ချောင်းဆိုးနေတဲ့ကလေးကို ဘယ်အချိန်မှာ ဆေးရုံပို့ဖို့ လိုမလဲ
အိမ်မှာ ရက်ပိုင်းလောက်ထားလို့မှ ချောင်းဆိုးတာက မပျောက်ဘူးဆိုရင်၊ ဒါမှမဟုတ် ပိုဆိုးလာရင် ဆရာဝန်နဲ့ပြဖို့ လိုပါတယ်နော်။
ပန်းနာရင်ကြပ်နဲ့ ဓာတ်မတည့်တာတွေကြောင့် နာတာရှည် ချောင်းဆိုးတာတွေ ဖြစ်နိုင်လို့ ဆရာဝန်နဲ့ ပြသကုသဖို့ လိုပါတယ်။
● ၁၀ ရက်ထက်ပိုပြီး ချောင်းဆိုးနေမယ်
● ၃ ရက်ထက်ပိုပြီး ၁၀၄°F ထက် အဖျားတက်နေမယ်
● အသက်ရှူရတာ ခက်နေမယ်
● ရင်ဘတ် အောင့်မယ်
● အသက်ရှူတိုင်း ရင်ဘတ်နဲ့ လည်ပင်းကြွက်သားတွေ ချိုင့်ချိုင့်ဝင်သွားမယ်
● နားပိုးဝင်တဲ့လက္ခဏာဖြစ်တဲ့ နားရွက်ကို ကိုင်ကိုင်နေတတ်တာ
စတဲ့လက္ခဏာတွေ တွေ့ပြီဆိုရင်တော့ ဆရာဝန်နဲ့ ပြသင့်ပါပြီ။
Solmux Kids 1

>> တကယ်လို့
● ကလေး တအားဖျားနေမယ်
● ရေဓာတ် ခမ်းခြောက်တဲ့လက္ခဏာတွေ ပြနေမယ်
● အသက်ရှူမဝ ဖြစ်နေမယ်
● အောက်စီဂျင်ချို့တဲ့တဲ့ လက္ခဏာတွေဖြစ်တဲ့ နှုတ်ခမ်းတွေ၊ လက်သည်းတွေ ပြာလာမယ်
စတဲ့လက္ခဏာတွေ တွေ့ရင်တော့ အရေးပေါ်ကိုသာ ပြေးပါတော့လို့ အကြံပေးချင်ပါတယ်။
Dr. Mya Phoo Ngon (www.drmyanmar.com)
Solmux Kids 2

(Unicode)
စတဲ့လက်ခဏာတှေ တှေ့ရငျတော့ အရေးပေါျကိုသာ ပွေးပါတော့လို့ အကွံပေးခငြျပါတယျ။
Dr. Mya Phoo Ngon (www.drmyanmar.com)














