ဒီလက္ခဏာတွေက သွေးဆုံးချင်လာတာကိုပြနေတယ်နော်
အသက် ၄၀ ကျော် ၅၀ကျော် အမျိုးသမီးတွေမှာ သွေးဆုံးချင်လာတဲ့အခါ ဒီလိုလေးတွေ ခံစားလာရတတ်ပါတယ်။ သွေးဆုံးတယ်ဆိုတာ လစဉ်မဖြစ်မနေသွေးဆင်းရတဲ့ ဒုက္ခ ကလေးမွေးရ ကိုယ်ဝန်ဆောင်ရတဲ့ အဖြစ်တွေအဆုံးသတ်သွားတဲ့ ခန္ဓာကိုယ်နဲ့သားအိမ်ကို အနားပေးလိုက်တဲ့ဖြစ်စဉ်ပါ။ အရွယ်ရောက်လို့ သွေးစဆင်းချိန်ကစလို့ သားအိမ်နဲ့သားဥအိမ်လေးဟာ ဟော်မုန်းတွေနဲ့ မရပ်မနား အလုပ်လုပ်လာခဲ့ရတယ်လေ။ မျိုးပွားနိုင်စွမ်း ကုန်ဆုံးသွားတာကိုပြသနေတဲ့ သွေးဆုံးချိန်ဖြစ်ပါတယ်။
သွေးဆုံးတော့မယ့် အမျိုးသမီးတိုင်း ခံစားရလေ့ရှိတဲ့ လက္ခဏာတွေကတော့
- • ရာသီစက်ဝန်းအရင်လိုမမှန်တော့ဘူး။ တရက်ပဲလာချင်လာမယ် (သို့) ရက်များစွာလာချင်လာမယ်။ (သို့) သုံးလေးလမှတခါလာမယ်။
• ဖိန်းတိမ်းရှိန်းတိမ်းဖြစ်ခြင်း အပူထွက်သလို ကြက်သီးဖြန်းဖြန်းထခြင်း ညမှာဇောချွေးပြန်ခြင်း
• မိနိးမကိုယ်ခြောက်သွေ့လာခြင်း
• အမျိုးသားနှင့်နေစဉ် နာကျင်ခြင်း
• ဆီးလမ်းကြောင်းပိုးဝင်ခြင်း ဆီးပူခြင်း ကျင်ခြင်းအောင့်ခြင်း
• အိပ်မပျော်ခြင်း ညတိုင်းမျက်စိကြောင်နေခြင်း နိုးလာပြီးပြန်အိပ်မပျော်ခြင်း
• အကြောင်းရင်းမရှိဘဲ အလိုလိုဝမ်းနည်းကြေကွဲနေတတ်ခြင်း
သွေးဆုံးခါနီးတဲ့့အခါ အပေါ်ကလက္ခဏာတွေအပြင် တခြားအန္တရာယ်လက္ခဏာတွေလည်း ပေါ်လာတတ်ပါသေးတယ်။ သွေးဆုံးအသက်အရွယ်မရောက်မှီ ဆေးဝါးတွေကြောင့် ခွဲစိတ်မှုကြောင့် ဓာတ်ရောင်ခြည်ကြောင့် စောစီးစွာသွေးဆုံးတဲ့အခါ အပေါ်က လက္ခဏာလေးတွေအပြင် ဒီလိုလက္ခဏာတွေပြလာတဲ့အခါ ဆရာဝန်ကို ချက်ချင်းပြသဆွေးနွေးကြပါ၊။
• သွေးအလွန်အကျွံဆင်းခြင်း
• ရင်တလှပ်လှပ်တုန်ခြင်း
• ဗိုက်အောင့်ခြင်း
• မောခြင်း အားယုတ်ခြင်း
• အလွန်အမင်းစိတ်ဓာတ်ကျဆင်းခြင်း
• အိပ်မပျော်သောညရက်ဆက်လာခြင်း
သွေးမဆုံးတဆုံးအခြေအနေမှာ စိတ်ညစ်စရာတခုကတော့ ယခင်ကထက်မျိုးပွားနိုင်စွမ်း လျော့လာပါလျက်နဲ့ ရုတ်တရက် ကိုယ်ဝန်ရသွားတတ်တာဖြစ်ပါတယ်။
နောက်ဆုံးတခုကတော့ သွေးဆုံးကာလမှာ တကိုယ်တည်း အထိီးကျန်ဖြစ်လေ သွေးဆုံးလက္ခဏာတွေ ပိုဆိုးလေပါပဲတဲ့။ သွေးဆုံးအရွယ်အမျိုးသမီးတွေဟာ မိမိကိုယ်မိမိဂရုတစိုက်ပြုစုထိန်းသိမ်းခြင်း မိတ်ဆွေအပေါင်းအသင်းတွေနဲ့ မကြာခဏတွေ့ဆုံစကားပြောခြင်း နေ့စဉ်စာရေးစာဖတ်တာတွေနဲ့ ဖျတ်လတ်ကျန်းမာနေပြီး သွေးဆုံး ကာလကိုမေ့ထားလို့ ပျော်ရွှင်ကျန်းမာအောင်ကြိုးစားကြ၇အောင်။
ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)
(Unicode)
သှေးဆုံးတော့မယ့ျ အမြိုးသမီးတိုငျး ခံစားရလေ့ရှိတဲ့ လက်ခဏာတှကေတော့






























