အမျိုးသားများ ငယ်စဉ်ကတည်းက ဆေးလိပ်သောက်ပါက မွေးလာသောကလေးတွင် ပန်းနာရင်ကြပ်ဖြစ်နိုင်
Category
အမျိုးသားများနှင့်ကျန်းမာရေး
ဆေးလိပ်သောက်သောဖခင်မှ မွေးဖွားလာတဲ့ ကလေးများမှာ ပန်းနာရင်ကြပ်ရောဂါဖြစ်ပွားနိုင်ချေမြင့် မားကြောင်း နော်ေ၀းနိုင်ငံ၊ Bergen တက္ကသိုလ်မှာ ပြုလုပ်ခဲ့တဲ့ သုတေသနလေ့လာချက်ကနေ သိရှိခဲ့ရပါတယ်။ သုတေသနပြုလုပ်မှုမှာ အမျိုးသားနဲ့ အမျိုးသမီးစုစုပေါင်း 13,000 ကျော် ပါ၀င်ခဲ့ကြပြီး မိဘများ ဆေးလိပ်သောက်ခြင်းကြောင့် မွေးလာမယ့် ကလေးမှာ ပန်းနာရင်ကျပ်ရောဂါ ပါလာနိုင်ခြေ ရှိ/မရှိ ကို လေ့လာခဲ့ကြပါတယ်။
ဖခင်ဖြစ်သူဟာ လူပျိုအရွယ် အသက် 15 နှစ် မတိုင်မီကတည်းက ဆေးလိပ်သောက်ပါက ကလေးငယ်မှာ ပန်းနာရင်ကြပ်ရောဂါဖြစ်နိုင်ပြီး ဆေးလိပ်သောက်သုံးချိန် ကြာလေလေကလေးငယ်မှာ ပန်းနာရင်ကျပ်ရောဂါ ဖြစ်နိုင်ချေပိုများလေလေပဲ ဖြစ်ပါတယ်။ အကြောင်းရင်းကိုတော့ ဆက်လက်လေ့လာ စမ်းစစ်ဆဲ ဖြစ်ပါတယ်။
Dr. Htet Htet Aung
















