ကျောင်းနေပျော် စာတော်တဲ့ကလေး ဖြစ်စေဖို့ ...
Category
ကလေးများနှင့်ကျန်းမာရေး
၁။ မိဘရဲ့ မျှော်မှန်းချက်
မိဘတွေရဲ့ မျှော်မှန်းချက်ကလည်း ကျောင်းအဆင့်တွေမှာ အကျိုးသက်ရောက်မှု ရှိပါတယ်။ ကျောင်း၊ ဆရာ ဆရာမတွေနဲ့ ကလေးရဲ့ပညာရေးအပေါ် စိတ်ဝင်စားမှုရှိဖို့ လိုအပ်ပါတယ်။
၂။ အပြန်အလှန် ဆွေးနွေးပါ
ကျောင်းကကိစ္စတွေကို မေးခြင်း၊ ပြောခြင်းဖြင့် နောက်ပိုင်းပြဿနာတွေ မဖြစ်လာအောင် ကာကွယ်နိုင်ပါတယ်။
၃။ စာဖတ်ပါစေ
ကလေးတွေ စိတ်ဝင်စားပြီး ကလေးတွေရဲ့ စိတ်ကူးနိုင်စွမ်းကို တိုးတက်စေတဲ့ စာအုပ်တွေကို ညတိုင်းအိပ်ရာဝင်တဲ့အခါ စာဖတ်တဲ့အကျင့်လေး လုပ်ပေးပါ။
၄။ အိမ်စာလုပ်ချိန် သတ်မှတ်ပါ
အိမ်စာလုပ်ချိန်နဲ့ အပျေ်ာအပါးချိန်ကို သေချာသတ်မှတ်ပေးပါ။
Dr. Mya Phoo Ngon (www.drmyanmar.com)
















