/
news/အလွအပႏွင့္က်န္းမာေရး/ပ်ိဳပ်ိဳေမတို႔-ကိုယ္အေလးခ်ိန္ကိုေလ်ာ့က်ေစဖို႔သိထားသင့္တဲ့အခ်က္ေလးေတြ

ပ်ိဳပ်ိဳေမတို႔ ကိုယ္အေလးခ်ိန္ကိုေလ်ာ့က်ေစဖို႔သိထားသင့္တဲ့အခ်က္ေလးေတြ

Category
အလွအပႏွင့္က်န္းမာေရး

အမ်ိဳးသမီးအမ်ားစုအတြက္ အသက္ ၂၀-၃၀ ၾကားအရြယ္က အေျပာင္းအလဲေတြမ်ားတဲ့အခ်ိန္ပါပဲ။ ဒီ ဆယ္ႏွစ္တာဟာဆိုရင္ အိမ္နဲ႔ခြဲခြာၿပီးေတာ့ အလုပ္လုပ္ရတဲ့အခ်ိန္ျဖစ္ႏိုင္သလို ကိုယ္ပိုင္မိသားစုဘဝကိုလည္း စတင္တည္ေထာင္ရခ်ိန္လည္းျဖစ္ႏို္င္ပါတယ္။ ဒီလိုအေျပာင္းအလဲေတြအမ်ားႀကီးနဲ႔အတူ ခႏၶာကိုယ္အေလးခ်ိန္ေတြလည္းတက္လာၿပီးေတာ့ ဝၿဖိဳးလာတာကေတာ့ အံ့ၾသစရာမဟုတ္ပါဘူးေလ။

အိမ္နဲ႔ခြဲခြာၿပီးေတာ့ တကၠသိုလ္တက္ရတဲ့အခါမွာ ႀကံဳရတဲ့ဖိအားေတြ၊ ႀကံဳသလိုစားရတဲ့ အသင့္စားအစားအစာေတြ၊ တစ္ေနကုန္ထိုင္ေနရတဲ့အလုပ္ေတြ စတာေတြက ကိုယ္အေလးခ်ိန္ကို တက္လာေစပါတယ္။ ဒီအခ်ိန္မွာ ကိုယ္အေလးခ်ိန္ကိုထိန္းထားဖို႔ ျပန္ၿပီးပိန္ဖို႔ဆိုတာက တကယ့္ကို တိုက္ပြဲတစ္ပြဲလိုပါပဲ။

သတင္းေကာင္းကေတာ့ ဒီအသက္အရြယ္က က်န္းမာေရးနဲ႔မညီညြတ္တဲ့အက်င့္ေတြရွိလာႏိုင္သလို က်န္းမာေရးနဲ႔ညီညြတ္တဲ့အမူအက်င့္ေတြကို ျပန္လည္ေမြးျမဴႏိုင္မယ့္အရြယ္ပါပဲ။ ဒီအရြယ္မွာ ကိုယ္အေလးခ်ိန္ျပန္ခ်ႏိုင္ဖို႔အတြက္ နည္းလမ္းအခ်ိဳ႕ကိုေျပာျပခ်င္ပါတယ္။

1.ေရတိုဝိတ္ခ်နည္းေတြကိုမလုပ္ပါနဲ႔။

အစားအေသာက္ေတြအရမ္းေရွာင္ၿပီးေတာ့ တစ္လအတြင္း၊ တစ္ပတ္အတြင္းဝိတ္ခ်တဲ့နည္းေတြကို ဆယ္ေက်ာ္သက္အရြယ္မွာ လိုက္ၿပီးလုပ္ဖူးတယ္ဆိုရင္ အခုခ်က္ခ်င္းပဲ ဒီမေကာင္းတဲ့အေလ့အက်င့္ေတြကို စြန္႔လႊတ္လိုက္ပါ။ ဒီအခ်ိန္က တစ္ဘဝလံုးအတြက္ ေကာင္းမြန္မယ့္ က်န္းမာေရးနဲ႔ညီညြတ္တဲ့စားသံုးမႈပံုစံကို စတင္ဖို႔အခ်ိန္ပါပဲ။ ဒီေတာ့ ထမင္းစားတဲ့အခါမွာ သစ္သီးနဲ႔ဟင္းသီးဟင္းရြက္၊ အဆီမပါတဲ့အသား၊ အရမ္းႀကီးျဖဴဆြတ္ေနေအာင္ျပဳျပင္မထားတဲ့ whole-wheat carbs ကစီဓာတ္ (ဆန္၊ ဂ်ံဳ၊ ေျပာင္း) ေတြကို စားတဲ့အက်င့္လုပ္ေပးပါ။

Enervon C Adult 1

2.အစားအစာေရြးခ်ယ္မႈမွန္ကန္ပါေစ။

အိမ္မွာပဲစားစား၊ အျပင္မွာပဲစားစား က်န္းမာေရးနဲ႔ညီညြတ္တဲ့အရာေတြကို ေရြးစားတတ္ဖို႔လိုပါတယ္။ ဆီေၾကာ္ေတြစားမယ့္အစား ကင္ထား၊ ျပဳတ္ထား၊ ဖုတ္ထားတဲ့ အသား၊ ငါးေတြကို အရြက္ျပဳတ္နဲ႔စားပါ။ ေထာပတ္၊ ဒိန္ခဲ၊ ခရင္ေဆာ့စ္ေတြနဲ႔အုပ္ထားတဲ့အစားအစာေတြကိုေရွာင္ပါ။ အခ်ိဳႀကိဳက္တတ္ရင္ သစ္သီးေတြစားပါ။

3.အာဟာရနဲ႔ပတ္သက္ၿပီးေတာ့ ေလ့လာပါ။

က်န္းမာေရးနဲ႔ညီညြတ္စြာခ်က္ျပဳတ္တတ္ေအာင္သင္ေပးတဲ့သင္တန္းေတြ၊ အာဟာရပညာရွင္ေတြရဲ႕ေဟာေျပာခ်က္ေတြကို နားေထာင္ပါ။ လိုအပ္ပါက အာဟာရပညာရွင္နဲ႔ တိုင္ပင္ေဆြးေႏြးျခင္းအားျဖင့္ ကိုယ့္ရဲ႕ေနထိုင္မႈပံုစံနဲ႔ကိုက္ညီႏိုင္မယ့္ အေလ့အက်င့္ေတြနဲ႔ပတ္သက္ၿပီးေတာ့ အႀကံဥာဏ္ရႏိုင္ပါတယ္။

4.က်န္းမာေရးနဲ႔ညီညြတ္တဲ့အဆီေတြကိုစားပါ။

အဆီေတြအားလံုးက မတူၾကပါဘူး။ မျပည့္ဝဆီေတြက က်န္းမာေရးနဲ႔အညီဆံုးျဖစ္ၿပီးေတာ့ ေထာပတ္သီး၊ အယ္မြန္၊ သံလြင္ဆီ၊ ဆယ္မြန္ငါးစတာေတြမွာေတြ႕ႏိုင္ပါတယ္။

5.မိတ္ေဆြသူငယ္ခ်င္းေတြနဲ႔ အျပင္ထြက္တဲ့အခါမွာ၊ ပါတီေတြမွာလည္း ေရြးခ်ယ္တတ္ပါေစ။

ဒီအရြယ္မွာႀကံဳရတဲ့ေနာက္ထပ္ စိန္ေခၚမႈတစ္ခုကေတာ့ က်န္းမာေရးနဲ႔ညီညြတ္တဲ့ ေနထိုင္မႈပံုစံနဲ႔ လူမႈဆက္ဆံေရးၾကားမွာညႈိနိႈင္းရတာပါ။ ခ်စ္သူနဲ႔ခ်ိန္းတဲ့အခါ၊ သူငယ္ခ်င္းေတြနဲ႔ညဘက္ထြက္တဲ့အခါ၊ အလုပ္ကပါတီေတြမွာ အရက္ေတြပါလာတတ္ပါတယ္။ ဒီေတာ့ ကယ္လိုရီကိုထိန္းထားႏိုင္ဖို႔ ေကာ့ေတးတစ္ခြက္ မေသာက္မီနဲ႔ေသာက္ၿပီးအခ်ိန္ေတြမွာ ေရတစ္ခြက္စီေသာက္လိုက္ပါ။ အရမ္းမျပင္းတဲ့ဘီယာ၊ alcohol အနည္းငယ္သာပါတဲ့ အရည္ကို ေရြးေသာက္ပါ။

Enervon C Adult 2

6.ေခၽြးထြက္ဖို႔လည္းလိုပါတယ္။

ကိုယ္အေလးခ်ိန္က်ဖို႔ (သို႔) ထိန္းထားဖို႔ဆိုရင္ လမ္းပဲေလွ်ာက္ေလွ်ာက္၊ ေျပးတာပဲလုပ္လုပ္၊ စက္ဘီးပဲစီးစီး၊ ေရပဲကူးကူး ေခၽြးထြက္ေစမယ့္ အားကစားတစ္ခုခု ကစားရပါမယ္။ ကိုယ့္ရဲ႕နဂိုကိုယ္အေလးခ်ိန္အတိုင္ေလးပဲထိန္းထားခ်င္တယ္ဆိုရင္ေတာ့ တစ္ပတ္ကို အသင့္အတင့္ေအရိုးဗစ္ေလ့က်င့္ခန္း ၁၅၀ မိနစ္ (သို႔) ပိုၿပီးျပင္းျပင္းေလး ၇၅ မိနစ္လုပ္ေပးဖို႔လိုပါတယ္။ ကိုယ္အေလးခ်ိန္က်ဖို႔ဆိုရင္ေတာ့ ေခၽြးမ်ားမ်ားပိုထြက္ဖို႔လိုပါတယ္။

7.စိတ္ရွည္ပါ။

က်န္းမာေရးနဲ႔ညီညြတ္တဲ့အက်င့္ေတြကိုစတင္ေမြးျမဴတာက ကိုယ္အေလးခ်ိန္အတြက္ အရမ္းအေရးႀကီးပါတယ္။ ဒါေပမယ့္လည္း အက်င့္တစ္ခုစြဲၿမဲဖို႔ဆိုရင္ အခ်ိန္ေပးဖို႔လိုပါတယ္။ ဒီေတာ့ စိတ္ရွည္ၿပီးေတာ့ က်င့္ယူပါ။

8.ကိုယ္တတ္ႏိုင္သေလာက္ပဲလုပ္ပါ။

ေလ့လာမႈေတြအရ တခ်ိဳ႕အမူအက်င့္ေလးေတြက ရိုးရွင္းမႈရွိမွ ပိုၿပီးေတာ့ အေလ့အက်င့္ျဖစ္လြယ္ပါတယ္။ ဒီေတာ့ ပန္းတိုင္ အႀကီးႀကီးေတြကေနမစဘဲ ေသးေသးေလးေတြကေနစၿပီး က်င့္ၾကည့္ပါ။

9.ကေလးအေမေတြမွာလည္း ကေလးေမြးၿပီး ကိုယ္အေလးခ်ိန္ျပန္က်ဖို႔အတြက္ ဆိုရင္ အခ်ိန္ေပးဖို႔လိုပါတယ္။

ကေလးမေမြးခင္က ကိုယ္လံုးေလးကိုျပန္ရခ်င္တယ္ဆိုရင္ အနည္းဆံုးေတာ့ ၆လ ကေန တစ္ႏွွစ္ေလာက္ၾကာတတ္တယ္ဆိုတာကို သိထားသင့္ပါတယ္။ ကေလးအေမေတြအေနနဲ႔ ကေလးေမြးၿပီး အနည္းဆံုး ၆ ပတ္ေလာက္ၾကာမွ ကိုယ္အေလးခ်ိန္ျပန္ခ်မယ့္အစီအစဥ္ကို ဆြဲသင့္ပါတယ္။ ႏို႔တိုက္မိခင္ေတြဆိုရင္ အနည္းဆံုး အခ်ိန္ ၂ လေလာက္ေစာင့္လိုက္ပါဦး။ ျဖစ္ႏိုင္ရင္ေတာ့ ေမြးၿပီး 6 လၾကာမွသာ စၿပီးေလွ်ာ့ပါေနာ္။ ၿပီးေတာ့အရမ္းအလ်င္လိုၿပီးေတာ့ အျပင္းအထန္ႀကီးလည္းမလုပ္ပါနဲ႔။ မိခင္က အာဟာရမွ်တေအာင္ စားမွသာ ကိုယ့္ရဲ႕ႏုိ႔ရည္ကုိ ေသာက္သံုးေနရတဲ့ ကေလးေလးက က်န္းမာမွာမို႔လုိ႔ပါ။

Dr. Mya Myo Myo Swe (www.drmyanmar.com)

(Unicode)

အမျိုးသမီးအများစုအတွက် အသက် ၂၀-၃၀ ကြားအရွယ်က အပြောင်းအလဲတွေများတဲ့အချိန်ပါပဲ။ ဒီ ဆယ်နှစ်တာဟာဆိုရင် အိမ်နဲ့ခွဲခွာပြီးတော့ အလုပ်လုပ်ရတဲ့အချိန်ဖြစ်နိုင်သလို ကိုယ်ပိုင်မိသားစုဘဝကိုလည်း စတင်တည်ထောင်ရချိန်လည်းဖြစ်နိုင်ပါတယ်။ ဒီလိုအပြောင်းအလဲတွေအများကြီးနဲ့အတူ ခန္ဓာကိုယ်အလေးချိန်တွေလည်းတက်လာပြီးတော့ ဝဖြိုးလာတာကတော့ အံ့သြစရာမဟုတ်ပါဘူးလေ။

အိမ်နဲ့ခွဲခွာပြီးတော့ တက္ကသိုလ်တက်ရတဲ့အခါမှာ ကြုံရတဲ့ဖိအားတွေ၊ ကြုံသလိုစားရတဲ့ အသင့်စားအစားအစာတွေ၊ တစ်နေကုန်ထိုင်နေရတဲ့အလုပ်တွေ စတာတွေက ကိုယ်အလေးချိန်ကို တက်လာစေပါတယ်။ ဒီအချိန်မှာ ကိုယ်အလေးချိန်ကိုထိန်းထားဖို့ ပြန်ပြီးပိန်ဖို့ဆိုတာက တကယ့်ကို တိုက်ပွဲတစ်ပွဲလိုပါပဲ။

သတင်းကောင်းကတော့ ဒီအသက်အရွယ်က ကျန်းမာရေးနဲ့မညီညွတ်တဲ့အကျင့်တွေရှိလာနိုင်သလို ကျန်းမာရေးနဲ့ညီညွတ်တဲ့အမူအကျင့်တွေကို ပြန်လည်မွေးမြူနိုင်မယ့်အရွယ်ပါပဲ။ ဒီအရွယ်မှာ ကိုယ်အလေးချိန်ပြန်ချနိုင်ဖို့အတွက် နည်းလမ်းအချို့ကိုပြောပြချင်ပါတယ်။

1.ရေတိုဝိတ်ချနည်းတွေကိုမလုပ်ပါနဲ့။

အစားအသောက်တွေအရမ်းရှောင်ပြီးတော့ တစ်လအတွင်း၊ တစ်ပတ်အတွင်းဝိတ်ချတဲ့နည်းတွေကို ဆယ်ကျော်သက်အရွယ်မှာ လိုက်ပြီးလုပ်ဖူးတယ်ဆိုရင် အခုချက်ချင်းပဲ ဒီမကောင်းတဲ့အလေ့အကျင့်တွေကို စွန့်လွှတ်လိုက်ပါ။ ဒီအချိန်က တစ်ဘဝလုံးအတွက် ကောင်းမွန်မယ့် ကျန်းမာရေးနဲ့ညီညွတ်တဲ့စားသုံးမှုပုံစံကို စတင်ဖို့အချိန်ပါပဲ။ ဒီတော့ ထမင်းစားတဲ့အခါမှာ သစ်သီးနဲ့ဟင်းသီးဟင်းရွက်၊ အဆီမပါတဲ့အသား၊ အရမ်းကြီးဖြူဆွတ်နေအောင်ပြုပြင်မထားတဲ့ whole-wheat carbs ကစီဓာတ် (ဆန်၊ ဂျုံ၊ ပြောင်း) တွေကို စားတဲ့အကျင့်လုပ်ပေးပါ။

2.အစားအစာရွေးချယ်မှုမှန်ကန်ပါစေ။

အိမ်မှာပဲစားစား၊ အပြင်မှာပဲစားစား ကျန်းမာရေးနဲ့ညီညွတ်တဲ့အရာတွေကို ရွေးစားတတ်ဖို့လိုပါတယ်။ ဆီကြော်တွေစားမယ့်အစား ကင်ထား၊ ပြုတ်ထား၊ ဖုတ်ထားတဲ့ အသား၊ ငါးတွေကို အရွက်ပြုတ်နဲ့စားပါ။ ထောပတ်၊ ဒိန်ခဲ၊ ခရင်ဆော့စ်တွေနဲ့အုပ်ထားတဲ့အစားအစာတွေကိုရှောင်ပါ။ အချိုကြိုက်တတ်ရင် သစ်သီးတွေစားပါ။

3.အာဟာရနဲ့ပတ်သက်ပြီးတော့ လေ့လာပါ။

ကျန်းမာရေးနဲ့ညီညွတ်စွာချက်ပြုတ်တတ်အောင်သင်ပေးတဲ့သင်တန်းတွေ၊ အာဟာရပညာရှင်တွေရဲ့ဟောပြောချက်တွေကို နားထောင်ပါ။ လိုအပ်ပါက အာဟာရပညာရှင်နဲ့ တိုင်ပင်ဆွေးနွေးခြင်းအားဖြင့် ကိုယ့်ရဲ့နေထိုင်မှုပုံစံနဲ့ကိုက်ညီနိုင်မယ့် အလေ့အကျင့်တွေနဲ့ပတ်သက်ပြီးတော့ အကြံဉာဏ်ရနိုင်ပါတယ်။

4.ကျန်းမာရေးနဲ့ညီညွတ်တဲ့အဆီတွေကိုစားပါ။

အဆီတွေအားလုံးက မတူကြပါဘူး။ မပြည့်ဝဆီတွေက ကျန်းမာရေးနဲ့အညီဆုံးဖြစ်ပြီးတော့ ထောပတ်သီး၊ အယ်မွန်၊ သံလွင်ဆီ၊ ဆယ်မွန်ငါးစတာတွေမှာတွေ့နိုင်ပါတယ်။

5.မိတ်ဆွေသူငယ်ချင်းတွေနဲ့ အပြင်ထွက်တဲ့အခါမှာ၊ ပါတီတွေမှာလည်း ရွေးချယ်တတ်ပါစေ။

ဒီအရွယ်မှာကြုံရတဲ့နောက်ထပ် စိန်ခေါ်မှုတစ်ခုကတော့ ကျန်းမာရေးနဲ့ညီညွတ်တဲ့ နေထိုင်မှုပုံစံနဲ့ လူမှုဆက်ဆံရေးကြားမှာညှိုနှိုင်းရတာပါ။ ချစ်သူနဲ့ချိန်းတဲ့အခါ၊ သူငယ်ချင်းတွေနဲ့ညဘက်ထွက်တဲ့အခါ၊ အလုပ်ကပါတီတွေမှာ အရက်တွေပါလာတတ်ပါတယ်။ ဒီတော့ ကယ်လိုရီကိုထိန်းထားနိုင်ဖို့ ကော့တေးတစ်ခွက် မသောက်မီနဲ့သောက်ပြီးအချိန်တွေမှာ ရေတစ်ခွက်စီသောက်လိုက်ပါ။ အရမ်းမပြင်းတဲ့ဘီယာ၊ alcohol အနည်းငယ်သာပါတဲ့ အရည်ကို ရွေးသောက်ပါ။

6.ချွေးထွက်ဖို့လည်းလိုပါတယ်။

ကိုယ်အလေးချိန်ကျဖို့ (သို့) ထိန်းထားဖို့ဆိုရင် လမ်းပဲလျှောက်လျှောက်၊ ပြေးတာပဲလုပ်လုပ်၊ စက်ဘီးပဲစီးစီး၊ ရေပဲကူးကူး ချွေးထွက်စေမယ့် အားကစားတစ်ခုခု ကစားရပါမယ်။ ကိုယ့်ရဲ့နဂိုကိုယ်အလေးချိန်အတိုင်လေးပဲထိန်းထားချင်တယ်ဆိုရင်တော့ တစ်ပတ်ကို အသင့်အတင့်အေရိုးဗစ်လေ့ကျင့်ခန်း ၁၅၀ မိနစ် (သို့) ပိုပြီးပြင်းပြင်းလေး ၇၅ မိနစ်လုပ်ပေးဖို့လိုပါတယ်။ ကိုယ်အလေးချိန်ကျဖို့ဆိုရင်တော့ ချွေးများများပိုထွက်ဖို့လိုပါတယ်။

7.စိတ်ရှည်ပါ။

ကျန်းမာရေးနဲ့ညီညွတ်တဲ့အကျင့်တွေကိုစတင်မွေးမြူတာက ကိုယ်အလေးချိန်အတွက် အရမ်းအရေးကြီးပါတယ်။ ဒါပေမယ့်လည်း အကျင့်တစ်ခုစွဲမြဲဖို့ဆိုရင် အချိန်ပေးဖို့လိုပါတယ်။ ဒီတော့ စိတ်ရှည်ပြီးတော့ ကျင့်ယူပါ။

8.ကိုယ်တတ်နိုင်သလောက်ပဲလုပ်ပါ။

လေ့လာမှုတွေအရ တချို့အမူအကျင့်လေးတွေက ရိုးရှင်းမှုရှိမှ ပိုပြီးတော့ အလေ့အကျင့်ဖြစ်လွယ်ပါတယ်။ ဒီတော့ ပန်းတိုင် အကြီးကြီးတွေကနေမစဘဲ သေးသေးလေးတွေကနေစပြီး ကျင့်ကြည့်ပါ။

9.ကလေးအမေတွေမှာလည်း ကလေးမွေးပြီး ကိုယ်အလေးချိန်ပြန်ကျဖို့အတွက် ဆိုရင် အချိန်ပေးဖို့လိုပါတယ်။

ကလေးမမွေးခင်က ကိုယ်လုံးလေးကိုပြန်ရချင်တယ်ဆိုရင် အနည်းဆုံးတော့ ၆လ ကနေ တစ်နှစ်လောက်ကြာတတ်တယ်ဆိုတာကို သိထားသင့်ပါတယ်။ ကလေးအမေတွေအနေနဲ့ ကလေးမွေးပြီး အနည်းဆုံး ၆ ပတ်လောက်ကြာမှ ကိုယ်အလေးချိန်ပြန်ချမယ့်အစီအစဉ်ကို ဆွဲသင့်ပါတယ်။ နို့တိုက်မိခင်တွေဆိုရင် အနည်းဆုံး အချိန် ၂ လလောက်စောင့်လိုက်ပါဦး။ ဖြစ်နိုင်ရင်တော့ မွေးပြီး 6 လကြာမှသာ စပြီးလျှော့ပါနော်။ ပြီးတော့အရမ်းအလျင်လိုပြီးတော့ အပြင်းအထန်ကြီးလည်းမလုပ်ပါနဲ့။ မိခင်က အာဟာရမျှတအောင် စားမှသာ ကိုယ့်ရဲ့နို့ရည်ကို သောက်သုံးနေရတဲ့ ကလေးလေးက ကျန်းမာမှာမို့လို့ပါ။

Dr. Mya Myo Myo Swe (www.drmyanmar.com)