/
news/အမျိုးသမီးများနှင့်ကျန်းမာရေး/အရေးပေါ်-သန္ဓေတားဆေး

အရေးပေါ် သန္ဓေတားဆေး

Category
အမျိုးသမီးများနှင့်ကျန်းမာရေး

          အရေးပေါ် သန္ဓေတားဆေးဟာ အကာအကွယ်မဲ့ လိင်ဆက်ဆံပြီးနောက် 72 နာရီအတွင်းမှာ သန္ဓေတားဆေးအနေနဲ့ သောက်ရတာ ဖြစ်ပါတယ်။ Norlevo 1 လုံးကို အတူနေပြီး 72 နာရီအတွင်း ချက်ချင်းသောက်ပြီးနောက် ဒုတိယအလုံးကို ပထမတစ်လုံး သောက်ပြီး 12 နာရီမှ 24 နာရီအတွင်း သောက်ပေးရပါမယ်။ ပထမဆုံးဆေးလုံးမှာ Ethinylestradiol 100 microgram ပါဝင်ပြီး ဒုတိယအလုံးမှာ 500 microgram (တားဆေး 2 လုံးမှ 3 လုံးနဲ့ ညီမျှတဲ့ပမာဏ) ပါဝင်ပါတယ်။

          အခြားနည်းလမ်းအနေနဲ့ အကာအကွယ်မဲ့ အတူနေပြီးနောက် သားအိမ်တွင်းထည့်ပစ္စည်းကို 5 ရက်အတွင်းလည်း ထည့်ပေးနိုင်ပါသေးတယ်။ ဒီပစ္စည်းဟာ 5 နှစ်မှ 10 နှစ်အထိ ခံပါတယ်။

Dr. Emerald (www.drmyanmar.com)