/
news/အမျိုးသားများနှင့်ကျန်းမာရေး/အမျိုးသားများနှင့်-ဆီးထဲသွေးပါခြင်း

အမျိုးသားများနှင့် ဆီးထဲသွေးပါခြင်း

Category
အမျိုးသားများနှင့်ကျန်းမာရေး

         ဆီးထဲမှာသွေးပါခြင်းဟာ ဆီးအိမ်ကင်ဆာကြောင့်ဖြစ်နိုင်တဲ့အတွက် မပေါ့ဆသင့်ပါဘူး။ နာကျင်မှုမရှိဘဲ ဆီးထဲသွေးပါခြင်းဟာ ဆီးအိမ်ကင်ဆာရဲ့အရေးကြီးတဲ့လက္ခဏာတစ်ရပ်ဖြစ်ပါတယ်။

         ဆီးအိမ်ကင်ဆာဖြစ်ရခြင်းမှာ ဆီးအိမ်မှဆဲလ်တွေကို မူမမှန်ပြောင်းလဲစေတဲ့ အန္တရာယ်ရှိဓာတုပစ္စည်းတွေ ခန္ဓာကိုယ်အတွင်းရောက်ရှိခြင်းကြောင့်ဖြစ်စေပြီး ဆီးအိမ်ကင်ဆာဖြစ်စေရတဲ့ အကြောင်းရင်းထက်ဝက်ခန့်ဟာ ဆေးလိပ်သောက်ခြင်းကြောင့်ပါ။

         ဒါကြောင့် အမျိုးသားများ ဆီးသွားတဲ့ အချိန်တိုင်း မိမိစွန့်ထုတ်လိုက်တဲ့ဆီးမှာ သွေးရောင်သမ်းမှု ရှိ၊ မရှိ စစ်ဆေးသင့်သလို ဆီးအိမ်ကင်ဆာဖြစ်ကြောင်းပြတဲ့ အခြားလက္ခဏာရပ်တွေဖြစ်တဲ့ မကြာခဏဆီးလမ်းကြောင်းးပိုးဝင်ခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ ခါးအောင့်ခြင်း ဒါမှမဟုတ် ဗိုက်အောင့်ခြင်း၊ အကြောင်းရင်းမရှိဘဲ ကိုယ်အလေးချိန်ကျသွားခြင်းစတဲ့ လက္ခဏာတွေကို သိရှိခံစားရပါက ဆရာဝန်ဆီသို့အမြန်ဆုံး သွားရောက်ပြသသင့်ပါတယ်။

         အရမ်းကြီးတော့စိတ်မပူသွားပါနဲ့။ အထက်ပါလက္ခဏာရပ်တွေဟာ လိပ်ခေါင်းရောဂါ၊ ဆီးလမ်းကြောင်းပိုးဝင်ခြင်း စတဲ့ အခြားရောဂါများကြောင့်လဲ ဖြစ်နိုင်သေးတဲ့အတွက် သင့်ရဲ့ ဆရာဝန်က သေချာစစ်ဆေးပေးပါလိမ့်မယ်။

 

 

Mg Hlaing Thwin

www.drmyanmar.com