ဘယ္သူမွာဘာေတြျဖစ္မယ္ဆိုတာကို ႀကိဳခန္႔မွန္းဖို႔လည္းခက္ပါတယ္။ ဒီေတာ့ ဒါေတြႀကံဳလာရၿပီဆိုရင္ အားငယ္စိတ္ပ်က္မေနဘဲနဲ႔ ဆရာဝန္နဲ႔တိုင္ပင္ၿပီးေတာ့ သက္သာရာနည္းလမ္းေတြကိုရွာပါ။ ၿပီးေတာ့ မိသားစုဆီကအကူအညီကိုရယူပါ။

Dr. Mya Myo Myo Swe (www.drmyanmar.com)

(Unicode)

အမျိုးသမီးအများအပြားက အသက် ၄၀ ကျော်လာပြီဆိုရင် သွေးဆုံးတဲ့လက္ခဏာတွေကိုစပြီး သတိပြုမိလာကြပါတယ်။ ဒီအချိန်ကိုတော့ သွေးဆုံးကာနီးအချိန်တွေလို့ခေါ်ပါတယ်။ သွေးဆုံးကာနီးအချိန်အတောအတွင်းမှာ သားဥအိမ်တွေရဲ့လုပ်ဆောင်ချက်တွေစကျလာပြီးတော့ ခန္ဓာကိုယ်ထဲက အီစရိုဂျင်ပမာဏလည်းပဲ နည်းလာပါတယ်။ ဒီလိုဟော်မုန်းတွေကျလာတဲ့အတွက်ကြောင့် အမျိုးသမီးအများစုက အပူဒဏ်မခံနိုင်ခြင်း၊ စိတ်ပိုင်းဆိုင်ရာပြသနာအချို့နဲ့ ရာသီစက်ဝန်းအပြောင်းအလဲတွေကိုစတင်ခံစားကြရပါတယ်။

၁၂ လဆက်တိုက်ရာသီမလာတော့ရင် သွေးဆုံးတယ်လို့သတ်မှတ်ပါတယ်။

သွေးဆုံးခါနီးအချိန်တွေမှာဖြစ်တတ်တဲ့ရာသီစက်ဝန်းအပြောင်းအလဲ

ပထမဆုံးအနေနဲ့တော့ ရာသီတစ်ခုနဲ့တစ်ခုကြားကြာချိန်တွေပိုရှည်လာပါတယ်။ ပြီးရင် တစ်လရာသီမလာဘဲ ကျော်သွားတာ၊ ဒါမှမဟုတ်လများစွာမလာတာတွေ ဖြစ်လာပါမယ်။ ဒါက သားဥအိမ်က လစဉ်မျိုးဥမကြွေတော့လို့ဖြစ်တဲ့ ပုံမှန်လက္ခဏာပါပဲ။

ဒီလိုမဟုတ်ဘဲနဲ့ အရင်ကအတိုင်းဘာမှအပြောင်းအလဲမရှိဘဲ ရာသီလာနေတယ်ဆိုရင် အပြောင်းအလဲတစ်ခုခုကို ပိုပြီးသတိပြုမိနိုင်ပါတယ်။ တစ်ယောက်နဲ့တစ်ယောက်တော့ အတွေ့အကြုံတွေမတူပါဘူး။ တချို့က လက္ခဏာတွေကိုသိသိသာသာခံစားရပြီးတော့ တချို့ကတော့မသိမသာဘဲဖြတ်ကျော်သွားနိုင်ပါတယ်။

ဒါပေမယ့် ဒီလိုသွေးဆုံးခါနီးအချိန်တွေမှာ ကိုယ်ဝန်ရနိုင်သေးတယ်ဆိုတာကိုတော့ မမေ့သင့်ပါဘူး။ ဒါကြောင့် ရာသီတစ်လပျောက်ရင် ကိုယ်ဝန်ကိုလည်းထည့်ပြီးစဉ်းစားဖို့လိုပါတယ်။

♦ ပူလွန်းခြင်း

ဒီအချိန်မှာ ခန္ဓာကိုယ်မှာပူနေတာက အဖြစ်များဆုံးပါ။ မျက်နှာတွေလည်ပင်းတွေကနေစပူလာပြီးတော့ ခန္ဓာကိုယ်တစ်လျှောက်လုံးကို ပူလာတာတွေခံစားရပါတယ်။ တစ်ချို့မှာကျတော့ အရမ်းမခံမရပ်နိုင်အောင် အပူကိုခံစားရပြီးတော့ တစ်ချို့မှာတော့ နည်းနည်းစိတ်အနှောင့်အယှက်ဖြစ်ရုံလောက်ပဲ ခံစားရပါတယ်။ စဖြစ်ပြီးတော့ ၅ နှစ်လောက်အတွင်းမှာ ပြန်ပျောက်သွားလေ့ရှိပါတယ်။ တစ်ချို့ကျတော့လည်း သွေးဆုံးပြီးတဲ့အချိန်အထိ အပူကိုဆက်ပြီးခံစားရတာလည်းရှိပါတယ်။

ရောဂါတစ်ခုခုကြောင့် သားဥအိမ်တွေကိုခွဲစိတ်ဖယ်ရှားထားတဲ့အမျိုးသမီးတွေမှာ ဒီလိုအပူဒဏ်ခံစားရတာတွေက ပိုဆိုးပြီးတော့မကြာခဏဖြစ်တတ်ပါတယ်။ ဒီလက္ခဏာကဆိုးလွန်းလို့ နေ့စဉ်လုပ်နေကျအလုပ်တွေကိုတောင်မှ အနှောင့်အယှက်ဖြစ်တယ်ဆိုရင်တော့ ဆရာဝန်နဲ့ပြသပါ။ ပွပွချောင်ချောင်ချည်ထည်အင်္ကျ ီတွေဝတ်နေတာ၊ ညဘက်မှာ အဲကွန်း၊ ပန်ကာဖွင့်အိပ်တာတွေလုပ်နိုင်သလို ဆရာဝန်ညွှန်ကြားတဲ့ဆေးတွေလည်းသောက်နိုင်ပါတယ်။

♦ မွေးလမ်းကြောင်းမှာဖြစ်တတ်တဲ့လက္ခဏာတွေ

တချို့အမျိုးသမီးတွေမှာ သွေးဆုံးခါနီးရဲ့ပထမဆုံးလက္ခဏာအနေနဲ့ မိန်းမကိုယ်၊ မွေးလမ်းကြောင်းခြောက်လာတာကို ခံစားကြရပါတယ်။ ဒီအခါမှာ အမျိုးသားနဲ့အတူနေရင် နာကျင်တာတွေကိုခံစားရမယ်။ ဒါ့အပြင် ဆီးလမ်းကြောင်းပိုးဝင်နိုင်ချေလည်း ပိုများလာပါတယ်။

သွေးဆုံးကာနီးခံစားရတဲ့လက္ခဏာအများစုက အချိန်ကြာလာတဲ့အမျှ သက်သာလာတာများပေမယ့်လည်း မွေးလမ်းကြောင်းခြောက်တာကတော့ အသက်ကြီးလာတာနဲ့အမျှပိုဆိုးလာပါတယ်။ ဒါပေမယ့်လည်း ဒီလက္ခဏာကိုသက်သာစေဖို့အတွက် ချောဆီတွေ၊ အစိုဓာတ်ထိန်းခရင်တွေရှိပါတယ်။

အမျိုးသမီးတွေက သွေးဆုံးချိန်ကပ်လာပြီးဆိုတာနဲ့ လိင်စိတ်နည်းလာပါတယ်။ ဒီတော့ လိင်မှုဆိုင်ရာပြသနာတွေအတွက် ဆရာဝန်နဲ့၊ ကိုယ့်ရဲ့ခင်ပွန်းနဲ့တိုင်ပင်ပါ။

♦ စိတ်ပိုင်းဆိုင်ရာအပြောင်းအလဲများ

သွေးဆုံးကာနီးအချိန်တွေမှာ စိတ်တွေဂဏှာမငြိမ်ရောက်ရက်ခတ်တာ၊ စိတ်တိုလွယ်၊ ဒေါသထွက်လွယ်၊ စိတ်နဲ့ကိုယ်နဲ့မကပ်၊ ဝမ်းနည်းတာတွေခံစားကြရပါတယ်။ ဒီလိုစိတ်ပိုင်းဆိုင်ရာပြသနာတွေကြောင့် ပေါင်းသင်းဆက်ဆံရေး အိမ်တွင်းရောအလုပ်မှာပါ လာထိခိုက်တတ်ပါတယ်။

ကိုယ့်ရဲ့စိတ်အခြေအနေနဲ့ပတ်သက်ပြီးတော့ ပြဿနာတွေဖြစ်လာရင်၊ စိုးရိမ်တယ်ဆိုရင် ဆရာဝန်နဲ့ပြသပြီးတော့ အကြံဉာဏ်ရယူပါ။

♦ အိပ်စက်မှုပုံစံတွေလည်းပြောင်းလာပါတယ်။

အိပ်ရေးမဝတာကတော့အဆိုးဆုံးပါ။ ဒီလိုမျိုးအိပ်ရေးပျက်ရတဲ့အကြောင်းအရင်းတွေ အများကြီးရှိပါတယ်။ ဥပမာ- ညဘက်တွေမှာ ပူနေတာတွေ၊ စိတ်တို၊စိတ်လှုပ်ရှားမှုတေါကြောင့် ၊ အလုပ်ရဲ့စိတ်ဖိစီးမှုကြောင့် ညဘက်အိပ်မပျော်တာလည်း ဖြစ်နိုင်ပါတယ်။

ဒါ့အပြင် ညဘက်တွေမှာ အိပ်နေရင်းမကြာခဏနိုးလာတာမျိုးတွေလည်းဖြစ်တတ်ပါတယ်။ ဒီပြဿနာတွေအတွက် အမူအကျင့်ကုထုံးတွေအပါအဝင် ဆေးဝါး တွေစသည်ဖြင့် ကုထုံးအမျိုးမျိုးရှိပါတယ်။

♦ ရုပ်ရည်သွင်ပြင်ပြောင်းလဲလာခြင်း

သွေးဆုံးကာနီးအချိန်တွေမှာ ဟော်မုန်းအပြောင်းအလဲတွေကြောင့် အောက်ပါအပြောင်းအလဲတွေကိုလည်း ခံစားရနိုင်ပါတယ်။

• အမွေးတွေကျွတ်လာမယ်။

• အသားအရေတွေအိုမင်းရင့်ရောင်လာမယ်၊( အသားတွေခြောက်လာ၊ တွန့်လာမယ်)

• ခန္ဓာကိုယ်ထဲမှာအဆီတွေပြန်ပြန့်လာလို့ ခါးတွေတုတ်လာမယ်

• ဝက်ခြံထွက်လာမယ်

သွေးဆုံးချိန်ကိုဖြတ်သန်းရတဲ့လမ်းကြောင်းက အမျိုးသမီးတိုင်းမှာ တစ်ယောက်နဲ့တစ်ယောက် မတူကွဲပြားကြပါတယ်။ ဘယ်သူမှာဘာတွေဖြစ်မယ်ဆိုတာကို ကြိုခန့်မှန်းဖို့လည်းခက်ပါတယ်။ ဒီတော့ ဒါတွေကြုံလာရပြီဆိုရင် အားငယ်စိတ်ပျက်မနေဘဲနဲ့ ဆရာဝန်နဲ့တိုင်ပင်ပြီးတော့ သက်သာရာနည်းလမ်းတွေကိုရှာပါ။ ပြီးတော့ မိသားစုဆီကအကူအညီကိုရယူပါ။

Dr. Mya Myo Myo Swe (www.drmyanmar.com)