/
news/အမျိုးသမီးများနှင့်ကျန်းမာရေး/စိတ်ဆိုးဒေါသဖြစ်လွယ်သော၊-မနာလိုစိတ်ပြင်းထန်သော

စိတ်ဆိုးဒေါသဖြစ်လွယ်သော၊ မနာလိုစိတ်ပြင်းထန်သော အမျိုးသမီးများနှင့် အယ်ဇိုင်းမားစ်ရောဂါ

Category
အမျိုးသမီးများနှင့်ကျန်းမာရေး

        အမျိုးသမီးများအနေနဲ့ မနာလို၀န်တိုစိတ်များခြင်း၊ စိတ်တိုလွယ်ခြင်းနဲ့ စိတ်ဖိစီးမှုများခြင်းကြောင့် သက်ကြီးပိုင်းမှာ အယ်ဇိုင်းမားစ်ရောဂါဖြစ်နိုင်ချေ မြင့်မားမှုရှိကြောင်း လေ့လာမှုတွေအရသိရှိရပါတယ်။ အယ်ဇိုင်းမားစ်ရောဂါခံစားရသူတွေဟာ ထိုးထွင်းသိမြင်နိုင်စွမ်း အားနည်းခြင်း၊ ေ၀ဖန်ပိုင်းခြားနိုင်စွမ်း လျော့နည်းခြင်း၊ စကားပြောဆိုရာမှာ အကြောင်းအရာတစ်ခုကို ထပ်တလဲလဲပြန်ပြောခြင်း၊ မှတ်ဉာဏ်ချို့ယွင်းခြင်းအစရှိတဲ့ လက္ခဏာတွေနဲ့ကြုံတွေ့ရမှာဖြစ်ပါတယ်။ ဒီလိုဆက်စပ်မှုရှိကြောင်းကို နှစ်ပေါင်း 38 နှစ်ကြာအချိန်ယူပြီးမှ အဖြေထုတ်ခဲ့ခြင်းဖြစ်ပါတယ်။ Gothenburg တက္ကသိုလ်မှ သုတေသီများက အသက် 46 နှစ်၀န်းကျင် အမျိုးသမီးပေါင်း 800 ကျော်ကို တွေ့ဆုံပြီး ဉာဏ်ရည်စမ်းသပ်မှု၊ ပင်ကိုစရိုက်အလေ့အထများ တစ်နည်းအားဖြင့် စိတ်မူမမှန်ဖြစ်မှု၊ အပေါင်းအသင်း၀င်ဆံ့မှု၊ တစ်ဦးတစ်ယောက်တည်း သီးသန့်နေတတ်မှု အစရှိတဲ့ အချက်အလက်တွေကို စုံစမ်းမေးမြန်းမှုတွေ ပြုလုပ်ခဲ့ပါတယ်။ ၃၈ နှစ်ကြာလေ့လာခဲ့ပြီးနောက်ပိုင်းမှာ စိတ်ဖိစီးမှုများခြင်း၊ စိုးရိမ်ကြောင့်ကြမှု လွန်ကဲခြင်း၊ မနာလိုစိတ်ပြင်းထန်ခြင်း၊ အပေါင်းအသင်းမရှိဘဲ သီးသန့်နေထိုင်ခြင်းအစရှိတဲ့ စိတ်ခံစားမှုပိုင်းဆိုင်ရာ ချို့ယွင်းချက်ရှိတဲ့ အမျိုးသမီးတွေမှာ အယ်ဇိုင်းမားစ်ရောဂါဖြစ်နိုင်ချေ အများဆုံးဖြစ်ကြောင်း သိရှိခဲ့ရပါတယ်။ လူတစ်ယောက်ရဲ့ ဘ၀နေထိုင်မှုပုံစံ၊ ပြုမူလုပ်ဆောင်ပုံ၊ စိတ်ခံစားချက်တွေဟာ ရောဂါဖြစ်ပေါ်မှု အပေါ် များစွာမူတည်နေကြောင်းကို သုံးသပ်လေ့လာဖော်ပြနိုင်ခဲ့ပါတယ်။ အမျိုးသမီးတွေ ကိုသာ လေ့လာဖြစ်ခဲ့ပေမယ့် လေ့လာမှုမှာပါ၀င်တဲ့ သုတေသီ Johansson က အမျိုးသားတွေမှာလည်း အလားတူပဲဖြစ်မယ်လို့ယုံကြည်ကြောင်း ပြောကြားခဲ့ပါတယ်။

 

CMS

www.drmyanmar.com