/
news/အမျိုးသမီးများနှင့်ကျန်းမာရေး/အမျိုးသမီးတွေ-လစဉ်ခံစားနေရတဲ့-နာကျင်ကိုက်ခဲမှုရဲ့-လက်သည်တရားခံ

အမျိုးသမီးတွေ လစဉ်ခံစားနေရတဲ့ နာကျင်ကိုက်ခဲမှုရဲ့ လက်သည်တရားခံ

Category
အမျိုးသမီးများနှင့်ကျန်းမာရေး

Endometriosis လို့ခေါ်သော သားအိမ်နံရံတွင်ရှိတတ်သည့် ဆဲလ်များဟာ သားအိမ်ပြင်ပနေရာတွေဖြစ်တဲ့ မျိုးဥအိမ်နှင့် သားဥပြွန်များတွင် ရောက်ရှိနေခြင်းဟာ အဖြစ်များသောပြဿနာတစ်ခု ဖြစ်ပါတယ်။ သို့သော်လည်း အမျိုးသမီး တော်တော်များများဟာ မိမိမှာ ဒီပြဿနာရှိနေမှန်းကို သိလေ့မရှိကြပါဘူး။ ဒါကြောင့် မိမိတွင် အခုဖော်ပြမယ့်လက္ခဏာများ ရှိ၊ မရှိကို လေ့လာဆန်းစစ်သင့်ပါတယ်။

Dolfenal 1

(၁)  ရာသီလာစဉ် နာကျင်ကိုက်ခဲခြင်း
အမျိုးသမီးအများစုဟာ ရာသီလာစဉ် ကိုက်ခဲမှုဝေဒနာကို ခံစားရတတ်ပါတယ်။ သို့သော် တစ်လကို ၃-၄ ရက်လောက် အလွန်အမင်း နာကျင်သောဝေဒနာကို ခံစားနေရပါက သင့်သားအိမ်နံရံဆဲလ်တွေဟာ သားအိမ်ပြင်ပမှာရှိနေပြီး သားအိမ်ကြွက်သားတွေ ရာသီလာစဉ် ညှစ်သကဲ့သို့ တစ်ပုံစံတည်း ညှစ်နေခြင်းကြောင့် ပြင်းထန်စွာ နာကျင်ခြင်းဖြစ်နိုင်ပါတယ်။

(၂)  အိမ်သာတက်စဉ် နာကျင်ကိုက်ခဲခြင်း
သားအိမ်ပြင်ပတွင် သားအိမ်နံရံရှိဆဲလ်များ သွေးယိုစီးရာကနေ တင်ပဆုံကွင်းအတွင်းရှိ အူနှင့်အခြား အစိတ်အပိုင်းများကို စေးကပ်ခြင်းဖြစ်စေပါတယ်။ ဒါကြောင့် ဆီးသွားစဉ်နှင့် ဝမ်းသွားစဉ်မှာ နာကျင်ကိုက်ခဲခြင်းကို ခံစားရတတ်ပါတယ်။

Dolfenal 2

(၃)  လိင်ဆက်ဆံစဉ် နာကျဉ်ခြင်း
သားအိမ်နံရံရှိ ဆဲလ်များဟာ လစဉ်ရာသီလာချိန်များမှာ သားအိမ်ပြင်ပနေရာများတွင်လည်း သွေးယိုစီးခြင်းနှင့် နာကျင်ခြင်းကို ဖြစ်စေပြီးနောက် အမာရွတ်များနှင့် ရောင်ရမ်းခြင်းကို ကျန်ခဲ့စေပါတယ်။ ထိုနာကျင်နေသော နေရာများဟာ လိင်ဆက်ဆံစဉ်မှာ ပြန်လည်နာကျင်စေပြီးနောက် လိင်ပိုင်းဆိုင်ရာသာယာမှုကိုလည်း ထိခိုက်စေပါတယ်။

(၄)  ကိုယ်ဝန်ရရန် ခက်ခဲခြင်း
Endometriosis ရောဂါကို မကုသဘဲထားမယ်ဆိုပါက မျိုးဥပြွန်များပေါ်တွင် ဆိုးကျိုးများ သက်ရောက်စေနိုင်ပြီးနောက် မျိုးအောင်စေဖို့ ခက်ခဲစေပါတယ်။
အထက်ပါလက္ခဏာများ ခံစားနေရသူ အမျိုးသမီးများအနေနှင့် ဆရာဝန်နှင့် တိုင်ပင်ပြီး စစ်ဆေးမှုတွေ ပြုလုပ်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။

လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)