ကမ်ဘာကြီး ပူနွေးလာတာကြောင့် ကလေးတွေမှာ မွေးရာပါနှလုံးရောဂါတွေ ပိုများများ ဖြစ်စေပါသတဲ့
ဝင်ရိုးစွန်းက ရေခဲတွေလည်း အရည်ပျော်၊ မုန်တိုင်းတွေ တိုက်၊ သန္တာကျောက်တန်းတွေလည်း ပျက်စီးပြီး ရာသီဥတုပြောင်းလဲလာတဲ့ အကျိူးဆက်ကြောင့် ကိ်ုယ်ဝန်ဆောင်မေမေတွေရဲ့ ဝမ်းကြာတိုက်ထဲက သနေ္ဓသားလေးတွေကို နှလုံးတည်ဆောက်မှု ချွတ်ယွင်းတဲ့ရောဂါနဲ့ မွေးဖွားလာစေပါသတဲ့။
၂၀၂၅ ကစလို့ အလွန်အကျွံ ပူနွေးလာမယ့် ရာသီဥတု အနေအထားကြောင့် မွေးရာပါနှလုံးရောဂါ ပါလာမယ့်ကလေးတွေ ပိုမိုမွေးဖွားလာဖွယ် ရှိနေပါတယ်။
မွေးရာပါ နှလုံးရောဂါတွေဟာ ရင်သွေးလေးသောင်းမှာ တစ်ဦးခန့်သာဖြစ်ပြီး လက်ရှိမှာ ဖြစ်ပွားနှုန်း ရှားတော့ရှားပါးသေးတယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။
ကိုယ်ဝန်ဆောင်လေးတွေဟာ ပြင်ပအပူရှိန် သိပ်ပြင်းထန်လွန်းတဲ့အခါ မွေးဖွားတဲ့ ကလေးငယ်တွေမှာ မွေးရာပါ နှလုံးတည်ဆောက်မှု ချွတ်ယွင်းလာဖွယ် ရှိနေပါတယ်။
အပူဒဏ်ဟာ အတွင်းအဂါၤတွေ ဖွံ့ဖြိုးကြီးထွားဖို့ လိုအပ်တဲ့ဆဲလ်တွေကို သေဆုံးစေပါတယ်လို့ တိရစာၦန်တွေမှာ ပြုလုပ်တဲ့သုတေသနတွေက ပြဆိုနေပါတယ်။
လွန်ကဲတဲ့အပူရှိန်နဲ့ ထိတွေ့ရတဲ့ ကိုယ်ဝန်ဆောင်လေးတွေဟာ ကလေးငယ်တွေမှာ မွေးရာပါနှလုံးရောဂါတွေ ဖြစ်စေတာကို တွေ့ရှိထားရပါတယ်။ ၁၉၉၇ ကနေ ၂၀၀၇ ထိ ပြုလုပ်ခဲ့တဲ့ သုတေသနကနေ ထွက်ပေါ်လာတဲ့အဖြေ ဖြစ်ပါတယ်။
ပထဝီမြေပြင်အနေအထား မတူညီတဲ့နေရာအမျိူးမျိုးမှာ နေ့စဉ်အပူချိန်တွေကို တိုင်းတာပြီး ဘယ်လောက်ထိ ကိုယ်ဝန်ဆောင်တွေကို ထိခိုက်နိုင်မှုရှိမလဲဆိုတာ စမ်းသပ်ခဲ့ကြပါတယ်။
ဒီအခါ ကမ်ဘာကြီး ပူနွေးလာတာဟာ နောက်ထပ် မွေးရာပါ နှလုံးတည်ဆောက်မှု ချွတ်ယွင်းနေတဲ့ ကလေးပေါင်း ၇၀၀၀ ကျော်ကို မွေးဖွားလာဖို့ အလားအလာ တွန်းပေးသလို ဖြစ်နေပါတယ်။
ပညာရှင်တွေကတော့ ကိုယ်ဝန်ဆောင် လနုစဉ်မှာ အပူရှောင်ဖို့ နေပူထဲ သိပ်မထွက်ဖို့ အကြံပြုထားပါတယ်။ ကိုယ်ဝန် သုံးပတ်ကနေ ရှစ်ပတ်ကြားက အလွန်အရေးကြီးတဲ့ကာလမို့ အပူတတ်နိုင်သလောက် ရှောင်ဖို့ ဖြစ်ပါတယ်။
နောက်ဆုံးအနေနဲ့ မှတ်စရာကတော့ ကိုယ်ဝန်ဆောင် ကနဦးကာလမှာ နေပူသိပ်ခံရတဲ့ မေမေတွေ၊ အပူရှိန်လွန်ကဲတဲ့ ရာသီဥတုကို ကြုံတွေ့ရသူမေမေတို့ဟာ ဦးနှောက်နဲ့ အာရုံကြောမကြီးတွေ၊ မူမမှန်တဲ့ရောဂါပါလာတဲ့ ကလေးတွေ မွေးဖွားလာဖို့ ထပ်မံအန္တရာယ် ရှိနေတယ်ဆိုတာပါပဲ။
ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)















