/
services/clinique-de-skin-အရေပြားနှင့်အလှအပဆေးခန်း

Clinique de Skin အရေပြားနှင့်အလှအပဆေးခန်း

           Clinique de Skin အရေပြားနှင့် လေဆာဆေးခန်းသည် အရေပြားနှင့် အလှအပဆိုင်ရာ ကိစ္စရပ်များအတွက် လူအများ၏ ယုံကြည်စိတ်ချမှုကို အချိန်တိုအတွင်း အခိုင်အမာရရှိထားသော ဆေးခန်းတစ်ခုဖြစ်ပါသည်။ 2014 ခုနှစ် ၊ စက်တင်ဘာလတွင် စတင်တည်ထောင်ခဲ့ပြီး Clinique de Skin ဆေးခန်း (1)ကို အမှတ် 17/18 ၊ ကန်လမ်း (Moon Bakery အနောက်ဘက်)၊ လှိုင်မြို့နယ်၊ ရန်ကုန်မြို့တွင် ဖွင့်လှစ်ထားပြီး Clinique de Skin ဆေးခန်း (2) ကို အမှတ် 542 ၊ ကမ်းနားလမ်း (11 လမ်းထောင့်) ၊ လမ်းမတော်မြို့နယ်၊ ရန်ကုန်မြို့တွင် ဖွင့်လှစ်ထားပါသည်။

          အစဉ်ထာဝရ နုပျိုခြင်းကို လူတိုင်းနီးပါးလိုလားကြပါသည်။ မိမိ၏ ရုပ်ရည်သွင်ပြင်ကို မိမိကိုယ်တိုင် ကျေနပ်မှုရှိခြင်းကြောင့် မိမိကိုယ်မိမိ ယုံကြည်မှုများတိုးပွားစေပြီး လုပ်ငန်းခွင်နှင့် လူမှုဘ၀ နယ်ပယ်တွင်ပါ ကောင်းသော အကျိုးသက်ရောက်မှုများ ရရှိလာစေပါသည်။ ထို့ကြောင့် ကျွမ်းကျင် အရေပြားအထူးကုဆရာဝန်များထံမှ အရေပြားနှင့်ပတ်သက်၍ ပြီးပြည့်စုံသော အကြံဉာဏ်ကောင်းများကို ရယူနိုင်ရန်အတွက် Clinique de Skin ဆေးခန်းကို မနက် 10:00 နာရီမှ ညနေ 8:00 နာရီထိ နေ့စဉ်ဖွင့်လှစ်ထားပြီး ဆွေးနွေးတိုင်ပင်ပေးလျက်ရှိပါသည်။

          သက်တောင့်သက်သာရှိပြီး လုံခြုံစိတ်ချရသော ပတ်ဝန်းကျင်၊ ခေတ်မီ နည်းပညာနှင့် ဆေးဝါးများ၊ နောက်ဆုံးပေါ် ကိုရီးယားနိုင်ငံထုတ် စက်ကိရိယာပစ္စည်းသစ်များနှင့် အင်္ဂလန်နိုင်ငံမှ အရေပြားနှင့် အလှအပဆိုင်ရာ ဘာသာရပ်ကို လေ့လာဆည်းပူးခဲ့သော အရေပြားနှင့်အလှအပ ပါရဂူဆရာဝန်များကိုယ်တိုင် တာဝန်ယူကြီးကြပ်ကုသပေးလျက်ရှိပါသည်။

         Clinique de Skin အရေပြားနှင့် လေဆာဆေးခန်း၏ ၀န်ဆောင်မှုများမှာ -

1.   မခွဲစိတ်ဘဲ မျက်နှာပြုပြင်ခြင်း

(1)   Filler ဖြင့် မျက်နှာပြုပြင်ခြင်း

(2)   Botox ဖြင့် မျက်နှာပြုပြင်ခြင်း

(3)   Ultra V Lift ဖြင့် မျက်နှာပြုပြင်ခြင်း

(4)   Therma Facelift ဖြင့် မျက်နှာပြုပြင်ခြင်း

(5)   Lipodissolve ဖြင့် မျက်နှာပြုပြင်ခြင်း

2.   ၀က်ခြံနှင့် ၀က်ခြံအမာရွတ်များ ကုသပေးခြင်း

3.   တင်းတိပ်၊ မှဲ့ခြောက်နှင့် နေလောင်ကွက်များကို ကုသပေးခြင်း

4.   မလိုလားအပ်သော အမွှေးအမျှင်များဖယ်ရှားပေးခြင်း ( ချိုင်းမွှေး၊ ခြေသလုံးမွှေး စသည်)

5.   မိမိသွေးရည်ကြည်ဖြင့် နုပျိုလှပအောင်ကုသပေးခြင်း

6.   ကိုယ်အလေးချိန်လျှော့ချခြင်းနှင့် အဆီပိုများကို ဖယ်ရှားပေးခြင်း

7.   ခြေသလုံးသားလှပအောင်ပြုပြင်ပေးခြင်း

8.   ချိုင်းချွေးးထွက်သက်သာစေရန်ကုသပေးခြင်း

9.   အကြောပြတ်ရာများကို ကုသပေးခြင်း

10. အရောင်စုံတက်တူးများကို နောက်ဆုံးပေါ်လေဆာစက်ဖြင့် ဖယ်ရှားပေးခြင်း

11. အသားအရေအစဉ်အမြဲ ကောင်းမွန်စေရန် ထိန်းသိမ်းပေးခြင်း

12. ဦးရေပြားနှင့် ဆံကေသာ အလှအပအတွက် ကုသပေးခြင်း

13. အသေးစားခွဲစိတ်ပြုပြင်ပေးခြင်း

14. အရေပြား ရောဂါအမျိုးမျိုးကို ကုသပေးခြင်းတို့ ဖြစ်ပါသည်။

 ==========================