/
news/အမျိုးသမီးများနှင့်ကျန်းမာရေး/သားအိမ်ကင်ဆာဖြစ်နိုင်ချေများသောအချက်များ

သားအိမ်ကင်ဆာဖြစ်နိုင်ချေများသောအချက်များ

Category
အမျိုးသမီးများနှင့်ကျန်းမာရေး

          ဟော်မုန်းပြောင်းလဲမှု အထူးသဖြင့် oestrogen ဟော်မုန်းပြောင်းလဲမှုက သားအိမ်ကင်ဆာဖြစ်နိုင်ချေများတဲ့ အဓိကအချက်ပါပဲ၊ ဖြစ်နိုင်ချေများတဲ့အချက်တွေကတော့ -

1. ရာသီလာသည့်အကြိမ်ရေ ပုံမှန်ထက်ပိုများခြင်း

2. ကိုယ်ဝန်မဆောင်ဘူးခြင်း

3. Oestrogen ဟော်မုန်းဆေးများသောက်သုံးခြင်း

4. အဝလွန်ခြင်းနှင့် အဆီများသောအစာများစားသုံးခြင်း

5. ရင်သားကင်ဆာဆေး tamoxifen ကို လက်ရှိသောက်နေခြင်း (သို့)  ယခင်က သောက်ဖူးခြင်း

6. သားဥအိမ်ကင်ဆာ ဖြစ်ဖူးခြင်း

7. သားဥအိမ်တွင် အရည်အိတ်များစွာဖြစ်သော ရောဂါလက္ခဏာစု (PCOS) ခံစားနေရသူဖြစ်ခြင်း

8. ဆီးချိုရောဂါရှိခြင်း

9. မိသားစုရာဇဝင်တွင် အူမကြီးကင်ဆာရှိခြင်း

10. ရင်သားကင်ဆာ ဖြစ်ဖူးခြင်း

11. အကြောင်းအမျိုးမျိုးကြောင့် သားအိမ်နံရံထူခြင်း

 

Dr. Mya Myo Myo Swe (www.drmyanmar.com)