/
news/ကလေးများနှင့်ကျန်းမာရေး/မွေးကင်းစကလေးချက်ကို-ဘယ်လိုဂရုစိုက်မလဲ

မွေးကင်းစကလေးချက်ကို ဘယ်လိုဂရုစိုက်မလဲ?

Category
ကလေးများနှင့်ကျန်းမာရေး

      က​လေးချက်ဟာ ​မွေးပြီး၂ပတ်​​လောက်​အတွင်​းမှာ သူ့အလိုလို​ကြွေသွားတတ်​ပါတယ်​။ ဒီလိုမ​ကြွေခင်​အ​တောအတွင်​းမှာ ချက်ကိုတတ်​နိုင်​သမျှ ဖြည်​့ညင်​းစွာကိုင်​တွယ်​သင်​့ပါတယ်​။

 

>> က​လေး​တွေမှာချက်ဟာဘယ်​လိုအ​ရေးပါသလဲ?

 

      ကိုယ်​ဝန်​​ဆောင်​စဉ်​မှာ ချက်ကြိုးဟာ မိခင်​ဆီက​နေ အစာအာဟာရ​တွေ၊ ​အောက်​စီဂျင်​​တွေကို က​လေးဆီ ပို့​ဆောင်​​ပေးပါတယ်​။ ဒါ​ပေမယ်​့ ​မွေးဖွားလာချိန်​မှာ ချက်ကြိုးမလိုအပ်​​တော့တာ​ကြောင်​့ ည​ှပ်​ပြီးဖြတ်​ပစ်​လိုက်​ရပါတယ်​။ ဒါ​ကြောင်​့ ချက်အငုတ်က​လေးကျန်​​နေတာဖြစ်​ပါတယ်​။

Ceelin 1

>> က​လေးချက်ကို ဘယ်​လိုဂရုတစိုက်​ ကိုင်​တွယ်​ကြမလဲ?

 

       က​လေး​ရဲ့ချက်ဟာ ​မွေးပြီး၁ပတ်​မှ၃ပတ်​အတွင်​း ​ခြောက်​ပြီးသူ့အလိုလို​ကြွေကျသွားကြပါတယ်​။ ဒီအ​တောအတွင်​းမှာ

• ​ချက်ကို​ခြောက်​​သွေ့​အောင်​ထားပါ။ အရင်​​တုန်​းက မိဘ​တွေကို ​သေးခံလဲပြီးတိုင်​း အရက်​ပျံနဲ့အချင်​းကို ပွတ်​တိုက်​​စေ​လေ့ရှိခဲ့ပါတယ်​။ ဒါ​ပေမယ်​့ ​နောက်​ပိုင်​း​လေ့လာမှု​တွေမှာ ဒီလိုအရက်​ပျံနဲ့ ပွတ်​တိုက်​ခြင်​းဟာ ချက်​ခြောက်​​သွေ့​စေဖို့ လိုအပ်​တဲ့ဘတ်​တီးရီးယားပိုး​တွေကို ​သေ​စေ​တာ​ကြောင်​့ မလုပ်​သင့် တော့ပဲ ဒီအတိုင်​း​ခြောက်​​သွေ့​အောင်​ ထား​သင်​့ပါတယ်​။ က​လေး​သေးခံကို ချက်မဖုံးရ​အောင်​ ​ခေါက်​ပြီး ဝတ်​​ပေးသင်​့ပါတယ်​။

• ​ရေပတ်​တိုက်​​ပေးပါ။ ချက်​ရေစိုခြင်​းဟာ ဘာအန္တရာယ်​မှ မဖြစ်​​စေ​ပေမယ်​့ ​ရေပတ်​ဝတ်​တိုက်​​ပေးခြင်​းက ပိုပြီး​ခြောက်​​ခြောက်​​သွေ့​သွေ့ရှိ​စေပါတယ်​။

• ချက်ကိုသူ့အလိုလို​ကြွေကျပါ​စေ။ ဆွဲခွာချင်​စိတ်​ကို ထိန်​းချုပ်​ပါ။

 

>> ဘယ်​အချိန်​မှာသတိထားမလဲ?

 

       ချက်တစ်​ဖြည်​းဖြည်​း​ခြောက်​လာတဲ့အခါ ​သွေးစစထွက်​လာတာကို ​တွေ့ရမှာပါ။ အနာ​ဖေးလိုပဲ ​ကြွေကျတဲ့အချိန်​မှာ ​သွေးစအနည်​းငယ်ထွက်​လာတတ်​ပါတယ်​။

      ဒါ​ပေမယ်​့ ချက်က​နေပြည်​​တွေထွက်​လာတာ၊ ​ဘေးအသား​တွေနီရဲပြီး​ရောင်​လာတာ၊ စိုရွှဲရွှဲဖြစ်​လာတာ ​တွေ​တွေ့ပါက ပိုးဝင်​တဲ့လက္ခဏာ​တွေ ဖြစ်​တဲ့အတွက်​ က​လေးဆရာဝန်​နဲ့ အမြန်​ပြသသင်​့ပါတယ်​။ ပိုး​မပွား​အောင်​ ပိုးသတ်​​ဆေး​တွေ ​ပေးပြီးကုသဖို့ လိုအပ်​ပါတယ်​။

      ဒါတင်​မကပဲ ၃ပတ်​​ကျော်​လာတဲ့အထိ ချက်မ​ကြွေ​သေးရင်​လည်​း ဆရာဝန်​နဲ့ ပြသကြည်​့ပါ။ ပိုးဝင်​​နေတာ ဒါမှမဟုတ်​ ကိုယ်​ခံအားမ​ကောင်​းတာ စတဲ့​ရောဂါတစ်​ခုခုရှိ​နေနိုင်​ပါတယ်​။ ​

 

Dr. Mya Phoo Ngon (www.drmyanmar.com)

Ceelin 2

(Unicode)


 


 


 


 





 


 




 

Dr. Mya Phoo Ngon (www.drmyanmar.com)