/
news/အလှအပနှင့်ကျန်းမာရေး/အသားအရေခြောက်သွေ့သူတို့ရဲ့-အရေပြားပြဿနာများ

အသားအရေခြောက်သွေ့သူတို့ရဲ့ အရေပြားပြဿနာများ

Category
အလှအပနှင့်ကျန်းမာရေး

အစက်အပျောက်မရှိ စိုစိုပြေပြေနဲ့ ဝင်းနေတဲ့ အသားအရေမျိုးကို မိန်းကလေးတိုင်း ပိုင်ဆိုင်ချင်ကြမှာပါ။ ဒါပေမဲ့လည်း တော်တော်များများအဖို့ အကြောင်းအမျိုးမျိုးကြောင့် မရနိုင်ကြပါဘူး။ ယေဘုယျအားဖြင့် လူတွေရဲ့အသားအရေက ခြောက်သွေ့တာ၊ ပုံမှန်နဲ့ အဆီပြန်တဲ့အသားအရေဆိုပြီး အမျိုးအစား ၃ မျိုး ရှိပါတယ်။
ခြောက်သွေ့တဲ့အသားအရေက အတွင်း/အပြင် အချက် ၂ မျိုးလုံးကြောင့် ဖြစ်နိုင်ပါတယ်။ လေထုထဲမှာ အစိုဓာတ်နည်းတာ၊ အေးတာ၊ ရေပူနဲ့ ရေချိုးတာ၊ ဆပ်ပြာကို အလွန်အကျွံ့သုံးတာ၊ နောက် အသက်ကြီးတာ၊ မျိုးရိုးလိုက်တာအပြင် အရေပြားက အလက်ဂျီဖြစ်လွယ်တာမျိုးဆိုရင်လည်း အသားအရေ ခြောက်သွေ့တတ်ပါတယ်။ လည်ပင်းကြီးရောဂါရှိရင်လည်း ဖြစ်တတ်ပါတယ်။

Bio-Oil 1

>>  အသားအရေခြောက်တဲ့လူတွေ ဖြစ်တတ်တဲ့အရေပြားရောဂါတွေက -
●  အသားအရေက ကြမ်းတမ်းပြီး အဖတ်တွေလန်၊ အသားညိုတဲ့လူဆိုရင် မီးခိုးရောင် မှုန်မှိုင်းမှိုင်းအရောင်မျိုး ဖြစ်လာတာ - အသားအရေခြောက်တဲ့လူတွေမှာ သဘာဝအဆီနဲ့ အစိုဓာတ် နည်းပါးတာကြောင့် ဖြစ်ပါတယ်။ ဦးရေပြား ခြောက်သွေ့တဲ့အခါ ဗောက်ထတဲ့ပုံစံလိုမျိုးပါပဲ။ ဒီအဖတ်လန်တဲ့အရေပြားဟာ သူ့ဘာသူ ကွာကျသွားတတ်ပါတယ်။
●  ယားယံတာ - အရေပြားခြောက်လို့ ယားတယ်၊ ယားလို့ ကုတ်တယ်၊ ကုတ်ရာကနေ ပိုယား ဒီလို လည်နေတတ်ပါတယ်။ အလုပ်တစ်ခုခုကို အာရုံစိုက်နေတုန်း၊ အိပ်နေတုန်းမှာ ပိုဆိုးတတ်ပါတယ်။
●  အနီရောင်အကွက်တွေ ထွက်တာ - အသားအရေက ကြမ်းကြမ်းကြီးနဲ့ အရေပြားအပေါ်ကို မြင့်တက်နေပြီး ယားယံတတ်ပါတယ်။ ပူလောင်တဲ့ ခံစားရတတ်ပါတယ်။
●  အရေပြား အက်ကွဲတာ၊ နောက်ပြီး သွေးပါထွက်လာတတ်ပါတယ်။ အထူးသဖြင့် ဆောင်းတွင်းတွေမှာ ဖြစ်တတ်ပါတယ်။ ဒီအက်ကွဲနေတဲ့ အရေပြားကြားထဲမှာ ပိုးမွှားတွေက ဝင်နေပြီး ယားယံတာ၊ သွေးထွက်တာတွေကို ဖြစ်စေပါတယ်။ ကြာလာရင် အရေပြား ပိုးဝင်တာကို ပိုဆိုးစေပါတယ်။
●  နှုတ်ခမ်း၊ ခြေဖနောင့်၊ လက်ဖဝါးတွေ ခြောက်သွေ့ အက်ကွဲတာ - ခန္ဓာကိုယ်ထဲမှာ ရေဓာတ်ခမ်းခြောက်တာပဲ ဖြစ်ဖြစ်၊ အစိုဓာတ်နည်းတာပဲ ပထမဆုံးတွေ့ရတဲ့ လက္ခဏာက နှုတ်ခမ်းတွေ ခြောက်သွေ့တာပါပဲ။ ဒါ့အပြင် ခြေဖနောင့်၊ လက်ဖဝါး ခြောက်သွေ့အက်ကွဲတာလည်း ဒီသဘောပါပဲ။ အထူးသဖြင့် ဆောင်တွင်းမှာ ဖြစ်တတ်ပါတယ်။

Bio-Oil 2

>>  ဒီလိုခြောက်သွေ့တဲ့အရေပြားပြဿနာတွေကို ဘယ်လိုကုသကြမလဲ?
1.  အစိုဓာတ်ထိန်းခရင်မ် (သို့) အသားအရေထိန်းသိမ်းမှု အဆီတစ်မျိုးမျိုး လိမ်းပေးပါ
အထူးသဖြင့် အရေပြားပြဿနာရှိတဲ့နေရာကို များများလိမ်းပေးပါ။

2.  သောက်ဆေး
အရေပြားအခြေအနေ ပိုဆိုးလာရင် အရေပြားဆရာဝန်နဲ့ ပြသပြီး သောက်ဆေး/လိမ်းဆေး တစ်မျိုးမျိုး သုံးပေးရပါမယ်။ အခြေအနေပေါ် မူတည်ပြီး ဆေးအမျိုးအစားနဲ့ ပြင်းအားတွေက ကွာခြားပါလိမ့်မယ်။

3.  နေထိုင်စားသောက်မှုပုံစံကို ပြောင်းလဲပါ
ကိုယ့်အရေပြားက ဖုန်ကို မတည့်ရင် ဖုန်ထူတဲ့နေရာ ရှောင်တာမျိုး၊ အစားအသောက်ကို အလက်ဂျီဖြစ်ရင် မတည့်တာကို ရှောင်တာမျိုး လုပ်သင့်ပါတယ်။

4.  ဆောင်းတွင်းမှာ အစိုဓာတ်ရအောင် နေပါ
အိမ်မှာ ရေငွေ့လွှတ်စက် humidifier ထားတာမျိုး လုပ်ပေးပါ။ ရေသောက်ပါ။

5.  အေးတဲ့ အဝတ်အစားကို ဝတ်ပြီး ပူတာကို ရှောင်ပါ
အပူက အရေပြားထဲက အစိုဓာတ်ကို ခြောက်သွေ့စေပါတယ်။ ရေပူနဲ့ ရေချိုးတာ၊ ခဏခဏ ရေချိုးတာ၊ အချိန်ကြာကြာ ရေချိုးတာတွေ ရှောင်ပါ။ ၅ မိနစ်၊ ၁၀ မိနစ်လောက် ချိုးရင် အရေပြားက အစိုဓာတ်ရပြီး ဒီထက်ကြာသွားရင် မကောင်းတော့ပါဘူး။
ပြင်းတဲ့ ဆပ်ပြာ မျိုးတွေ ရှောင်ပါ။

Dr. Htar (www.drmyanmar.com)