/
news/အမျိုးသားများနှင့်ကျန်းမာရေး/ဆီးကျိတ်ကြီးသူတွေအတွက်-အစားအစာများ

ဆီးကျိတ်ကြီးသူတွေအတွက် အစားအစာများ

Category
အမျိုးသားများနှင့်ကျန်းမာရေး

          အစားအစာ အာဟာရ အများအပြားဟာ ဆီးကျိတ်ကြီးခြင်းကို လျော့နည်းစေနိုင်သလို ပိုများစေနိုင်တာလည်း ရှိပါတယ်။

 

        ဆီးကျိတ်ကြီးခြင်းကို သက်သာစေနိုင်တဲ့ အစားအစာတွေကတော့ -

●        အမျှင်ဓာတ်များတဲ့ အစားအစာများ (အလုံးပြည့်ဆန်၊ ပဲ၊ အစိမ်းရောင် ဟင်းသီးဟင်းရွက်များ)

●        ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ ပါဝင်တဲ့ အသီးအနှံ၊ ဟင်းသီးဟင်းရွက်များ (အနီရင့်ရောင်၊ အဝါရောင်၊ လိမ္မော်ရောင်ရှိတဲ့ အသီးအနှံများ၊ ဇင့်ဓာတ်ပါတဲ့ ကြက်ဥ၊ ပင်လယ်စာ အများစု၊ အစေ့အဆံများ)

●        Phytoestrogen ဓာတ်ပါဝင်တဲ့ ပဲမျိုးစုံ

●        အိုမီဂါ ၃ အဆီဓာတ် ပါဝင်တဲ့ ငါးအများစုနဲ့ အစေ့အဆံများ စတာတွေဖြစ်ပြီး

 

        ဆီးကျိတ်ကြီးသူတွေ ရှောင်ရှားသင့်တဲ့ အစားအစာတွေကတော့ -

●        ကဖိန်းဓာတ်

●        လူလုပ် အချိုသကြားများ

●        အရက်

●        နီကိုတင်းဓာတ်

●        ကာဗွန်ပါတဲ့ အချိုရည်များ

●        ကစီဓာတ်ပါတဲ့ ပြုပြင်ထားတဲ့မုန့်များ

●        အနီရောင်အသားများ စတာတွေပဲ ဖြစ်ပါတယ်။

          ဒီလိုအစားအသောက်ကို ပြင်ဆင်စားသုံးခြင်းဖြင့် ဖြစ်ပြီးသားလူတွေမှာ ရောဂါလက္ခဏာတွေကို သက်သာစေနိုင်သလို မဖြစ်သေးတဲ့ လူတွေမှာလည်း ဆီးကျိတ်ကြီးခြင်း မဖြစ်ရလေအောင် ကာကွယ်ပေးပါတယ်။

Dr. Emerald (www.drmyanmar.com)