ဘေဘီလေးတွေမှာ နမိုးနီးယားကို ဘယ်လို ကာကွယ် ကုသကြမလဲ
>> ဘယ်လိုကာကွယ်ကြမလဲ?
1. လက်ကို မကြာခဏနဲ့ မှန်မှန်ကန်ကန် ဆေးကြောပေးပါ။
2. ဖျားနေတဲ့ကလေး သုံးထားတဲ့ ခွက်တွေ၊ ပန်းကန်တွေ၊ ဇွန်းခရင်းတွေကို အခြားကလေး မသုံးပါစေနဲ့။
3. ပိုး မဝင်အောင် ကာကွယ်ဆေးထိုးပေးဖု့ိ လိုပါတယ်။
4. ကလေးကို ကောင်းကောင်းအိပ်၊ ကောင်းကောင်း ကိုယ်လက်လှုပ်ရှားမှု လုပ်၊ ကောင်းကောင်း စားပါစေ။
5. နှာချေ၊ ချောင်းဆိုးရင် တစ်ရှူးနဲ့ အုပ်ပေးပါ၊ ပြီးရင် လက်ဆေးပေးပါ။
6. ကလေးအအေးမိ၊ ချောင်းဆိုးနေရင် ခွဲစိတ်ခန်းသုံး မျက်နှာဖုံး (mask) တပ်ပါ။
7. ကလေး ပထမအသက် ၆ လအတွင်းမှာ မိခင်နို့သက်သက် တိုက်တာဟာ ကလေးရဲ့ခုခံအားကို တိုးတက်စေနိုင်ပါတယ်။
ကလေးဖျား၊ ချောင်းဆိုး၊ အသက်ရှူကြပ်နေရင် ဆရာဝန်နဲ့ ချက်ချင်းပြပါ။
နမိုးနီးယားဆိုတာ ပိုးကြောင့်ဖြစ်တာမို့ ကလေးကို ကာကွယ်ဆေးထိုးပေးဖို့ လိုပါတယ်။ အထူးသဖြင့် တုပ်ကွေးကာကွယ်ဆေးပေါ့။
>> ကုသနည်းတွေကတော့ -
နမိုးနီးယားဖြစ်စေနိုင်တဲ့ ဘက်တီးရီးယားတွေ၊ ဗိုင်းရပ်စ်တွေပေါ် မူတည်ပြီးတေ့ာ ကုသနည်းတွေ ကွာခြားနိုင်တယ်။
● ဘတ်တီးရီးယားပိုး ဝင်ရင်
○ ကုသမှုဟာ ၇ ရက်ကနေ ၁၀ ရက်လောက်အထိ ကြာနိုင်တယ်။
○ ပိုးသတ်ဆေးကို ဆေးပတ်လည်အောင် သောက်ပေးဖို့ လိုတယ်။ ဆေးပတ်လည်အောင် မသောက်ရင် ကလေး နာလန်ထဖို့ ကြာနိုင်ပြီး ကလေးအတွက် မကောင်းနိုင်ဘူး။
● ဗိုင်းရပ်စ်ပိုး ဝင်ရင်တော့ ဗိုင်းရပ်စ်သတ်ဆေး သောက်ဖို့လိုတယ်။ ပိုးသတ်ဆေးတွေက အကျိုးမရှိနိုင်ဘူး။
○ ဗိုင်းရပ်စ်ပိုးက သိပ်မဆိုးဘူးဆိုရင် အိပ်ရာထဲ အနားယူတာ၊ ကောင်းကောင်း စားတာ၊ အရည်များများ သောက်တာမျိုးနဲ့တင် သက်သာနိုင်တယ်။
○ တခြားကလေးတွေနဲ့လည်း မထိတွေ့မိအောင်နေပါ။
>> ကလေးနာလန်ထတာ မြန်အောင် အိမ်မှာပဲ
● အသီးဖျော်ရည်တွေ၊ ဟင်းချိုတွေလိုမျိုး အရည်များများ တိုက်ပေးပါ။
● ကလေး ရင်ဘတ်အောင့်တာ၊ မအီမသာ ဖြစ်နေတာမျိုးရှိရင် ရေနွေးအိတ်လေး ကပ်ပေးပါ။
● ဘက်တီးရီးယားပိုးတွေ အရှင်းပြတ်အောင်၊ ဆေးပတ်လည်အောင် တိုက်ပေးပါ။
● ဖျားနေရင် ရေပတ်ဝတ်လေး နဖူး၊ ချိုင်းကြားမှာ ကပ်ပေးပါ။
● ကလေးလေး နုံးနေပြီး အစားအသောက် ပျက်နေတတ်ပါတယ်။ မေမေ၊ ဖေဖေတို့က ဘေးကနေ အားပေးနေဖို့ လိုတယ်နော်။
Dr. Mya Phoo Ngon (www.drmyanmar.com)
















