ကလေးများနှင့် သွားပိုးစားခြင်း
>> သွားပိုးစားတယ်ဆိုတာ ဘာလဲ?
သွားပိုးစားတယ်ဆိုတာ သွားကြွေလွှာပျက်စီးသွားတာ ဒါမှမဟုတ် ဖျက်ဆီးခံလိုက်ရတာ ဖြစ်ပါတယ်။ သွားကြွေလွှာဆိုတာ သွားကို အပေါ်ကနေ ဖုံးအုပ်ထားတဲ့ အလွှာမာပါးပါးလေးပါ။ ဒီလိုသွားပိုးစားခြင်းက သွားပိုးပေါက်တွေကို ဖြစ်စေနိုင်ပါတယ်။
>> ဘယ်အရာတွေက ကလေးတွေမှာ သွားပိုးစားခြင်းကို ဖြစ်စေသလဲ?
သွားပိုးစားတာဟာ ဘက်တီးရီးယားပိုးတွေနဲ့ အခြားသောအရာတွေကြောင့် ဖြစ်တတ်ပါတယ်။ ကာဗွန်ဟိုက်ဒရိတ်ပါတဲ့ အစာတွေ သွားမှာကျန်နေတဲ့အခါ သွားပိုးစားတတ်ပါတယ်။ နို့၊ ဆိုဒါ၊ သကြားလုံး၊ ကိတ်မုန့်၊ သစ်သီးဖျော်ရည်တွေ၊ ပေါင်မုန့် စတာတွေဟာ ကာဗွန်ဟိုက်ဒရိတ်ပါတဲ့ အစားအစာတွေပါပဲ။ ပါးစပ်ထဲမှာ ပုံမှန်ရှိတဲ့ ဘက်တီးရီးယားပိုးတွေက ဒီအစာတွေကို အက်စစ်ဖြစ်အောင် ပြောင်းလဲလိုက်ပါတယ်။ အဲ့အခါမှာ ပိုးမွှားရယ်၊ အစာရယ်၊ အက်စစ်ရယ်၊ တံတွေးရယ် ပေါင်းစပ်သွားပြီး အစာဖတ် ဖြစ်သွားပါတယ်။ အဲ့အစာဖတ်က သွားမှာ ကပ်နေတတ်ပါတယ်။ အချိန်တွေကြာလာတဲ့အခါ ပိုးမွှားတွေက ပြုလုပ်လိုက်တဲ့ အက်စစ်က သွားရဲ့ကြွေလွှာတွေကို တိုက်စားပြီး သွားပိုးပေါက်တွေ ဖြစ်စေပါတယ်။
>> ဘယ်လိုကလေးမျိုးက သွားပိုးစားဖို့ အလားအလာရှိလဲ?
ကလေးတိုင်းရဲ့ပါးစပ်မှာ ဘက်တီးရီးယားပိုးမွှားတွေ ရှိပါတယ်။ အဲ့တော့ ကလေးတိုင်းမှာ သွားပိုးစားနိုင်ခြေ ရှိပါတယ်။ အောက်ပါအချက်တွေကတော့ ကလေးတစ်ယောက်ရဲ့ သွားပိုးစားနိုင်ခြေကို ပိုမိုမြင့်တက်စေပါတယ်။
● သွားပိုးပေါက်ဖြစ်စေတဲ့ ဘက်တီးရီးယားပမာဏ မြင့်မားနေခြင်း
● သကြားဓာတ်နှင့် ကစီဓာတ်များသော အစားများစားခြင်း
● ဖလိုရိုက်နည်းသော ဒါမှမဟုတ် မပါဝင်သောရေကို အသုံးပြုရခြင်း
● ပါးစပ်သန့်ရှင်းမှုနည်းပါးခြင်း
● သာမန်ထက် တံတွေးထွက်တာ နည်းနေခြင်း တို့ကြောင့် သွားပိုးစားနိုင်ခြေ ပိုမိုများစေနိုင်ပါတယ်။
Biogesic for kids IA 1
>> ကလေးတစ်ယောက်မှာ သွားပိုးစားတဲ့လက္ခဏာတွေက ဘာတွေလဲ?
ကလေးတစ်ယောက်နဲ့တစ်ယောက်တော့ သွားပိုးစားပုံချင်း မတူညီနိုင်ပါဘူး။ အောက်ကအချက်တွေကတော့ အတွေ့ရများတဲ့ သွားပိုးစားခြင်းနဲ့ သွားပိုးပေါက်ခြင်းလက္ခဏာတွေပဲ ဖြစ်ပါတယ်။
● အစောဆုံးအနေနဲ့ သွားပိုးစားမယ့်နေရာမှာ အဖြူကွက်ကလေးတွေ စပြီးဖြစ်ပေါ်လာပါတယ်။ ဒီအကွက်လေးတွေဟာ သွားကြွေလွှာ စတင်ပျက်စီးနေပြီလို့ ဖော်ပြနေတာပါ။
အဖြူကွက်တွေဖြစ်တာက သွားရဲ့ အာရုံခံစားမှုကို မြင့်တက်နေစေပါတယ်။
● နောက်တစ်ချက်ကတော့ သွားမှာ အညိုရောင်အပေါက်လေး ဖြစ်လာတာ ဖြစ်ပါတယ်။ နောက်ပိုင်းအပေါက်လေးဟာ တဖြည်းဖြည်း အထဲကို ပိုရောက်လာပြီး အနက်ရောင်အဖြစ် ပြောင်းသွားပါတယ်။
သွားပိုးပေါက်တိုင်းကတော့ လက္ခဏာပြမှာ မဟုတ်ပါဘူး။ တစ်ခါတစ်ရံမှာ သွားဆရာဝန်နဲ့ပြသပြီး သွားပိုးပေါက် ရှိတယ်ပြောတော့မှ ရှိမှန်းသိကြလေ့ရှိတတ်ပါတယ်။ ကလေးတစ်ယောက်မှာ ဒီလိုသွားပိုးပေါက်ရှိလာတဲ့အခါ သွားကိုက်တာ၊ အချို့သော အချိုတွေ၊ အပူတွေ၊ အအေးတွေ သောက်တဲ့အခါ သွားကျဉ်တာတွေ ခံစားရနိုင်ပါတယ်။
>> ကလေးတစ်ယောက်မှာ သွားပိုးပေါက်ရှိတာ ဘယ်လိုသိနိုင်မလဲ?
သွားဆရာဝန်တစ်ယောက်က ကလေးတစ်ယောက်ကို သေချာစေ့စပ်စွာ မေးမြန်းစမ်းသပ်ပြီး သွားဓာတ်မှန်များ ရိုက်ကြည့်တဲ့အခါ သွားပိုးပေါက်ရှိတာ သိနိုင်ပါတယ်။
Biogesic for kids IA 2
>> ကလေးတစ်ယောက်ရဲ့ သွားပိုးပေါက်တွေကို ဘယ်လိုကုသမလဲ?
ကုသမှုကတော့ ကလေးရဲ့ လက္ခဏာခံစားရမှု၊ အသက်၊ အထွေထွေကျန်းမာရေးတွေအပေါ် မူတည်ပါတယ်။ သွားပိုးပေါက်က ဘယ်လောက်အထိ ဆိုးရွားနေသလဲဆိုတာအပေါ်လည်း မူတည်ပါသေးတယ်။
အများစုမှာတော့ ပိုးစားနေတဲ့သွားရဲ့အပိုင်းကို ဖယ်ရှားပြီး အခြားတစ်ခုနဲ့ အပေါက်ကို ပြန်ဖြည့်လိုက်ပါတယ်။ သွားအပေါက်ထဲကို သွားဖာတဲ့ပစ္စည်းလေး ထည့်လိုက်တာပါ။ ဒီလိုသွားဖာတဲ့နေရာမှာလည်း နှစ်မျိုးရှိပါတယ်။
● တိုက်ရိုက်သွားဖာခြင်း - သွားဆရာဝန်နဲ့ တစ်ခါပဲ ပြသရန်လိုပြီး သွားအပေါက်ထဲကို သွားဖာတဲ့ပစ္စည်းလေးနဲ့ ပြန်ဖြည့်လိုက်တာ ဖြစ်ပါတယ်။ ဒီလိုသွားပြန်ဖြည့်တဲ့ပစ္စည်းတွေကို ငွေထည်၊ ဖန်မှုန့်၊ အခရိုင်လစ်အက်ဆစ်၊ ရီဆင် စတာတွေနဲ့ ပြုလုပ်ထားပါတယ်။ ဒီနည်းမှာက သွား အရောင်ပြောင်းစေနိုင်ပါတယ်။
● နောက်တစ်နည်းကတော့ သွားကြွေလွှာအသစ် ပြုလုပ်တာ ဖြစ်ပါတယ်။ ဒါကတော့ ဆရာဝန်နဲ့ နှစ်ကြိမ်၊ သုံးကြိမ်လောက် ပြသဖို့ လိုပါတယ်။ ဒီနည်းမှာတော့ သွားရဲ့ အထဲဖြည့်တာ၊ အပြင်ပိုင်းဖြည့်တာ၊ အလွှာပါးဖြည့်တာ၊ သွားအပေါ်ပိုင်းဖြည့်တာ စသည်ဖြင့် အမျိုးမျိုး ရှိပါတယ်။ ဒါတွေကိုတော့ ရွှေ၊ သတ္တုစပ်တွေနဲ့ ပြုလုပ်ထားပါတယ်။ ဒီပစ္စည်းတွေကတော့ သွားကြွေလွှာအစစ်နဲ့ ပိုပြီးဆင်တူပါတယ်။
Dr. Mya Phoo Ngon (www.drmyanmar.com)














