/
node/5288

ကလေးများနဲ့ ဆေးလိပ်ငွေ့

Category
ကလေးများနှင့်ကျန်းမာရေး

          ကလေးတွေအနား ဆေးလိပ်သောက်တဲ့အခါ ကလေးတွေ ဆေးလိပ်ငွေ့ ရှူမိပြီး ဘေးဥပါဒ်များ ဖြစ်စေနိုင်ပါတယ်။

●        ကလေး ရုတ်တရက် သေဆုံးခြင်း - ကလေးရဲ့မိခင်ဟာ ဆေးလိပ်သောက်တတ်ရင် နှစ်ဆ ပိုဖြစ်စေနိုင်ပါတယ်။

●        ပန်းနာရင်ကြပ်ထခြင်း - ပန်းနာရင်ကြပ်ရှိတဲ့ ကလေးတွေမှာ ဆေးလိပ်ငွေ့က ရင်ပိုကြပ်စေနိုင်ပါတယ်။

●        အဆုတ်ပြွန်ရောင်ခြင်း၊ အဆုတ်ပွခြင်း စတဲ့ အသက်ရှုလမ်းကြောင်းရောဂါများ ဖြစ်လာနိုင်ပါတယ် - ကလေးငယ်ငယ်လေးတွေမှာ အဆုတ်ပိုးဝင်ပြီး အသက်ရှူ ခက်ခဲကာ ဆေးရုံတက်ရသည်ထိ ဆိုးရွားနိုင်ပါတယ်။

●        ဦးနှောက်အမြှေးရောင်ခြင်း

●        ချောင်းဆိုး၊ အအေးမိခြင်း

●        အတွင်းနား ပိုးဝင်ခြင်းနဲ့ အကြားအာရုံ ချို့ယွင်းခြင်း စတဲ့ရောဂါများ ဖြစ်လာနိုင်ပါတယ်။

Dr. Mya Phoo Ngoon (www.drmyanmar.com)