/
news/ကလေးများနှင့်ကျန်းမာရေး/ကိုယ့်ရဲ့-သားသားမီးမီးလေးတွေကို-အိမ်မှာ-ဘယ်လိုပြုစုစောင့်ရှောက်ကြမလဲ

ကိုယ့်ရဲ့ သားသားမီးမီးလေးတွေကို အိမ်မှာ ဘယ်လိုပြုစုစောင့်ရှောက်ကြမလဲ

Category
ကလေးများနှင့်ကျန်းမာရေး

1.       ထိုင်ခုံအမြင့်တေ သုံးတဲ့အခါမှာ ကလေးကို သေချာဂရုစိုက်ပြီး စောင့်ကြည့်ပေးပါ။

2.       ရေချိုးတဲ့အခါမှာလည်း ကလေးကို မိမိနဲ့ လက်တစ်ကမ်းအကွာမှာ အမြဲရှိပါစေ။ ဘေးမှာ ကလေးအကြီးတစ်ယောက် ရှိတယ်ဆိုရင်တောင်မှ ကလေးကို ရေချိုးကန်ထဲမှာ ရေချိုးခန်းထဲမှာ တစ်ယောက်တည်း ဘယ်တော့မှ မထားခဲ့ပါနဲ့။

3.       ကလေးကို ကြိုးတွေ၊ နင်နိုင်တဲ့၊ ဖြုတ်လို့တပ်လို့ရတဲ့ အစိတ်အပိုင်း သေးသေးလေးတွေပါတဲ့ ကစားစရာတွေ ပေးမဆော့ပါနဲ့။ လည်စီးတွေ၊ ပူဖောင်းတွေနဲ့ မဆော့ပါစေနဲ့။ စားပွဲခင်းစတွေနဲ့ တယ်လီဖုန်းတွေကို ကလေးနဲ့ လက်လှမ်းမမှီတဲ့နေရာမှာ ထားပါ။

4.       လေဆာပွိုင်တာတွေနဲ့ လေဆာပါတဲ့ အရုပ်တွေ ပေးမဆော့ပါနဲ့။ ဒီလေဆာတွေက မျက်လုံးကို ထိုးမိရင် တစ်ဘဝလုံး မျက်လုံးထိခိုက်ဒဏ်ရာရမှုတွေ ဖြစ်စေနိုင်ပါတယ်။

5.       ကလေးကို မီး၊ ရေနွေးငွေ့၊ ရေပူနဲ့ အခြားပူတဲ့အရည်တွေနဲ့ ဝေးဝေးထားပါ။ ကလေးနားမှာ ပူတဲ့အရည်တွေ မသောက်ပါနဲ့။

6.       အိမ်မှာ မီးခိုးငွေ့ အာရုံခံစက်တွေ တပ်ထားပြီး မီးဘေးကနေ ကာကွယ်ထားပါ။ မီလောင်ရင် အိမ်ထဲကနေထွက်ဖို့ အရေးပေါ်လမ်းကြောင်းတွေ ရှာထားပါ။ မီးဖိုတွေနဲ့ အခြားအပူရှိတဲ့ မျက်နှာပြင်တွေကို သုံးပြီးရင် သေချာပြန်ပိတ်ထားပါ။

Ceelin Plus 1

7.       ကလေး လမ်းလျှောက်တတ်တဲ့အရွယ်ဆိုရင် အန္တရာယ်ရှိတဲ့နေရာတွေကို သွားတဲ့တံခါးတွေကို သေချာ သော့ခတ်ထားပါ။

8.       ကလေးတွေကို ပလတ်စတစ်အိတ်တွေနဲ့ မဆော့ပါစေနဲ့။ ဒါတွေကို ကလေး လက်လှမ်းမမှီတဲ့နေရာမှာ ထားပါ။

9.       လျှပ်စစ်ပစ္စည်းတွေကို အသုံးမပြုတဲ့အချိန်မှာ ပလပ်ချွတ်ထားပါ။ ပလပ်ပေါက်တွေကို ကလေးမမှီတဲ့နေရာမှာ ထားပါ။ ဖြစ်နိုင်ရင် ပလပ်ပေါက်တွေအားလုံးကို အန္တရာယ်ကင်း အကာအကွယ် တပ်ဆင်ထားပါ။ မီးဘေးအတွက် မီးဖိုချောင်ထဲမှာ မီးသတ်ဆေးဘူး ထားထားပါ။

10.     သန့်ရှင်းရေးပစ္စည်းတွေနဲ့ အခြားဓာတုပစ္စည်းတွေ၊ အပင်တွေ၊ ဆေးဝါးတွေနဲ့ ကလေးကို အန္တရာယ် ဖြစ်စေနိုင်တဲ့၊ အဆိပ် ဖြစ်စေနိုင်တဲ့ အရာအားလုံးကို ကလေး လက်လှမ်းမမှီတဲ့နေရာတွေမှာ သေချာ သိမ်းဆည်းပါ။ ကိုယ့်ဒေသမှာရှိတဲ့ အဆိပ်ဖြစ်ရင် ဆက်သွယ်ရမယ့်ဌာနတွေရဲ့ ဖုန်းနံပါတ်ကို ဖုန်းဘေးနား မြင်သာတဲ့နေရာမှာ ရေးမှတ်ထားပါ။

11.     ပြတင်းပေါက်တွေ၊ တံခါးတွေမှာ ကလေးတွေ မဖွင့်နိုင်တဲ့ လော့ခ်တွေ၊ အကာတွေ တပ်ဆင်ထားပါ။

Dr. Mya Myo Myo Swe(www.drmyanmar.com)

Ceelin Plus 2

(Unicode)


Dr. Mya Myo Myo Swe(www.drmyanmar.com)